ေရာင္းအားနဲ႕ အျမတ္အစြန္းေတြက်ဆင္းေနတဲ့ Samsung ကိုကယ္တင္မယ့္ 5G နဲ႕ ေကြးညြတ္စမတ္ဖုန္း

0
553

Zawgyi Version

LG ကလည္း ကြာတာဖိုးမွာ ၈၀%ေလာက္ အျမတ္က်ဆင္းသြားမယ္လို႕ မွန္းထားပါတယ္။

Samsung Electronics ရဲ႕အျမတ္အစြန္းေတြဟာ အျမင့္ဆံုးျဖစ္တယ္ဆိုျပီးေတာ့ မွတ္တမ္း၀င္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း ဒီကြာတားမွာေတာ့ ၾကည့္မေကာင္းေတာ့ပါဘူး။ ၂၀၁၈ ဒီဇင္ဘာ ၃၁ရက္ေန႕မွာ သိသိသာသာကို ထုိးဆင္းသြားခဲ့ပါတယ္။ Samsung ရဲ႕ ေရာင္းအားက ၅၉ထရီလီယံလို႕ ခန္႕မွန္းထားျပီး အရင္ႏွစ္ထက္ ၁၁ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။ အျမတ္ကေတာ့ ေဒၚလာ၉.၆ဘီလ်ံဆိုေတာ့ ၂၉ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။

LG Electronics ကလည္း ဒီလိုပါပဲ။ အရင္ႏွစ္ကထက္ ၈၀% က်ဆင္းသြားမယ္လို႕ မွန္းထားခဲ့ေပမယ့္လည္း မွန္းထားခ်က္ထက္ နည္းေနခဲ့ပါတယ္။

LG နဲ႕ Samsung ရဲ႕ ခန္႕မွန္းခ်က္ေတြဟာ ရင္းနွီးျမွဳပ္ႏွံသူေတြနဲ႕ ေလ့လာသူေတြကို ထိတ္လန္႕ေစခဲ့ပါတယ္။ Samsung ရဲ႕ ေလ့လာသူေတြဟာ ၀င္ေငြ ၆၂.၈ထရီလီယံမွ အျမတ္ေငြ ၁၃.၂ထရီလီယံရမယ္လို႕ မွန္းထားပါတယ္။ Samsung ကေတာ့ အခ်က္အလက္အတိအက်ကိုေစာင့္ဆုိင္းေနပါတယ္။ LG ကေတာ့ ဘာမွမေျပာထားေသးပါဘူး။ ဇန္န၀ါရီလကုန္မွာေတာ့ Samsung ေရာ၊ LG ပါ ရွာေဖြလို႕ရသမွ်ကို တင္ျပေပးသြားမွာပါ။

Samsung ရဲ႕ အားနည္းတဲ့လုပ္ေဆာင္ခ်က္ေတြရဲ႕ အဓိကအေၾကာင္းရင္းႏွစ္ရပ္ကေတာ့ မမ္မိုရီလုပ္ငန္းမွာ ၀ယ္လိုအားနည္းသြားျခင္းနဲ႕ စမတ္ဖုန္းလုပ္ငန္းမွာ အျပိဳင္အဆုိင္လုပ္ေဆာင္ႏုိ္င္စြမ္း က်ဆင္းျခင္းတို႕ေၾကာင့္ ျဖစ္ပါတယ္။ မမ္မိုရီျဖန္႕ခ်ိမႈက မခန္႕မွန္းႏုိင္တဲ့ လုပ္ငန္းခ်ိန္ညွိခ်က္ေတြေၾကာင့္လည္း ပါ၀င္ေနပါတယ္။ စမတ္ဖုန္းမားကတ္တင္းကလည္း ရာသီနဲ႕ ေရာင္းအားေတြကို ထိခိုက္ေစပါတယ္။ ရလဒ္ေတြကို အက်ိဳးသက္ေရာက္ေနတာက ကုစားလိုု႕မရႏုိင္တဲ့ ကုန္က်စရိတ္ေတြလည္း ပါ၀င္ေနပါတယ္။

လက္ရွိကြာတားမွာေတာ့ Samsung က ဒီလိုအေျခအေနျဖစ္ေနဦးမယ္လို႕ ခန္႕မွန္းထားပါတယ္။ မမ္မိုရီ၀ယ္လိုအားကလည္း ေႏွးေနပါတယ္။ ဒါေပမယ့္လည္း ႏွစ္၀က္ေလာက္မွာေတာ့ အေျခအေနကို ထိန္းႏုိင္လိမ့္မယ္လို႕ ေတြးထားပါတယ္။ Samsung က 5G နဲ႕ ေကြးညြတ္စမတ္ဖုန္းေတြက မိုဘိုင္းဌာနရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တိုးတက္လာေစႏုိင္မယ္လို႕ မွန္းထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႕ရဲ႕ OLED panel ေတြဟာ ေစ်းကြက္ထိုးေဖာက္မႈ တိုးတက္လာႏုိင္မွာပါ။

LG နဲ႕ Samsung ကို Apple နဲ႕ယွဥ္ၾကည့္လိုက္ရေအာင္။ သူတို႕သံုးေယာက္စလံုးက စမတ္ဖုန္း၀ယ္လိုအားက်ဆင္းျခင္းေၾကာင့္ အခက္ေတြ႕ေနရပါတယ္။ Apple ကေတာ့ တရုတ္ကို အဓိကအေၾကာင္းရင္းလို႕ ေျပာထားပါတယ္။ Samsung ကလည္း Huawei နဲ႕ Xiaomi ကို အျပိဳင္တုိက္ေနရပါတယ္။ မမ္မိုရီလုပ္ငန္းမွာအခက္ေတြ႕ေနျခင္းက Samsung တစ္ေယာက္တည္းပဲရွိပါတယ္။ ဒါေပမယ့္လည္း ဒီလကုန္မွာထြက္ရွိိလာမယ့္ ၀င္ေငြစာရင္းကိုၾကည့္ျပီးေတာ့မွ အေသးစိတ္ဆက္ေဆြးေႏြးၾကတာေပ့ါ။

