Uncategorized

LG ရဲ႕ ေခါက္သိမ္းႏုိင္တဲ့ OLED TV ကို ဒီႏွစ္အတြင္း၀ယ္ယူရရွိႏုိင္

Zawgyi Version

သရုပ္ျပေမာ္ဒယ္လ္ေလးတစ္ခုထက္ ပိုလာပါျပီ။

LG Display ေတြက ေကြးျပီး ေခါက္ထားလို႕ရတယ္ဆိုတာ CES ပြဲေတြမွာ ျမင္ေတြ႕ခဲ့ဖူးမွာပါ။ ဒါေပမယ့္လည္း ဒါေတြက သရုပ္ျပေမာ္ဒယ္ေတြကလြဲျပီး ဘာမွမျဖစ္လာခဲ့ပါဘူး။ အခုေတာ့ LG Electronics ဟာ ဒီနည္းပညာကို တကယ့္ကို၀ယ္ယူရရွိႏုိင္တဲ့ကုန္ပစၥည္းေတြအျဖစ္နဲ႕ ေျပာင္းလဲေပးခဲ့ပါတယ္။ Signatures Series OLED TV R ေတြပဲ ျဖစ္္ပါတယ္။ သာမန္ ၆၅လက္မ တီဗြီလို႕ ထင္ရပါတယ္။ ဒါေပမယ့္ ခလုတ္တစ္ခ်က္ႏွိပ္လိုက္တဲ့အခါ OLED screen ေတြက ျဖည္းျဖည္းခ်င္း ေခါက္သြားပီးေတာ့ aluminum case ေလးထဲကို၀င္သြားမွာပါ။ အနက္ေရာင္မွန္သားျပင္အစား နည္းပညာျမင့္ ဘီရိုေလးတစ္လံုးျဖစ္လာေတာ့မွာပါ။

ဒါကို ဘယ္သူေတြကမ်ား လိုအပ္ႏုိင္မလဲ။ LG ရဲ ႕အလြန္ပါးလႊာတဲ့ OLED TV ေတြဆိုရင္ စတုိင္လ္ကိုအဓိကထားတဲ့၀ယ္ယူသူေတြကို ပစ္မွန္ထားပါတယ္။ OLED TV R ကလည္း ၆၅လက္မေတာ့လိုခ်င္တယ္။ ဒါေပမယ့္လည္း ေနရာက်ယ္က်ယ္မေပးခ်င္တဲ့သူေတြအတြက္ အဆင္ေျပေစမွာပါ။ အခုအခ်ိန္ထိဆိုရင္ေတာ့ တီဗြီေသးေသးေလးေတြသာ ၀ယ္ခဲ့ရမွာပါ။ ဒါေပမယ့္လည္း LG ေက်းဇူးေၾကာင့္ ဒီလိုလုပ္စရာမလုိအပ္ေတာ့ပါဘူး။

OLED TV R ရဲ႕ အေျခမွာ 100-watt Dolby Atmos speaker system ပါ၀င္တဲ့အတြက္ေၾကာင့္ wallpaper OLED မွာပါ၀င္တဲ့ soundbar နီးနီးပါပဲ။ surround သံေလာက္ေတာ့ ၾကားရမွာပါ။ အစမ္းၾကည့္ရသေလာက္ကေတာ့ သီခ်င္းေတြအတြက္ အဆင္ေျပတယ္ဆုိေပမယ့္လည္း ဇာတ္ကားေတြအတြက္ေတာ့ လက္ရွိ soundbar ေတြေလာက္ပါပဲ။ home theater setup ေနရာမွာေတာ့ အစားထိုးလို႕မရတာ က်ိန္းေသပါတယ္။

