Gadget Trending

ဘရာဆိုဒ္မွား၀ယ္မိတဲ့အျဖစ္မ်ိဳး မၾကံဳရေတာ့မယ့္ Soma ရဲ႕ smart bra

Zawgyi Version

Bra ေတြေတာင္ တစ္ေခတ္ဆန္းလာျပီပဲ။

Soma က bra ေလာကထဲကို Bluetooth ယူလာေပးတာပါ။ Somainnofit bra က သူတို႕ရဲ႕တကယ့္ဆုိဒ္ကို သိရွိေအာင္ ကူညီေပးမွာပါ။ ၀တ္လိုက္ရံုပါပဲ။ သူကအနက္ေရာင္ေလးပါ။ cup နားေလးမွာ အနီေရာင္ေတာက္ေတာက္္ေလးေတြကို အသံုးျပဳေပးထားပါတယ္။ ဖစ္တင္က်ဖို႕အတြက္ လုိအပ္တဲ့ေနရာေတြကို တုိင္းတာေပးသြားဦးမွာပါ။ bra ရဲ႕ အေနာက္ဘက္မွာ တပ္ဆင္ထားတဲ့ၾကိဳးေလးမွာ Bluetooth တပ္ဆင္ထားတဲ့ လိေမၼာ္ေရာင္ပစၥည္းေလးပါ၀င္ေနျပီးေတာ့ တုိင္းတာေပးမယ့္ အာရံုခံစနစ္ေတြလည္း ပါ၀င္ေနမွာ ျဖစ္ပါတယ္။

Bra ေလးက app နဲ႕ခ်ိတ္ဆက္ျပီးေတာ့ အရြယ္အစားကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ Somainnofit ေလးကို soma ရဲ႕ ၀က္ဘ္ဆိုက္မွာရႏုိင္မွာျဖစ္ျပီး ဇန္န၀ါရီလ ၈ရက္ေန႕မွာ စတင္၀ယ္ယူႏုိင္မွာပါ။ စတိုးဆုိင္ေတြကိုေတာ့ ၂၃ရက္ေန႕မွာ ေရာက္ရွိမွာျဖစ္ပါတယ္။ launch လုပ္မွာကေတာ့ ၂၅ေဒၚလာျဖစ္ျပီး ပံုမွန္ ေဒၚလာ၆၀က်သင့္မယ့္ Soma bra တစ္ခုအတြက္ ၂၅ေဒၚလာေလွ်ာ့ေပးဦးမွာပါ။

Somainnofit ကေတာ့ တိပ္နဲ႕တုိင္းတာေနရတဲ့အလုပ္ကို နည္းပညာပိုင္းအရ ေျဖရွင္းလုိက္တာျဖစ္ပါတယ္။ အမ်ိဳးသမီးထုရဲ႕ ၇၅-၈၀%ေလာက္က အရြယ္အစားမမွန္တဲ့ bra ေတြကို ၀တ္ဆင္ေနရတယ္လို႕ Soma ရဲ႕ ဥကၠဌက ေျပာထားပါတယ္။

“ဒီလိုပံုမက်တဲ့bra ေတြကို ၀တ္ဆင္ေနရတဲ့အမ်ိဳးသမီးေတြအမ်ားၾကီးရွိေနတယ္ဆိုေတာ့ သက္ေတာင့္သက္သာမရွိေလာက္ဘူး၊ သူတို႕အတြက္ အံကိုက္မျဖစ္ဘူးလို႕ ကၽြန္မေတြးလိုက္တယ္။ ဒါေၾကာင့္ ပိုေကာင္းတဲ့ေျဖရွင္းခ်က္ကို ရွာလိုက္တာျဖစ္ပါတယ္။ ” လို႕ CES ပြဲမွာ ေျပာၾကားသြားပါတယ္။ ဒီနည္းပညာက နည္းပညာမလိုအပ္ေလာက္ဘူးလို႕ ေတြးထင္ထားတဲ့သူေတြကို တပ္လွန္႕လိုက္သလိုပါပဲ။

Somainnofit ကေတာ့ တစ္ခါသံုးပစၥည္းမဟုတ္ပါဘူး။ အေလးခ်ိန္ေျပာင္းသြားတာ၊ ကိုယ္၀န္ေဆာင္ရတာမ်ိိဳးေတြအတြက္ အသံုးျပဳႏုိင္ျပီးေတာ့ bra အရြယ္အစားကို အခ်ိန္နဲ႕တစ္ေျပးညီ သိရွိေစမွာပါ။ free app ေလးျဖစ္တဲ့အတြက္ေၾကာင့္ လူတုိင္းသံုးႏုိင္ပါတယ္။ သက္ဆုိင္ရာ personal profile နဲ႕ သိမ္းထားေပးမွာဆိုေတာ့ မွ်သံုးလို႕လည္း ရပါတယ္။ battery pack ကလည္း အၾကိမ္၂၀၀ေလာက္ အသံုးျပဳႏုိင္ဦးမွာပါ။

