Gadget Trending

Panasonic ရဲ့ built-in Dolby Atmos စပီကာပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးသော cinematic TV

Zawgyi Version





Unicode Version

Dolby Vision နဲ့ HDR10+ ကို ထောက်ပံ့ပေးထားပါတယ်။
Panasonic ဆိုတာ US TV brand သာသာ မဟုတ်တော့ပါဘူး။ အသစ်အသစ်တွေကို နိုင်ငံတကာအထိ ဖြန့်ချိပေးနေပါတယ်။ CES မှာ သူ့ရဲ့နောက်ဆုံးပေါ် flagship GZ2000 4K OLED TV ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမှာ “professional edition” panel ကို သုံးထားတဲ့အတွက်ကြောင့် colorist Stefan Sonnenfeld ဖန်တီးထားတဲ့ ဟောလိဝုဒ်စတိုင်လ်ကို ခံစားရမှာပါ။
GZ2000 နဲ့ Panasonic က ပထမဆုံးဆိုတာတွေကို လုပ်ပေးထားပါတယ်။ Dolby Vision နဲ့ HDR10+ ကို ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် အရမ်းမိုက်နေပါတယ်။ HDR color gamut တွေကိုလည်း ပြသပေးနိုင်တဲ့ HLG Photo လည်း အသုံးပြုနိုင်ဦးမှာပါ။ Dolby Atmos စပီကာတွေကိုလည်း တီဗွီထဲမှာ တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ တီဗွီစပီကာထဲမှာတော့ ထူးခြားနေပါတယ်။ audio output ကတော့ Panasonic ရဲ့ Technics division နဲ့ ပြင်ဆင်ပေးထားပါတယ်။
ဘာတွေက ပထမဆုံးမဟုတ်တာလဲ။ Alexa နဲ့ Google Assistant ကို ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် သက်တောင့်သက်သာ ရှိနေပါတယ်။ software ပိုင်းအရ Panasonic ပြောထားတာကတော့ My Home Screen 4.0 ကြောင့် ကြည့်တဲ့သူတွေကို own preferences တွေ သတ်မှတ်ပေးနိုင်လိမ့်မယ်။ home screen ရဲ့ layout ကတော့ customized layouts ဖြစ်ပါလိမ့်မယ်။
GZ2000 အတွက် ဈေးနှုန်းကိုတော့ သတ်မှတ်ထားခြင်း မရှိသေးသလို ထွက်ရှိမယ့်ရက်ကိုလည်း မပြောထားသေးပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ OLED screen နဲ့ ထည့်သွင်းထားတဲ့ အချက်အလက်တွေကိုကြည့်လိုက်ရင် ဘတ်ဂျက်ပစ္စည်းမဟုတ်တာ သေချာနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.