0
685
unicode
ပုရိသတွေဟာ စကီလေးတွေ အစား Sex Robot တွေကို ပိုဖီးလ် လာတယ်လို့ စစ်တမ်းက ဖော်ပြ
Sex Robot များဟာ တကယ့် အမျိုးသမီးများနဲ့ အရမ်းကို တူလာကြပါပြီ။ ဉာဏ်ရည်တု နည်းပညာများလည်း ပါလာပြီး လူတွေနဲ့ စကားပြောနိုင်ပါတယ်။ လူတွေရဲ့ ခံစားချက်များကိုလည်း သိနားလည်ကြပါတယ်။ ဒါ့အပြင် လူသား အမျိုးသမီးများ မပေးစွမ်းနိုင်တဲ့ ထူးခြား ဆန်းသစ်တဲ့ ဖီးလ်မျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အနာဂတ်မှာ စကီလေးတွေ နေရာကို လိင် စက်ရုပ်တွေက လုယူတော့မယ်ဆိုတာကို သက်သေပြတဲ့ စစ်တမ်းတစ်ခု အခု ထွက်ပေါ်လာပါတယ်။
ဖင်လန်မှ University of Helsinki က လူပေါင်း ၄၃၂ ဦးဖြင့် စစ်တမ်း ကောက်ယူခဲ့ရာမှာ ပုရိသ အများစုက ပြည့်တန်ဆာများထက် လိင် စက်ရုပ်များနဲ့ အခကြေးငွေဖြင့် ပိုပြီး ပျော်ပါးချင်ကြတယ်လို့ ပြောကြပါတယ်။ စစ်တမ်းက အိမ်ထောင်သည်များဟာ အိမ်ထောင် မရှိသူများထက် ဆောင်ကြာမြိုင်ကို ပိုသွားကြတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အိမ်ထောင်သည်များရော၊ အိမ်ထောင် မရှိသူများက အမျိုးသမီး ပြည့်တန်ဆာများထက် လိင် စက်ရုပ်များနဲ့ ပိုပျော်ပါးချင်ကြတယ်လို့ ပြောကြပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဆိုင်ဘာ လုံခြုံရေး ပညာရှင် ဒေါက်တာ Nick Patterson က သူ့ရဲ့ Sex Robots များနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုကို ပြောကြားခဲ့ပါတယ်။ သူက ဟက်ကာများဟာ Sex Robots များကို ထိန်းချုပ်၍ လူသတ် သမားအဖြစ် အသုံးချလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အနာဂတ် Sex Robots များမှာ လက်နက်များ၊ ဓါးများကို တပ်ဆင်လာနိုင်ကြမှာပါ။ သူက “ ဟက်ကာများဟာ Sex Robots များကို ဟက်ခြင်းဖြင့် စက်ရုပ်ရဲ့ ခြေထောက်များ၊ လက်များနဲ့ ဓါးတို့လို တပ်ဆင်ထားတဲ့ ကိရိယာများကို အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။ အဲဒီ စက်ရုပ်များဟာ ပေါင် ၂၀၀ အထိ အလေးချိန်ရှိနိုင်ပြီး အလွန် သန်မာပါတယ်။ “ လို့ ပြောပါတယ်။
ပုရိသတွေက လိင် စက်ရုပ်များကို ပိုစွဲလမ်းလာကြတဲ့ အခု သတင်းနဲ့အတူ ဒေါက်တာ Nick Patterson ရဲ့ ဟောကိန်းအရ ဆိုရင်တော့ အနာဂတ်မှာ ပုရိသတွေဟာ လိင် စက်ရုပ်တွေရဲ့ လက်ချက်နဲ့ မျိုးပြုတ်သွားမလား ?
Leave a Reply