Enterprise Trending
Samsung TVs မှာ iTunes ထည့်သွင်းနေတဲ့ Apple
Zawgyi Version
Coming to 2018 and 2019 TVs along with AirPlay 2
Unicode Version
Coming to 2018 and 2019 TVs along with AirPlay 2
Samsung ရဲ့ 2018 နဲ့ 2019 တီဗွီ range တွေကတော့ iTunes movie နဲ့ TV show library တွေကို ဖွင့်ကြည့်နိုင်တော့မှာပါ။ iTunes က content တွေကို တီဗွီကနေ တိုက်ရိုက်ငှားရမ်း၊ ဝယ်ယူနိုင်တော့မှာပါ။ content တွေကို Samsung ရဲ့ တီဗွီထဲမှာပါဝင်လာမယ့်သီးသန့် app လေးကနေ ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုတီဗွီထဲမှာ AirPlay 2 လည်း အပါအဝင်ဖြစ်ပါတယ်။
iTunes Movies နဲ့ TV Shows app တွေကတော့ နိုင်ငံပေါင်း၁၀၀အတွက် Samsung ရဲ့ Samsung’s 2019 TVs ၊ 2018 model တွေကနေတစ်ဆင့် အသုံးပြုခွင့်ရရှိမှာပါ။ နောက်ပိုင်းမှာ Apple ဆီကသတင်းထွက်နေတဲ့ video streaming service တွေကိုလည်း ရလာနိုင်ကိန်းရှိပါတယ်။
Samsung ရဲ့ smart TV ad-tracking feature ကတော့ iTunes Movies ၊ TV Shows app အတွင်းမှာ အလုပ်မလုပ်နိုင်ဘူးလို့ ပြောထားပါတယ်။ ဒါကလည်း Apple ရဲ့ privacy ထိန်းချုပ်မှုကို တွေ့မြင်ရပါတယ်။
Apple Music ကတော့ Spotify နဲ့ပြိုင်ဆိုင်နေတယ်ဆိုတော့ Netflix နဲ့အပြိုင် streaming service ထွက်ပေါ်လာတော့မလား။ စိတ်ဝင်စားစရာပါပဲ။ လစဉ်ကြေးနဲ့ပေးရမှာပါ။ Netflix’s Originals လိုမျိုး original video programming တွေလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။ AirPlay 2 support ကလည်း နိုင်ငံပေါင်း ၁၉၀မှာ ရနိုင်မှာဖြစ်ပြီးတော့ videos, photos, music နဲ့ podcasts တွေကို ခံစားနိုင်တော့မှာပါ။ ကြားထားသလောက်ကတော့ Google Assistant လည်း တီဗွီတွေထဲမှာ ပေါင်းလာနိုင်ပါသတဲ့။
Apple ရဲ့ တာဝန်ရှိသူတစ်ယောက်ကလည်း အခုလိုပြောထားပါတယ်။
iTunes နဲ့ AirPlay 2 ခံစားချက်ကို ကမ္ဘာပေါ်မှာရှိတဲ့သုံးစွဲသူအတော်များများဆီကို Samsung Smart TVs ကနေ ဖြန့်ချိပေးတော့မှာပါ။ အလားတူပဲ iPhone, iPad နဲ့ Mac သုံးစွဲသူတွေအနေနဲ့ အကြိုက်ဆုံးအရသာတွေကို မျက်နှာပြင်ကျယ်ကျယ်နဲ့ အိမ်မှာခံစားနိုင်တော့မှာပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.