Privacy နဲ႕ပတ္သတ္ျပီး ျပိဳင္ဘက္ေတြကိုသေရာ္ထားတဲ့ ေၾကာ္ျငာကို CES မွာတင္ခဲ့တဲ့ Apple

0
1370

Zawgyi Version

Apple က CES ကို ဘယ္တုန္းကမွ မတက္ခဲ့ပါဘူး။

သမုိင္းေၾကာင္းေတြျပန္လွန္ၾကည့္လိုက္မယ္ဆိုရင္ CES မွာ Apple ဆိုတာ တရား၀င္တည္ရွိမႈတစ္ခု မဟုတ္ခဲ့ပါဘူး။ သူ႕ရဲ႕ေအာင္ျမင္တဲ့ပြဲအခမ္းအနားေတြကို ကုိယ္တုိင္ launch event လုပ္ခဲ့တာဆိုေတာ့ အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ iPod နဲ႕ iPhone က Apple ကို နည္းပညာရဲ႕အထြဋ္အထိပ္ကို ေရာက္ေစခဲ့တာမဟုတ္လား။ Steve Jobs keynotes ေတြဆိုတာလည္း ေမ့လို႕မရႏုိင္တဲ့ပြဲေတြျဖစ္ခဲ့တယ္။ marketing campaigns ေတြလည္း မလုပ္တာမ်ားပါတယ္။ သူတုိ႕က ထုတ္ကုန္အေၾကာင္းမက္ေဆ့ခ်္ေပးတာနည္းပါတယ္။

CES 2019 အတြက္ Las Vegas ကို ေရာက္တဲ့အခ်ိန္မွာ ေၾကာ္ျငာၾကီးကို ေတြ႕ျမင္လိုက္ရတယ္။ ကိုယ့္မ်က္လံုးေတာင္ မယံုခ်င္ျဖစ္သြားတယ္။ CES လုပ္ေနတဲ့ convention center နဲ႕ မနီးမေ၀းမွာ ျပထားတာပါ။ စကားလံုးေတြအမ်ားၾကီးမဟုတ္ေပမယ့္လည္း convention center ကို လာတဲ့သူတုိင္းကို Apple အရိပ္ေတြလႊမ္းျခံဳမိေအာင္ ျပင္ဆင္ထားတဲ့သေဘာပါ။

Privacy ကို ဦးတည္ထားတာ အဆန္းမဟုတ္ပါဘူး။ သံုးစြဲသူေတြရဲ႕အခ်က္အလက္ကိုေရာင္းစားျပီး ေငြမရွာဘူးလို႕ေျပာခဲ့တာပါ။ သူေရာင္းမွာက hardware နဲ႕ software ပါ။ privacy ပိုင္းမွာ FBI ေတြဖြင့္ခိုင္းတဲ့ iPhone ကို မဖြင့္ေပးခဲ့တဲ့ လြန္ခဲ့တဲ့သံုးႏွစ္ကျဖစ္ရပ္ကေန စတင္ခဲ့တာပါ။ အဲဒီဖုန္းဟာ အၾကမ္းဖက္သမားလို႕ယူဆရသူရဲ႕ဖုန္းျဖစ္ပါတယ္။ ၂၀၁၈မွာလည္း Facebook ရဲ႕ လံုျခံဳေရးအရွဳပ္ေတာ္ပံုေတြ ေပၚလာခဲ့ပါေသးတယ္။ ဒါေၾကာင့္ အာဏာပိုင္ေတြကလည္း Google လိုမ်ိဳး နည္းပညာလုပ္ငန္းရွင္ေတြရဲ႕လုပ္ေဆာင္ေနမႈေတြကို စိတ္၀င္စားလာၾကပါတယ္။

Privacy ဆိုတာ လူတုိင္းစိတ္ထဲမွာေတြးေနၾကတဲ့ေလာကၾကီးထဲမွာ Apple တစ္ေယာက္တည္းပဲ နည္းပညာေလာကမွာ စြဲကိုင္ထားသလိုျဖစ္ေနပါတယ္။ ဆုိင္းဘုတ္ၾကီးကေျပာေနပါတယ္။ ခင္ဗ်ားတို႕လုပ္ခ်င္တာသာ လုပ္ပါ။ ကၽြန္ေတာ္တို႕သိမွာမဟုတ္ပါဘူးတဲ့ေလ။