ဒီေကာင္ေလးက bra ၀ယ္ယူရတာ၊ ၀တ္ဆင္ရတာကို အေထာက္အကူျပဳမယ္ဆိုေပမယ့္လည္း အမ်ားစုကေတာ့ Soma bra ေတြပဲျဖစ္ေနေလာက္မွာပါ။

Unicode Version

Bra တွေတောင် တစ်ခေတ်ဆန်းလာပြီပဲ။
Soma က bra လောကထဲကို Bluetooth ယူလာပေးတာပါ။ Somainnofit bra က သူတို့ရဲ့တကယ့်ဆိုဒ်ကို သိရှိအောင် ကူညီပေးမှာပါ။ ဝတ်လိုက်ရုံပါပဲ။ သူကအနက်ရောင်လေးပါ။ cup နားလေးမှာ အနီရောင်တောက်တောက်လေးတွေကို အသုံးပြုပေးထားပါတယ်။ ဖစ်တင်ကျဖို့အတွက် လိုအပ်တဲ့နေရာတွေကို တိုင်းတာပေးသွားဦးမှာပါ။ bra ရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ကြိုးလေးမှာ Bluetooth တပ်ဆင်ထားတဲ့ လိမ္မော်ရောင်ပစ္စည်းလေးပါဝင်နေပြီးတော့ တိုင်းတာပေးမယ့် အာရုံခံစနစ်တွေလည်း ပါဝင်နေမှာ ဖြစ်ပါတယ်။
Bra လေးက app နဲ့ချိတ်ဆက်ပြီးတော့ အရွယ်အစားကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Somainnofit လေးကို soma ရဲ့ ဝက်ဘ်ဆိုက်မှာရနိုင်မှာဖြစ်ပြီး ဇန်နဝါရီလ ၈ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။ စတိုးဆိုင်တွေကိုတော့ ၂၃ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။ launch လုပ်မှာကတော့ ၂၅ဒေါ်လာဖြစ်ပြီး ပုံမှန် ဒေါ်လာ၆၀ကျသင့်မယ့် Soma bra တစ်ခုအတွက် ၂၅ဒေါ်လာလျှော့ပေးဦးမှာပါ။
Somainnofit ကတော့ တိပ်နဲ့တိုင်းတာနေရတဲ့အလုပ်ကို နည်းပညာပိုင်းအရ ဖြေရှင်းလိုက်တာဖြစ်ပါတယ်။ အမျိုးသမီးထုရဲ့ ၇၅-၈၀%လောက်က အရွယ်အစားမမှန်တဲ့ bra တွေကို ဝတ်ဆင်နေရတယ်လို့ Soma ရဲ့ ဥက္ကဌက ပြောထားပါတယ်။
“ဒီလိုပုံမကျတဲ့bra တွေကို ဝတ်ဆင်နေရတဲ့အမျိုးသမီးတွေအများကြီးရှိနေတယ်ဆိုတော့ သက်တောင့်သက်သာမရှိလောက်ဘူး၊ သူတို့အတွက် အံကိုက်မဖြစ်ဘူးလို့ ကျွန်မတွေးလိုက်တယ်။ ဒါကြောင့် ပိုကောင်းတဲ့ဖြေရှင်းချက်ကို ရှာလိုက်တာဖြစ်ပါတယ်။ ” လို့ CES ပွဲမှာ ပြောကြားသွားပါတယ်။ ဒီနည်းပညာက နည်းပညာမလိုအပ်လောက်ဘူးလို့ တွေးထင်ထားတဲ့သူတွေကို တပ်လှန့်လိုက်သလိုပါပဲ။
Somainnofit ကတော့ တစ်ခါသုံးပစ္စည်းမဟုတ်ပါဘူး။ အလေးချိန်ပြောင်းသွားတာ၊ ကိုယ်ဝန်ဆောင်ရတာမျိုးတွေအတွက် အသုံးပြုနိုင်ပြီးတော့ bra အရွယ်အစားကို အချိန်နဲ့တစ်ပြေးညီ သိရှိစေမှာပါ။ free app လေးဖြစ်တဲ့အတွက်ကြောင့် လူတိုင်းသုံးနိုင်ပါတယ်။ သက်ဆိုင်ရာ personal profile နဲ့ သိမ်းထားပေးမှာဆိုတော့ မျှသုံးလို့လည်း ရပါတယ်။ battery pack ကလည်း အကြိမ်၂၀၀လောက် အသုံးပြုနိုင်ဦးမှာပါ။
ဒီကောင်လေးက bra ဝယ်ယူရတာ၊ ဝတ်ဆင်ရတာကို အထောက်အကူပြုမယ်ဆိုပေမယ့်လည်း အများစုကတော့ Soma bra တွေပဲဖြစ်နေလောက်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.