Posted on Leave a comment

ဂိမ္းသမားေတြအတြက္ ထုတ္ထားတဲ့ HDRေမာ္နီတာၾကီး သံုးလံုးကိုျပသခဲ့တဲ့ Asus

Zawgyi Version

တင္စရာခံုေတာ့ ခပ္ၾကီးၾကီးရွိရလိမ့္မယ္။

Asus က ROG Strix XG-brand ဂိမ္းမင္းေမာ္နီတာသံုးလံုးကို ေၾကညာခဲ့ပါတယ္။ အားလံုးမွာ VA panel ၾကီးၾကီး၊ FreeSync 2 support ၊ DisplayHDR certification ေတြ ပါ၀င္ေနပါတယ္။

XG438Q ကေတာ့ ၄၃လက္မ 4K monitor ျဖစ္ျပီး DisplayHDR 600 ၊ 120Hz refresh rate တို႕ကို တြဲဖက္ေပးထားပါတယ္။ 10-watt စတူရီယိုစပီကာႏွစ္လံုးပါ၀င္ျပီးေတာ့ သာမန္ PC display ထက္ ဂိမ္းသမားေတြကို ဦးတည္ထားတယ္ဆိုတာ ထင္ရွားပါတယ္။ ဒါၾကီးကို ေမာက္စ္၊ ကီးဘုတ္နဲ႕သံုးမယ္ဆိုရင္ေတာ့ ခံုၾကီးၾကီးလိုအပ္မွာ က်ိန္းေသပါတယ္။

XG49VQ ကေတာ့ ၄၉လက္မ ultra-ultra-wide 32:9 3840 x 1080 panel ကို အသံုုးျပဳေပးထားပါတယ္။ ပံုမွန္ ၂၇လက္မ 1080p ေမာ္နီတာကို ေဘးခ်င္းယွဥ္ထားသေလာက္ပါပဲ။ ဒါေၾကာင့္ pixel density ကေတာ့ သိပ္ေကာင္းမွာမဟုတ္ပါဘူး။ Samsung, Dell နဲ႕ Philipsတို႕အားလံုးက 1440p အထိ ေထာက္ပံ့ေပးထားပါတယ္။ Asus ကေတာ့ 144Hz အထိေတာ့ ျမွင့္ထားေပးပါတယ္။ သူကဘာအတြက္ဦးတည္ထားတာလဲဆိုေတာ့ အျမင္က်ယ္ဖို႕အတြက္ပါ။ DisplayHDR 400 ကိုေတာ့ ေထာက္ပံ့ေပးထားပါတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ XG32VQ ျဖစ္ပါတယ္။ DisplayHDR 400 ပါ၀င္တဲ့ သမားရိုးက် 144Hz 16:9 1440p model ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၃၁.၅လက္မဆုိတာကေတာ့ ေမာ္နီတာအမ်ားစုထက္ ပိုၾကီးေနတာကို၀န္ခံရမွာပါ။ pixel density ကလည္း အသင့္အတင့္ပါပဲ။ သင့္ရဲ႕ GPU က 4K အထိမရဘူး၊ ပံုရိပ္အရမ္းေကာင္းတာေတြလည္း မလိုအပ္ဘူးဆိုရင္ေတာ့ အဆင္ေျပမွာပါ။ DCI-P3 gamut ရဲ႕ ၉၄ရာခုိင္ႏႈန္းကို လံုေလာက္ေအာင္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။

XG49VQ နဲ႕ XG32VQ ကေတာ့ ဒီလကုန္မွာ ရႏုိင္မွာပါ။ XG438Q ကေတာ့ ၂၀၁၉ ေႏြဦးေလာက္မွ ရႏုိင္မွာပါ။ ေစ်းႏႈန္းအေၾကာင္းေတာ့ မသိရေသးပါဘူး။

Unicode Version

တင်စရာခုံတော့ ခပ်ကြီးကြီးရှိရလိမ့်မယ်။
Asus က ROG Strix XG-brand ဂိမ်းမင်းမော်နီတာသုံးလုံးကို ကြေညာခဲ့ပါတယ်။ အားလုံးမှာ VA panel ကြီးကြီး၊ FreeSync 2 support ၊ DisplayHDR certification တွေ ပါဝင်နေပါတယ်။
XG438Q ကတော့ ၄၃လက်မ 4K monitor ဖြစ်ပြီး DisplayHDR 600 ၊ 120Hz refresh rate တို့ကို တွဲဖက်ပေးထားပါတယ်။ 10-watt စတူရီယိုစပီကာနှစ်လုံးပါဝင်ပြီးတော့ သာမန် PC display ထက် ဂိမ်းသမားတွေကို ဦးတည်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြီးကို မောက်စ်၊ ကီးဘုတ်နဲ့သုံးမယ်ဆိုရင်တော့ ခုံကြီးကြီးလိုအပ်မှာ ကျိန်းသေပါတယ်။
XG49VQ ကတော့ ၄၉လက်မ ultra-ultra-wide 32:9 3840 x 1080 panel ကို အသုံးပြုပေးထားပါတယ်။ ပုံမှန် ၂၇လက်မ 1080p မော်နီတာကို ဘေးချင်းယှဉ်ထားသလောက်ပါပဲ။ ဒါကြောင့် pixel density ကတော့ သိပ်ကောင်းမှာမဟုတ်ပါဘူး။ Samsung, Dell နဲ့ Philipsတို့အားလုံးက 1440p အထိ ထောက်ပံ့ပေးထားပါတယ်။ Asus ကတော့ 144Hz အထိတော့ မြှင့်ထားပေးပါတယ်။ သူကဘာအတွက်ဦးတည်ထားတာလဲဆိုတော့ အမြင်ကျယ်ဖို့အတွက်ပါ။ DisplayHDR 400 ကိုတော့ ထောက်ပံ့ပေးထားပါတယ်။


နောက်ဆုံးတစ်ခုကတော့ XG32VQ ဖြစ်ပါတယ်။ DisplayHDR 400 ပါဝင်တဲ့ သမားရိုးကျ 144Hz 16:9 1440p model ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၃၁.၅လက်မဆိုတာကတော့ မော်နီတာအများစုထက် ပိုကြီးနေတာကိုဝန်ခံရမှာပါ။ pixel density ကလည်း အသင့်အတင့်ပါပဲ။ သင့်ရဲ့ GPU က 4K အထိမရဘူး၊ ပုံရိပ်အရမ်းကောင်းတာတွေလည်း မလိုအပ်ဘူးဆိုရင်တော့ အဆင်ပြေမှာပါ။ DCI-P3 gamut ရဲ့ ၉၄ရာခိုင်နှုန်းကို လုံလောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
XG49VQ နဲ့ XG32VQ ကတော့ ဒီလကုန်မှာ ရနိုင်မှာပါ။ XG438Q ကတော့ ၂၀၁၉ နွေဦးလောက်မှ ရနိုင်မှာပါ။ ဈေးနှုန်းအကြောင်းတော့ မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.