Enterprise Trending
ဒီကွာတားမှာ iPhone ထုတ်လုပ်မှု ၁၀% လျှော့ချတော့မယ်ဆိုတဲ့ Apple
Zawgyi Version
Unicode Version
နှစ်လအတွင်းမှာ ဒုတိယအကြိမ်မြောက်အနေနဲ့ Apple က iPhone ထုတ်လုပ်မှုကို လျှော့ချလိုက်ပါပြီ။ Apple က သူ့ရဲ့ supplier တွေကို ဟန်းဆက်ပစ္စည်းတွေ January-March quarter အတွက် စီစဉ်ထားတာထက် ၁၀% လျှော့ပြီးတော့ မှာလိုက်ပါတယ်။
ထုတ်လုပ်မှုတွေကတော့ XS Max, XS နဲ့ XR တို့ ပါဝင်နေပါတယ်။ supplier တစ်ယောက်ချင်းတိုင်းကို လျှော့ချတာက မတူညီပါတယ်။ ထုတ်ကုန်တွေလည်း မတူညီတဲ့အတွက်ကြောင့်ပါလို့ သတင်းပေးတစ်ဦးက ပြောထားပါတယ်။
နောက်တပ်သတင်းပေးတစ်ယောက်ကတော့ January-March quarter အတွက် ထုတ်လုပ်မှုကို ၄၇မီလျံ-၄၈မီလျံ မှန်းထားခဲ့ပေမယ့်လ်ညး ၄၀-၄၃မီလျံအထိ လျှော့ချလိုက်တာလို့ သိရပါတယ်။
မှန်ခဲ့မယ်ဆိုရင်တော့ ၂၀%ထက်မနည်း လျော့ကျလာတဲ့ iPhone ရောင်းအားကို ကိုယ်စားပြုနေပါတယ်။ Apple က ပြီးခဲ့တဲ့နှစ်မှာ iPhone အလုံးရေ ၅၂.၂မီလျံ ရောင်းချခဲ့ရပါတယ်။ ၁၆နှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ ထုတ်လုပ်မှုကို ချိန်ညှိခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
Apple က ဒါတွေကို မြင်ထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ iPhone ရောင်းရတဲ့ကိန်းဂဏန်းတွေကို မပြတော့ပါဘူး။ ဒါပေမယ့်လည်း ဘယ်လောက်အထိ ကျသွားနိုင်တယ်ဆိုတာကို သူတို့သတိမထားမိခဲ့ဘူးနဲ့တူပါတယ်။ ဒီလကုန်ရင် အကြောင်းစုံကို သိရတော့မှာပါ။ ဒီနှစ်လည်း ကိန်းဂဏန်းတွေကို ဆက်လက်ကွယ်ဝှက်ထားဦးမှာပဲလား။ စောင့်ကြည့်ရမှာပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.