ဒီႏွစ္ပြဲမွာ Google ရဲ႕တည္ရွိမႈကေတာ့ မႏွစ္ကထက္ ပိုမ်ားလာတယ္ဆိုတာ ၀န္ခံရမွာပါ။ ႏွစ္ႏွစ္ဆက္တုိက္ပါပဲ။ Googleဆီက အသစ္အဆန္းမျမင္ရေပမယ့္လည္း CES ကို မတက္ဘဲမေနပါဘူး။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ၂၀၁၈ရဲ႕ privacy အရွဳပ္ေတာ္ပံုကို လူတုိင္းရဲ႕စိတ္ထဲမွာ ေတြ႕ျမင္လာေအာင္ CES ရဲ႕ လာေရာက္သူတုိင္းကို အသိေပးေနသလိုပါပဲ။

iPhone ေရာင္းအားေတြက်ဆင္းေနပါတယ္။ ဒီေတာ့ ဒါေၾကာင့္မ်ားလားေပါ့ေလ။ ျဖစ္ႏုိင္ပါတယ္။ သင္ကသာ Vegas-proof စမတ္ဖုန္းတစ္လံုးလိုခ်င္ေနမယ္ဆုိရင္ Apple က ေရာင္းေပးဖုိ႕အသင့္ပါပဲ။

ဒါက ေၾကာ္ျငာတစ္ခုတည္းပါပဲ။ ေပးခ်င္တဲ့မက္ေဆ့ခ်္ကလည္း အသစ္အဆန္းမဟုတ္ပါဘူး။ ဒီမက္ေဆ့ခ်္မေပးဘူးဆိုရင္လည္း သူတို႕မွာေပးစရာမရွိပါဘူး။ ဒါဟာ ေၾကာ္ျငာၾကီးမဟုတ္ေပမယ့္၊ ကမ္ပိန္းၾကီးမဟုတ္ေပမယ့္လည္း privacy ကို အသားေပးေနၾကတဲ့ နည္းပညာလုပ္ငန္းတစ္ခုဆိုတာေတာ့ ဆုိင္းဘုတ္ေလးကိုျမင္လိုက္တာနဲ႕ သိၾကမယ့္အရာမ်ိဳးပါ။

CES မွာ ေၾကာ္ျငာ၀င္ခဲ့တဲ့ Apple ဆီကေန ဘာအေၾကာင္းအရာမ်ိဳးနဲ႕ မွတ္ခ်က္ေတြၾကားရဦးမလဲဆိုတာ ကၽြန္ေတာ္တို႕ ေစာင့္ေမွ်ာ္ေနပါတယ္။