Unicode Version

LG ကလည်း ကွာတာဖိုးမှာ ၈၀%လောက် အမြတ်ကျဆင်းသွားမယ်လို့ မှန်းထားပါတယ်။
Samsung Electronics ရဲ့အမြတ်အစွန်းတွေဟာ အမြင့်ဆုံးဖြစ်တယ်ဆိုပြီးတော့ မှတ်တမ်းဝင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကွာတားမှာတော့ ကြည့်မကောင်းတော့ပါဘူး။ ၂၀၁၈ ဒီဇင်ဘာ ၃၁ရက်နေ့မှာ သိသိသာသာကို ထိုးဆင်းသွားခဲ့ပါတယ်။ Samsung ရဲ့ ရောင်းအားက ၅၉ထရီလီယံလို့ ခန့်မှန်းထားပြီး အရင်နှစ်ထက် ၁၁ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အမြတ်ကတော့ ဒေါ်လာ၉.၆ဘီလျံဆိုတော့ ၂၉ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
LG Electronics ကလည်း ဒီလိုပါပဲ။ အရင်နှစ်ကထက် ၈၀% ကျဆင်းသွားမယ်လို့ မှန်းထားခဲ့ပေမယ့်လည်း မှန်းထားချက်ထက် နည်းနေခဲ့ပါတယ်။
LG နဲ့ Samsung ရဲ့ ခန့်မှန်းချက်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လေ့လာသူတွေကို ထိတ်လန့်စေခဲ့ပါတယ်။ Samsung ရဲ့ လေ့လာသူတွေဟာ ဝင်ငွေ ၆၂.၈ထရီလီယံမှ အမြတ်ငွေ ၁၃.၂ထရီလီယံရမယ်လို့ မှန်းထားပါတယ်။ Samsung ကတော့ အချက်အလက်အတိအကျကိုစောင့်ဆိုင်းနေပါတယ်။ LG ကတော့ ဘာမှမပြောထားသေးပါဘူး။ ဇန်နဝါရီလကုန်မှာတော့ Samsung ရော၊ LG ပါ ရှာဖွေလို့ရသမျှကို တင်ပြပေးသွားမှာပါ။
Samsung ရဲ့ အားနည်းတဲ့လုပ်ဆောင်ချက်တွေရဲ့ အဓိကအကြောင်းရင်းနှစ်ရပ်ကတော့ မမ်မိုရီလုပ်ငန်းမှာ ဝယ်လိုအားနည်းသွားခြင်းနဲ့ စမတ်ဖုန်းလုပ်ငန်းမှာ အပြိုင်အဆိုင်လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ မမ်မိုရီဖြန့်ချိမှုက မခန့်မှန်းနိုင်တဲ့ လုပ်ငန်းချိန်ညှိချက်တွေကြောင့်လည်း ပါဝင်နေပါတယ်။ စမတ်ဖုန်းမားကတ်တင်းကလည်း ရာသီနဲ့ ရောင်းအားတွေကို ထိခိုက်စေပါတယ်။ ရလဒ်တွေကို အကျိုးသက်ရောက်နေတာက ကုစားလို့မရနိုင်တဲ့ ကုန်ကျစရိတ်တွေလည်း ပါဝင်နေပါတယ်။
လက်ရှိကွာတားမှာတော့ Samsung က ဒီလိုအခြေအနေဖြစ်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ မမ်မိုရီဝယ်လိုအားကလည်း နှေးနေပါတယ်။ ဒါပေမယ့်လည်း နှစ်ဝက်လောက်မှာတော့ အခြေအနေကို ထိန်းနိုင်လိမ့်မယ်လို့ တွေးထားပါတယ်။ Samsung က 5G နဲ့ ကွေးညွတ်စမတ်ဖုန်းတွေက မိုဘိုင်းဌာနရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်လာစေနိုင်မယ်လို့ မှန်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ OLED panel တွေဟာ ဈေးကွက်ထိုးဖောက်မှု တိုးတက်လာနိုင်မှာပါ။
LG နဲ့ Samsung ကို Apple နဲ့ယှဉ်ကြည့်လိုက်ရအောင်။ သူတို့သုံးယောက်စလုံးက စမတ်ဖုန်းဝယ်လိုအားကျဆင်းခြင်းကြောင့် အခက်တွေ့နေရပါတယ်။ Apple ကတော့ တရုတ်ကို အဓိကအကြောင်းရင်းလို့ ပြောထားပါတယ်။ Samsung ကလည်း Huawei နဲ့ Xiaomi ကို အပြိုင်တိုက်နေရပါတယ်။ မမ်မိုရီလုပ်ငန်းမှာအခက်တွေ့နေခြင်းက Samsung တစ်ယောက်တည်းပဲရှိပါတယ်။ ဒါပေမယ့်လည်း ဒီလကုန်မှာထွက်ရှိလာမယ့် ဝင်ငွေစာရင်းကိုကြည့်ပြီးတော့မှ အသေးစိတ်ဆက်ဆွေးနွေးကြတာပေ့ါ။

Leave a Reply