ဖြင့္ႏုိင္ ပိတ္ႏုိင္တဲ့အျပင္ OLED TV R မွာ line mode ဆိုတာေလးလည္း ပါ၀င္ေနပါေသးတယ္။ screen ကို ေငြေရာင္ေျပာင္းသြားမွာျဖစ္ျပီးေတာ့ သီခ်င္းေတြကို ထိန္းခ်ဳပ္ႏုိင္ျခင္း၊ နာရီျပျခင္း၊ မိသားစုဓါတ္ပံုေလးေတြ ေျပးေနျခင္း စတာေတြ လုပ္ေဆာင္ႏုိင္မွာပါ။ ကေလးပဲျဖစ္ျဖစ္၊ အိမ္ေမြးတိရိစာၧန္ေလးကပဲျဖစ္ျဖစ္ တုိက္ခ်တာမ်ိဳး ၾကံဳႏုိင္ပါတယ္။ LG ကေတာ့ ေခါက္ႏုိင္ျခင္းအတြက္ အၾကိမ္ေပါင္း ၅၀ ၀၀၀ အာမခံေပးထားပါတယ္။ ဒါေပမယ့္လည္း ဒါက ဘယ္ေလာက္သံုးရမလဲဆိုတာ မေျပာႏုိင္ေသးပါဘူး။ ေကြးႏုိင္ေခါက္ႏုိင္တယ္ဆိုကတည္းက သံုးစြဲသူေတြ၀ယ္ယူဖို႕ စဥ္းစားရတာၾကာမွန္း သိထားျပီးသား ျဖစ္ေလာက္မွာပါ။

ေခါက္ႏုိင္တဲ့ TV ေလးကေတာ့ LG ရဲ႕ အျခားေသာ 4K OLED screen ေတြနဲ႕ ထြက္ေပၚလာမွာပါ။ သူတုိ႕မွာေတာ့ ဒုတိယမ်ိဳးဆက္ Alpha 2 processor သံုးေပးထားပါတယ္။ OLED TV R မွာ LG ရဲ႕ ေနာက္ဆံုးထြက္ WebOS သံုးေပးထားျပီး Amazon’s Alexa virtual assistant လည္း သံုးႏုိင္မွာပါ။ Samsung လိုပဲ LG က Apple ရဲ႕ AirPlay 2 standard ၊ HomeKit integration စတာေတြ ေပါင္းစည္းေပးထားပါတယ္။

standalone iTunes app မပါတဲ့အတြက္ေၾကာင့္ iOS ပိုိင္ရွင္ေတြအတြက္ AirPlay support က စိတ္သက္သာရာရေစမွာပါ။ Apple ရဲ႕ နယ္ခ်ဲ႕မႈတစ္ခုလို႕ပဲဆုိရေလမလား။

LG ကေတာ့ ေစ်းႏႈန္းသတ္မွတ္ေပးထားျခင္း မရွိေသးပါဘူး။ ဒီႏွစ္၀က္ေလာက္မွာ ေစ်းကြက္ကိုေရာက္လာလိမ့္မယ္လို႕ ေျပာၾကားထားပါတယ္။

Unicode Version

သရုပ်ပြမော်ဒယ်လ်လေးတစ်ခုထက် ပိုလာပါပြီ။


LG Display တွေက ကွေးပြီး ခေါက်ထားလို့ရတယ်ဆိုတာ CES ပွဲတွေမှာ မြင်တွေ့ခဲ့ဖူးမှာပါ။ ဒါပေမယ့်လည်း ဒါတွေက သရုပ်ပြမော်ဒယ်တွေကလွဲပြီး ဘာမှမဖြစ်လာခဲ့ပါဘူး။ အခုတော့ LG Electronics ဟာ ဒီနည်းပညာကို တကယ့်ကိုဝယ်ယူရရှိနိုင်တဲ့ကုန်ပစ္စည်းတွေအဖြစ်နဲ့ ပြောင်းလဲပေးခဲ့ပါတယ်။ Signatures Series OLED TV R တွေပဲ ဖြစ်ပါတယ်။ သာမန် ၆၅လက်မ တီဗွီလို့ ထင်ရပါတယ်။ ဒါပေမယ့် ခလုတ်တစ်ချက်နှိပ်လိုက်တဲ့အခါ OLED screen တွေက ဖြည်းဖြည်းချင်း ခေါက်သွားပီးတော့ aluminum case လေးထဲကိုဝင်သွားမှာပါ။ အနက်ရောင်မှန်သားပြင်အစား နည်းပညာမြင့် ဘီရိုလေးတစ်လုံးဖြစ်လာတော့မှာပါ။


