Posted on Leave a comment

iPhone ေရာင္းအားက်ဆင္းရျခင္းမွာ ေစ်းေပါတဲ့ဘတ္ထရီလဲလွယ္မႈမ်ားေၾကာင့္လို႕ Apple ဆို

Zawgyi Version

ဘတ္ထရီကို လဲဖို႕လြယ္ေလေလ iPhone အသစ္၀ယ္ဖုိ႕အတြက္ စိတ္ကူးတဲ့သူကနည္းသြားေလေလပါပဲ။

iPhone ၀ယ္လိုအားက်ဆင္းသြားတဲ့အတြက္ေၾကာင့္ ၀င္ေငြေဒၚလာကိုးဘီလ်ံေလာက္ ဆံုးရွံဳးရႏုိင္ေခ်ရွိတယ္လို႕ Apple က ေျပာၾကားထားပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဘတ္ထရီလဲလွယ္ျပီးသံုးစြဲေနျခင္းေၾကာင့္လို႕ စီအီးအို တင္ကြတ္ခ္က ရင္းႏွီးျမွဳပ္ႏွံသူေတြကို ျပန္လည္ေခ်ပထားတာလည္းျဖစ္ပါတယ္။

မႏွစ္ကတုန္းက iPhone model အေဟာင္းေတြရဲ႕ ဘတ္ထရီအားက်ဆင္းသြားျခင္းအတြက္ ၀န္ခံခဲ့ျပီးေတာ့ အခ်ိဳ႕ဆိုရင္ စက္ပိတ္သြားတဲ့အေျခအေနအထိျဖစ္သြားလို႕ ပရိုဂရမ္တစ္ခုနဲ႕ ေျဖသိမ့္ဖို႕ၾကိဳးစားခဲ့ရပါတယ္။ ဒါေၾကာင့္ ၇၉ေဒၚလာတန္ဘတ္ထရီလဲလွယ္မႈကို ၂၉ေဒၚလာနဲ႕ ေစ်းခ်ေပးခဲ့ရတာလည္း အားလံုးအသိပါပဲ။

အဲဒီလိုေစ်းႏႈန္းက်ဆင္းသြားတဲ့အတြက္ေၾကာင့္ ၂၀၁၈ခုႏွစ္ထဲမွာ လူအေတာ္မ်ားမ်ားက ဘတ္ထရီေတြကို လဲလွယ္သံုးစြဲခဲ့ျပီးေတာ့ ေမာ္ဒယ္လ္အသစ္ကို၀ယ္ယူမႈေတြ နည္းပါးသြားခဲ့ပါတယ္။ ဒါေၾကာင့္ iPhone ဘတ္ထရီေတြက လဲရတာ ေစ်းသက္သာျပီးလြယ္ကူလာမယ္ဆိုရင္ေတာ့ iPhone အသစ္ေတြက ေဒၚလာ၁၄၄၉ ဆိုေတာ့ အသစ္၀ယ္ၾကပါေတာ့မလား။ ေနာက္ျပီး အဆင္မေျပျဖစ္ေနတဲ့ iPhone model အေဟာင္းေတြမွာ feature ေတြကို ဘယ္လိုပိတ္ရမလဲဆိုတာကို Apple ကိုယ္တုိင္ကလည္း ေျပာျပထားပါတယ္။ ဘတ္ထရီေၾကာင့္ျဖစ္ေနတယ္ဆိုရင္ Low Battery Power mode ကို ဖြင့္လုိက္တာ ဒါမွမဟုတ္ power bank ေဆာင္ထားတာမ်ိဳးပဲ လုပ္ေတာ့မွာေပါ့။ ၂၀၁၈ခုႏွစ္မွာ iPhone model အေဟာင္းေတြရဲ႕ သက္တမ္းအရည္အေသြးစိတ္ေက်နပ္စရာမေကာင္းမႈကို ေျပေပ်ာက္ေစႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အသစ္လဲဖို႕စိတ္ကူးေတြ ေပ်ာက္ပ်က္သြားတာမျဖစ္ႏုိင္ဘူးလား။

