2019 iPhone ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာ

0
1139

၂၀၁၉ ခုႏွစ္ ႏွစ္စမွာပဲ iPhone အသစ္ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ OnLeaks နဲ႔ Digit India တို႔က iPhone XI ရဲ႕ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ ဓါတ္ပံုမွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားၿပီး ဒါဟာ အိုင္ဖုန္းေတြထဲမွာ ပထမဆံုးပါ။ ေလးေထာင့္ကြက္ထဲမွာ ကင္မရာမ်ားကို ထည့္ထားတာက Huawei Mate 20 Pro နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ Lenses မ်ားကို ေနရာခ်ထားတဲ့ ပံုစံက ကြဲျပားပါတယ္။

OnLeaks က ဒီဓါတ္ပံုမ်ားဟာ ကုမၸဏီရဲ႕ အေစာပိုင္း နမူနာ ေမာ္ဒယ္သာ ျဖစ္ၿပီး ဖိုင္နယ္ ဒီဇိုင္း မဟုတ္ဘူးလို႔ ေျပာပါတယ္။ တတိယ ကင္မရာက ဘာအတြက္လဲ ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ ယခင္ သတင္းမ်ားအရ Apple ဟာ ၂၀၁၉ ခုႏွစ္မွာ 3D Camera မ်ားကို မိတ္ဆက္မယ္လို႔ သိရပါတယ္။ အဲဒီ ကင္မရာမ်ားဟာ AR App မ်ားမွာ သံုးဖို႔ 3D Photo မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ ဒါ့အျပင္ Portrait Photo မ်ားမွာ Subject နဲ႔ Background ကို ခြဲျခားရာမွာ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။

ကင္မရာ ဒီဇိုင္းကလြဲၿပီး အျခား သတင္းအခ်က္အလက္မ်ားကိုေတာ့ မသိရေသးပါဘူး။ Apple ဟာ ဒီႏွစ္ထဲမွာ အိုင္ဖုန္း သံုးလံုး ေၾကညာႏိုင္ပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္တစ္လံုးနဲ႔ တန္ဖိုးျမင့္ ေမာ္ဒယ္ႏွစ္လံုး ျဖစ္ႏုိင္ပါတယ္။ သူတို႔ဟာ iPhone XR, XS , XS Max မ်ားရဲ႕ မ်ိဳးဆက္သစ္မ်ား ျဖစ္လာမွာ ျဖစ္ပါတယ္။ Ice Universe က အဲဒီ ဓါတ္ပံုမ်ားဟာ ေနာက္ဆံုး ဖိုင္နယ္ ဒီဇိုင္း ျဖစ္တယ္လို႔ ေျပာပါတယ္။  အိုင္ဖုန္း အသစ္မ်ားကို ျမင္ရဖို႔ ၉ လေလာက္လိုပါေသးတယ္။

unicode

2019 iPhone ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

၂၀၁၉ ခုနှစ် နှစ်စမှာပဲ iPhone အသစ်ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ OnLeaks နဲ့ Digit India တို့က iPhone XI ရဲ့ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ ဓါတ်ပုံမှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားပြီး ဒါဟာ အိုင်ဖုန်းတွေထဲမှာ ပထမဆုံးပါ။ လေးထောင့်ကွက်ထဲမှာ ကင်မရာများကို ထည့်ထားတာက Huawei Mate 20 Pro နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Lenses များကို နေရာချထားတဲ့ ပုံစံက ကွဲပြားပါတယ်။

OnLeaks က ဒီဓါတ်ပုံများဟာ ကုမ္ပဏီရဲ့ အစောပိုင်း နမူနာ မော်ဒယ်သာ ဖြစ်ပြီး ဖိုင်နယ် ဒီဇိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။ တတိယ ကင်မရာက ဘာအတွက်လဲ ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ယခင် သတင်းများအရ Apple ဟာ ၂၀၁၉ ခုနှစ်မှာ 3D Camera များကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီ ကင်မရာများဟာ AR App များမှာ သုံးဖို့ 3D Photo များကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Portrait Photo များမှာ Subject နဲ့ Background ကို ခွဲခြားရာမှာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ကင်မရာ ဒီဇိုင်းကလွဲပြီး အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ Apple ဟာ ဒီနှစ်ထဲမှာ အိုင်ဖုန်း သုံးလုံး ကြေညာနိုင်ပါတယ်။ တန်ဖိုးနည်း မော်ဒယ်တစ်လုံးနဲ့ တန်ဖိုးမြင့် မော်ဒယ်နှစ်လုံး ဖြစ်နိုင်ပါတယ်။ သူတို့ဟာ iPhone XR, XS , XS Max များရဲ့ မျိုးဆက်သစ်များ ဖြစ်လာမှာ ဖြစ်ပါတယ်။ Ice Universe က အဲဒီ ဓါတ်ပုံများဟာ နောက်ဆုံး ဖိုင်နယ် ဒီဇိုင်း ဖြစ်တယ်လို့ ပြောပါတယ်။ အိုင်ဖုန်း အသစ်များကို မြင်ရဖို့ ၉ လလောက်လိုပါသေးတယ်။

Leave a Reply