ဒါကို ဘယ်သူတွေကများ လိုအပ်နိုင်မလဲ။ LG ရဲ့အလွန်ပါးလွှာတဲ့ OLED TV တွေဆိုရင် စတိုင်လ်ကိုအဓိကထားတဲ့ဝယ်ယူသူတွေကို ပစ်မှန်ထားပါတယ်။ OLED TV R ကလည်း ၆၅လက်မတော့လိုချင်တယ်။ ဒါပေမယ့်လည်း နေရာကျယ်ကျယ်မပေးချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ အခုအချိန်ထိဆိုရင်တော့ တီဗွီသေးသေးလေးတွေသာ ဝယ်ခဲ့ရမှာပါ။ ဒါပေမယ့်လည်း LG ကျေးဇူးကြောင့် ဒီလိုလုပ်စရာမလိုအပ်တော့ပါဘူး။


OLED TV R ရဲ့ အခြေမှာ 100-watt Dolby Atmos speaker system ပါဝင်တဲ့အတွက်ကြောင့် wallpaper OLED မှာပါဝင်တဲ့ soundbar နီးနီးပါပဲ။ surround သံလောက်တော့ ကြားရမှာပါ။ အစမ်းကြည့်ရသလောက်ကတော့ သီချင်းတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့်လည်း ဇာတ်ကားတွေအတွက်တော့ လက်ရှိ soundbar တွေလောက်ပါပဲ။ home theater setup နေရာမှာတော့ အစားထိုးလို့မရတာ ကျိန်းသေပါတယ်။
ဖွင့်နိုင် ပိတ်နိုင်တဲ့အပြင် OLED TV R မှာ line mode ဆိုတာလေးလည်း ပါဝင်နေပါသေးတယ်။ screen ကို ငွေရောင်ပြောင်းသွားမှာဖြစ်ပြီးတော့ သီချင်းတွေကို ထိန်းချုပ်နိုင်ခြင်း၊ နာရီပြခြင်း၊ မိသားစုဓါတ်ပုံလေးတွေ ပြေးနေခြင်း စတာတွေ လုပ်ဆောင်နိုင်မှာပါ။ ကလေးပဲဖြစ်ဖြစ်၊ အိမ်မွေးတိရိစ္ဆာန်လေးကပဲဖြစ်ဖြစ် တိုက်ချတာမျိုး ကြုံနိုင်ပါတယ်။ LG ကတော့ ခေါက်နိုင်ခြင်းအတွက် အကြိမ်ပေါင်း ၅၀ ၀၀၀ အာမခံပေးထားပါတယ်။ ဒါပေမယ့်လည်း ဒါက ဘယ်လောက်သုံးရမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ကွေးနိုင်ခေါက်နိုင်တယ်ဆိုကတည်းက သုံးစွဲသူတွေဝယ်ယူဖို့ စဉ်းစားရတာကြာမှန်း သိထားပြီးသား ဖြစ်လောက်မှာပါ။
ခေါက်နိုင်တဲ့ TV လေးကတော့ LG ရဲ့ အခြားသော 4K OLED screen တွေနဲ့ ထွက်ပေါ်လာမှာပါ။ သူတို့မှာတော့ ဒုတိယမျိုးဆက် Alpha 2 processor သုံးပေးထားပါတယ်။ OLED TV R မှာ LG ရဲ့ နောက်ဆုံးထွက် WebOS သုံးပေးထားပြီး Amazon’s Alexa virtual assistant လည်း သုံးနိုင်မှာပါ။ Samsung လိုပဲ LG က Apple ရဲ့ AirPlay 2 standard ၊ HomeKit integration စတာတွေ ပေါင်းစည်းပေးထားပါတယ်။
standalone iTunes app မပါတဲ့အတွက်ကြောင့် iOS ပိုင်ရှင်တွေအတွက် AirPlay support က စိတ်သက်သာရာရစေမှာပါ။ Apple ရဲ့ နယ်ချဲ့မှုတစ်ခုလို့ပဲဆိုရလေမလား။
LG ကတော့ ဈေးနှုန်းသတ်မှတ်ပေးထားခြင်း မရှိသေးပါဘူး။ ဒီနှစ်ဝက်လောက်မှာ ဈေးကွက်ကိုရောက်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.