အေရာင္းပိုင္းကိန္းဂဏန္းေတြကိုေတာ့ တိတိက်က်မသိပါဘူး။ ဒါေပမယ့္လည္း ေစာင့္ၾကည့္မယ္ဆိုရင္ ျမင္ရႏုိင္မယ္လို႕ထင္လို႕လား။ မႏွစ္က ႏို၀င္ဘာ၁ရက္ေန႕တုန္းက iPhone, iPads, Mac ေတြ ဘယ္ေလာက္ေရာင္းရလဲဆိုတာ ေျပာခဲ့တာမဟုတ္ပါဘူး။ ဒါပါပဲ။

Unicode Version

ဘတ်ထရီကို လဲဖို့လွယ်လေလေ iPhone အသစ်ဝယ်ဖို့အတွက် စိတ်ကူးတဲ့သူကနည်းသွားလေလေပါပဲ။
iPhone ဝယ်လိုအားကျဆင်းသွားတဲ့အတွက်ကြောင့် ဝင်ငွေဒေါ်လာကိုးဘီလျံလောက် ဆုံးရှုံးရနိုင်ချေရှိတယ်လို့ Apple က ပြောကြားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်ထရီလဲလှယ်ပြီးသုံးစွဲနေခြင်းကြောင့်လို့ စီအီးအို တင်ကွတ်ခ်က ရင်းနှီးမြှုပ်နှံသူတွေကို ပြန်လည်ချေပထားတာလည်းဖြစ်ပါတယ်။
မနှစ်ကတုန်းက iPhone model အဟောင်းတွေရဲ့ ဘတ်ထရီအားကျဆင်းသွားခြင်းအတွက် ဝန်ခံခဲ့ပြီးတော့ အချို့ဆိုရင် စက်ပိတ်သွားတဲ့အခြေအနေအထိဖြစ်သွားလို့ ပရိုဂရမ်တစ်ခုနဲ့ ဖြေသိမ့်ဖို့ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ၇၉ဒေါ်လာတန်ဘတ်ထရီလဲလှယ်မှုကို ၂၉ဒေါ်လာနဲ့ ဈေးချပေးခဲ့ရတာလည်း အားလုံးအသိပါပဲ။
အဲဒီလိုဈေးနှုန်းကျဆင်းသွားတဲ့အတွက်ကြောင့် ၂၀၁၈ခုနှစ်ထဲမှာ လူအတော်များများက ဘတ်ထရီတွေကို လဲလှယ်သုံးစွဲခဲ့ပြီးတော့ မော်ဒယ်လ်အသစ်ကိုဝယ်ယူမှုတွေ နည်းပါးသွားခဲ့ပါတယ်။ ဒါကြောင့် iPhone ဘတ်ထရီတွေက လဲရတာ ဈေးသက်သာပြီးလွယ်ကူလာမယ်ဆိုရင်တော့ iPhone အသစ်တွေက ဒေါ်လာ၁၄၄၉ ဆိုတော့ အသစ်ဝယ်ကြပါတော့မလား။ နောက်ပြီး အဆင်မပြေဖြစ်နေတဲ့ iPhone model အဟောင်းတွေမှာ feature တွေကို ဘယ်လိုပိတ်ရမလဲဆိုတာကို Apple ကိုယ်တိုင်ကလည်း ပြောပြထားပါတယ်။ ဘတ်ထရီကြောင့်ဖြစ်နေတယ်ဆိုရင် Low Battery Power mode ကို ဖွင့်လိုက်တာ ဒါမှမဟုတ် power bank ဆောင်ထားတာမျိုးပဲ လုပ်တော့မှာပေါ့။ ၂၀၁၈ခုနှစ်မှာ iPhone model အဟောင်းတွေရဲ့ သက်တမ်းအရည်အသွေးစိတ်ကျေနပ်စရာမကောင်းမှုကို ပြေပျောက်စေနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသစ်လဲဖို့စိတ်ကူးတွေ ပျောက်ပျက်သွားတာမဖြစ်နိုင်ဘူးလား။
အရောင်းပိုင်းကိန်းဂဏန်းတွေကိုတော့ တိတိကျကျမသိပါဘူး။ ဒါပေမယ့်လည်း စောင့်ကြည့်မယ်ဆိုရင် မြင်ရနိုင်မယ်လို့ထင်လို့လား။ မနှစ်က နိုဝင်ဘာ၁ရက်နေ့တုန်းက iPhone, iPads, Mac တွေ ဘယ်လောက်ရောင်းရလဲဆိုတာ ပြောခဲ့တာမဟုတ်ပါဘူး။ ဒါပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.