Unicode Version

Apple က CES ကို ဘယ်တုန်းကမှ မတက်ခဲ့ပါဘူး။
သမိုင်းကြောင်းတွေပြန်လှန်ကြည့်လိုက်မယ်ဆိုရင် CES မှာ Apple ဆိုတာ တရားဝင်တည်ရှိမှုတစ်ခု မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့အောင်မြင်တဲ့ပွဲအခမ်းအနားတွေကို ကိုယ်တိုင် launch event လုပ်ခဲ့တာဆိုတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ iPod နဲ့ iPhone က Apple ကို နည်းပညာရဲ့အထွဋ်အထိပ်ကို ရောက်စေခဲ့တာမဟုတ်လား။ Steve Jobs keynotes တွေဆိုတာလည်း မေ့လို့မရနိုင်တဲ့ပွဲတွေဖြစ်ခဲ့တယ်။ marketing campaigns တွေလည်း မလုပ်တာများပါတယ်။ သူတို့က ထုတ်ကုန်အကြောင်းမက်ဆေ့ချ်ပေးတာနည်းပါတယ်။
CES 2019 အတွက် Las Vegas ကို ရောက်တဲ့အချိန်မှာ ကြော်ငြာကြီးကို တွေ့မြင်လိုက်ရတယ်။ ကိုယ့်မျက်လုံးတောင် မယုံချင်ဖြစ်သွားတယ်။ CES လုပ်နေတဲ့ convention center နဲ့ မနီးမဝေးမှာ ပြထားတာပါ။ စကားလုံးတွေအများကြီးမဟုတ်ပေမယ့်လည်း convention center ကို လာတဲ့သူတိုင်းကို Apple အရိပ်တွေလွှမ်းခြုံမိအောင် ပြင်ဆင်ထားတဲ့သဘောပါ။
Privacy ကို ဦးတည်ထားတာ အဆန်းမဟုတ်ပါဘူး။ သုံးစွဲသူတွေရဲ့အချက်အလက်ကိုရောင်းစားပြီး ငွေမရှာဘူးလို့ပြောခဲ့တာပါ။ သူရောင်းမှာက hardware နဲ့ software ပါ။ privacy ပိုင်းမှာ FBI တွေဖွင့်ခိုင်းတဲ့ iPhone ကို မဖွင့်ပေးခဲ့တဲ့ လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်ရပ်ကနေ စတင်ခဲ့တာပါ။ အဲဒီဖုန်းဟာ အကြမ်းဖက်သမားလို့ယူဆရသူရဲ့ဖုန်းဖြစ်ပါတယ်။ ၂၀၁၈မှာလည်း Facebook ရဲ့ လုံခြုံရေးအရှုပ်တော်ပုံတွေ ပေါ်လာခဲ့ပါသေးတယ်။ ဒါကြောင့် အာဏာပိုင်တွေကလည်း Google လိုမျိုး နည်းပညာလုပ်ငန်းရှင်တွေရဲ့လုပ်ဆောင်နေမှုတွေကို စိတ်ဝင်စားလာကြပါတယ်။
Privacy ဆိုတာ လူတိုင်းစိတ်ထဲမှာတွေးနေကြတဲ့လောကကြီးထဲမှာ Apple တစ်ယောက်တည်းပဲ နည်းပညာလောကမှာ စွဲကိုင်ထားသလိုဖြစ်နေပါတယ်။ ဆိုင်းဘုတ်ကြီးကပြောနေပါတယ်။ ခင်ဗျားတို့လုပ်ချင်တာသာ လုပ်ပါ။ ကျွန်တော်တို့သိမှာမဟုတ်ပါဘူးတဲ့လေ။
ဒီနှစ်ပွဲမှာ Google ရဲ့တည်ရှိမှုကတော့ မနှစ်ကထက် ပိုများလာတယ်ဆိုတာ ဝန်ခံရမှာပါ။ နှစ်နှစ်ဆက်တိုက်ပါပဲ။ Googleဆီက အသစ်အဆန်းမမြင်ရပေမယ့်လည်း CES ကို မတက်ဘဲမနေပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ၂၀၁၈ရဲ့ privacy အရှုပ်တော်ပုံကို လူတိုင်းရဲ့စိတ်ထဲမှာ တွေ့မြင်လာအောင် CES ရဲ့ လာရောက်သူတိုင်းကို အသိပေးနေသလိုပါပဲ။
iPhone ရောင်းအားတွေကျဆင်းနေပါတယ်။ ဒီတော့ ဒါကြောင့်များလားပေါ့လေ။ ဖြစ်နိုင်ပါတယ်။ သင်ကသာ Vegas-proof စမတ်ဖုန်းတစ်လုံးလိုချင်နေမယ်ဆိုရင် Apple က ရောင်းပေးဖို့အသင့်ပါပဲ။
ဒါက ကြော်ငြာတစ်ခုတည်းပါပဲ။ ပေးချင်တဲ့မက်ဆေ့ချ်ကလည်း အသစ်အဆန်းမဟုတ်ပါဘူး။ ဒီမက်ဆေ့ချ်မပေးဘူးဆိုရင်လည်း သူတို့မှာပေးစရာမရှိပါဘူး။ ဒါဟာ ကြော်ငြာကြီးမဟုတ်ပေမယ့်၊ ကမ်ပိန်းကြီးမဟုတ်ပေမယ့်လည်း privacy ကို အသားပေးနေကြတဲ့ နည်းပညာလုပ်ငန်းတစ်ခုဆိုတာတော့ ဆိုင်းဘုတ်လေးကိုမြင်လိုက်တာနဲ့ သိကြမယ့်အရာမျိုးပါ။
CES မှာ ကြော်ငြာဝင်ခဲ့တဲ့ Apple ဆီကနေ ဘာအကြောင်းအရာမျိုးနဲ့ မှတ်ချက်တွေကြားရဦးမလဲဆိုတာ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။

Leave a Reply