
0
843



unicode

Snapdragon 660 ပါလာမယ့် Xiaomi Redmi Note 7

Xiaomi က Redmi Series များစွာကို ထုတ်လုပ်ရောင်းချနေပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Redmi 7 နဲ့ Redmi Note 7 တို့ကို ကြေညာမယ်လို့ ထင်ရပါတယ်။ အခုတော့ Redmi Note 7 ရဲ့ သတင်းအချက်အလက်များ Geekbench ကနေ ထွက်ပေါ်လာပါတယ်။ သူ့မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset ပါလာမှာ ဖြစ်ပါတယ်။

Single Core မှာ ၁၄၆၂ မှတ်နဲ့ Multiple Core မှာ ၄၅၅၆ မှတ် ရထားတဲ့ အတွက် အခြား Snapdragon 660 Chipset ပါတဲ့ စမတ်ဖုန်းများနဲ့ ယှဉ်နိုင်ပါတယ်။ Chipset အသစ်ကို ထည့်သွင်းထားတာ သတင်းကောင်းပါ။ Redmi Note 5 Pro နဲ့ Redmi Note 6 Pro တို့မှာ 14nm Process Snapdragon 636 ထည့်သွင်းထားတဲ့ အတွက် Redmi Note 7 ရဲ့ Chipset ဟာ အသစ် ဖြစ်လာပါတယ်။

Redmi Note 7 မှာ Android 9 Pie ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူဟာ Android 9 Pie တစ်ပါတည်း ထည့်သွင်းထားတဲ့ ပထမဆုံး Redmi Phone ဖြစ်လာမှာပါ။ သူ့မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်တဲ့ အတွက် Redmi Note 7 Pro မှာ 8GB RAM ပါလာနိုင်ပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ သူတို့ကို မြင်ရတော့မှာ ဖြစ်ပါတယ်။

Leave a Reply