Enterprise Trending

၂နှစ်အတွင်း ပထမဆုံးအနေနဲ့ အမြတ်အစွန်းကျဆင်းမှုအတွက် တရုတ်ကိုအပြစ်တင်တဲ့ ဆမ်ဆောင်း

Zawgyi Version






Unicode Version

ဒေါ်လာတွေဘီလျံနဲ့ချီပြီးတော့ ဆုံးရှုံးနေတယ်ဆိုပြီးတော့ Apple က အထိတ်တလန့်နဲ့ ကြေညာနေချိန်မှာ ပြိုင်ဘက်ဖြစ်သူ Samsung ကလည်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ၂၀% ထိုးကျသွားတဲ့အကြောင်းကို ပြောကြားလိုက်ပါတယ်။
တရုတ်ပြည်ရဲ့သတင်းဌာနတစ်ခုအရ Samsung ဟာ ဝမ် ၁၃.၃ထရီလီလျံ (၁၁.၈၅ဘီလျံ) အမြတ်အစွန်းရခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ တစ်နှစ်ကို ၅%လောက် ကျနေတာပါ။ Apple ကတော့ ၁၀% ကျသွားခဲ့ပါတယ်။
Samsung ရဲ့ တစ်ကမ္ဘာလုံးအနေနဲ့ စမတ်ဖုန်းဈေးကွက်ရဲ့ဝင်ငွေဟာ ၂၀% ကျဆင်းသွားခဲ့တယ်လို့ ပြောနေကြပါတယ်။ မမ်မိုရီနဲ့ chip ကတော့ ဝင်ငွေရဲ့ ၇၅%ဖြစ်ပြီးတော့ ရောင်းချမှုရဲ့ ၃၈%လို့ သိရပါတယ်။
သူတို့ရဲ့ semiconductor လုပ်ငန်းဟာ နှောင့်ယှက်မှုတွေနဲ့ တွေ့ကြုံနေရတဲ့အတွက်ကြောင့် နှစ်စဉ် ၃.၇%လောက်က ကျဆင်းနေပါတယ်။ DRAM ဈေးနှုန်းတွေက ၁၀% ကျဆင်းသွားပြီး NAND flash memory တွေကတော့ ၁၅% ကျဆင်းသွားခဲ့ပါတယ်။
Apple လိုပဲ Samsung က တရုတ်ကို အပြစ်တင်ထားပါတယ်။ Samsung က တရုတ်နိုင်ငံမှာ ထိပ်တန်းဖုန်းလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း Huawei, Oppo နဲ့ အခြားပြည်တွင်းလုပ်ငန်းတွေရဲ့ တိုက်ခိုက်မှုကိုခံနေရတာဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှာ သူက ၁%တောင် မရထားပါဘူး။ Apple ကတော့ ကိုးရာခိုင်နှုန်းရထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.