Posted on Leave a comment
လုံးဝအားသွင်းစရာမလိုအပ်သော Matrix ရဲ့ PowerWatch 2
Zawgyi Version
Unicode Version
ဟုတ်ပါတယ်။ အားသွင်းစရာလုံးဝမလိုအပ်တော့ပါဘူး။
ဒီနှစ် CES မှာ Matrix က PowerWatch 2 ကို ပြသခဲ့ပါတယ်။ အရင်နှစ်တုန်းက လက်ကောက်ဝတ်မှာဝတ်ဆင်ထားရုံနဲ့ ကိုယ်အပူချိန်ကိုအသုံးပြုမယ့်မော်ဒယ်လ်လေးတစ်ခုကို မိတ်ဆက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယမျိုးဆက်အဖြစ်နဲ့ Matrix ဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ၁.၂လက်မ color display ၊ black-and-white screen ၊ thermometric နဲ့ solar charging ၊ GPS ၊ fitness tracking တွေလည်း ပါဝင်ဦးမှာပါ။ ဒီကောင်လေးရဲ့ ဆွဲဆောင်အားကတော့ အရင်အတိုင်းပါပဲ။ ပလပ်တပ်ပြီး အားသွင်းစရာမလိုအပ်တော့ပါဘူး။
ဒီလိုမျိုး feature ပါဝင်နေတယ်ဆိုပေမယ့်လည်း Apple Watch နဲ့တော့ ပြိုင်နိုင်မှာမဟုတ်ပါဘူး။ third-party app တွေ ဒေါင်းလုတ်ဆွဲလို့မရဘူး။ notification support ကလည်း အကန့်အသတ်နဲ့ပါ။ ဖုန်းခေါ်လို့မရပါဘူး။ target audience ကဘယ်သူတွေဖြစ်မလဲဆိုတော့ အပြင်ထွက်များတဲ့သူတွေအတွက်ဖြစ်ပါတယ်။ သူတို့အတွက် အားသွင်းကြိုးယူသွားရခြင်းက အပိုအလုပ်တစ်ခုဖြစ်ပြီး စိတ်ချမ်းသာစရာမဟုတ်တာမျိုးပေါ့။
တောင်တက်သမား၊ အမဲလိုက်သမားမဟုတ်ဘူးဆိုရင်တော့ PowerWatch 2 က Apple HomeKit နဲ့ Google Fit တို့နဲ့ ပူးပေါင်းနိုင်ပါတယ်။
PowerWatch 2 လေးကို ဝတ်ကြည့်လိုက်တဲ့အခါ ခိုင်ခံ့တယ်။ 42mm နာရီလေးက အလူမီနီယမ်case နဲ့ ရာဘာကြိုးလေးရဲ့ အလှအပကို ခံစားရမှာပါ။ solar cell ring လေးက နာရီရဲ့ဘောင်ထဲမှာရှိနေပြီးတော့ Matrix က indoor နဲ့ outdoor က အလင်းတွေကနေ စွမ်းအားတွေ သိမ်းထားနိုင်မှာပါ။ မနှစ်ကနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ PowerWatch 2 က သေးသွားမယ်ဆိုပေမယ့်လည်း လက်သေးတဲ့သူတွေနဲ့တော့ အဆင်မပြေပါဘူး။ PowerWatch 2 ရဲ့ LCD color display ကလည်း always-on ဖြစ်နေမှာပါ။ အပွန်းအစင်းခံနိုင်တဲ့ screen နဲ့ ရေအောက်မီတာ၂၀၀အထိဆင်းလို့ရတယ်ဆိုတော့ မိုက်တော့နေပါပြီ။ အရောင်အမျိုးမျိုးကို ပြသပေးနိုင်သလို ရှင်းလင်းပြတ်သားတဲ့စာသားတွေကိုလည်း မြင်တွေ့ရမျာပါ။ touchscreen Wear OS watch or Apple Watch လောက်တော့ အရောင်မစုံပါဘူး။ PowerWatch 2 ကို ရေကူးရင်းစမ်းသုံးကြည့်သင့်ပါတယ်။
PowerWatch 2 ရဲ့ အသုံးဝင်တဲ့ feature တွေကတော့ GPS tracking, heart rate monitoring, compass, pace, cadence tracking စတာတွေပဲ ဖြစ်ပါတယ်။ feature အများစုကတော့ Apple Watch နဲ့ Galaxy Watch တို့မှာလည်း ပါဝင်နေပါတယ်။ PowerWatch 2 ဟာ အခြားအရာတွေနဲ့ ကွဲထွက်နေတာကတော့ ပါဝါသိုလှောင်မှုအပိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းကအပူတွေဘယ်လောက်ထုတ်လွှတ်သလဲဆိုတာ တွက်ချက်ပြီး ထောက်လှမ်းနေမှာဖြစ်ပါတယ်။ အဲဒါကို thermoelectric power အဖြစ်နဲ့ စုဆောင်းထားမှာပါ။ ပြီးတော့ စွမ်းအင်ထုတ်လွှတ်မှုကို ရေတွက်တဲ့စနစ်လည်း ပါဝင်ပါတယ်။ PowerWatch 2 က စွမ်းအင်ဘယ်လောက်ကို သင့်ဆီက ရထားလဲဆိုတာပြသပေးနိုင်ပါတယ်။
ဘတ်ထရီကတော့ စိတ်ကြိုက်သုံးပါ။ PowerWatch 2 က မပျက်စီးလွယ်ဘူးလို့ ပြောရမှာတော့ နည်းနည်းခက်ပါတယ်။ ဒါပေမယ့်လည်း သေချာတာတစ်ခုကတော့ အားမသွင်းရတော့တဲ့ wearable လောကရဲ့ စိတ်ကျေနပ်စရာတစ်ခုလို့ ပြောရမှာပါ။
စိတ်ဝင်စားလို့ အော်ဒါတင်ချင်တယ်ဆိုရင်တော့ PowerWatch 2 လေးက ၁၉၉ဒေါ်လာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒေါ်လာ၄၉၉အထိ တက်သွားနိုင်ပါတယ်။ ဖြန့်ချိမယ့်ရက်ကတော့ June 2019 ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.