Foldable Display ကို ျပသလိုက္တဲ့ BOE

0
361

ဒီႏွစ္ထဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားစြာ ထြက္ေပၚလာႏုိင္ပါတယ္။ Samsung , Huawei , Xiaomi နဲ႔ OPPO တို႔က ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ဒီႏွစ္မွာ အၿပိဳင္အဆိုင္ ထုတ္လုပ္ေရာင္းခ်ၾကမယ္လို႔ သတင္းထြက္ေနပါတယ္။ ဆမ္ေဆာင္းကေတာ့ သူ႔ စမတ္ဖုန္းမွာ သံုးမယ့္ ေခါက္ခ်ိဳး မ်က္ႏွာျပင္ကို သူ ကိုယ္တိုင္ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္း နမူနာ ေမာ္ဒယ္ကိုလည္း တရား၀င္ ျပသၿပီးပါၿပီ။

ေခါက္ခ်ိဳး စမတ္ဖုန္းမ်ား အတြက္ ေခါက္ခ်ိဳး မ်က္ႏွာျပင္ နည္းပညာဟာ အဓိက က်ပါတယ္။ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားကို ထုတ္လုပ္ေနတဲ့ ကုမၸဏီမ်ားထဲမွာ တရုတ္ အေျခစုိက္ BOE က နာမည္ႀကီးပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး မ်က္ႏွာျပင္ အလုပ္လုပ္ပံု ဗီဒီယိုကို ျပသလိုက္ပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္ဟာ ျဖန္႔ထားရင္ ၇.၆၅ လက္မ အရြယ္ ျဖစ္ၿပီး 2048x1536p WQHD Resolution ျဖစ္ပါတယ္။ AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။ BOE က သူရဲ႕ မ်က္ႏွာျပင္ဟာ အႀကိမ္ေပါင္း ၁၀၀ ၀၀၀ အထိ ေခါက္ခ်ိဳးႏိုင္တယ္လို႔ ေျပာထားပါတယ္။

Xiaomi နဲ႔ Oppo တို႔ကလည္း ဒီလို စမတ္ဖုန္းမ်ိဳးကို ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းမ်ားမွာထည့္သြင္းမယ့္ ေကြးညႊတ္ေပ်ာ့ေျပာင္းတဲ့ မ်က္ႏွာျပင္ကို ထုတ္လုပ္ေပးမယ့္ ကုမၸဏီမ်ားကို ကုမၸဏီ ႏွစ္ခုက ရွာေဖြေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ေကြးညႊတ္ မ်က္ႏွာျပင္မ်ားကို ဖန္တီးေနတဲ့ ကုမၸဏီမ်ားကေတာ့ LG Display , BOE , Visionox တို႔ ျဖစ္ပါတယ္။

ေရွာင္မီက သူ႔ရဲ႕ ထံုးစံအတိုင္းပဲ ေကြးညႊတ္ စမတ္ဖုန္းရဲ႕ ေစ်းကို ၿပိဳင္ဖက္မ်ားထက္ သက္သာေအာင္ ျပဳလုပ္မယ္လို႔ သိရပါတယ္။ ဆမ္ေဆာင္းရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ ၁၇၈၈ နဲ႔ ၂၆၅၂ ေဒၚလာအၾကားမွာရွိမယ္လို႔ သတင္းထြက္ေနပါတယ္။ ေရွာင္မီကေတာ့ ၈၉၆ နဲ႔ ၁၃၄၄ ေဒၚလာအၾကားမွာသာ ေရာင္းခ်ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

ေရွာင္မီက အေစာပိုင္းမွာ အဲဒီ စမတ္ဖုန္းကို တရုတ္မွာသာ ေရာင္းခ်ဖို႔ ရည္ရြယ္ထားတယ္လို႔ သတင္းထြက္ေနပါတယ္။ ေကြးညႊတ္ စမတ္ဖုန္းကို ပထမဆံုး ေရာင္းခ်တဲ့ကုမၸဏီ ျဖစ္ဖို႔ ေရွာင္မီက ႀကိဳးစားေနပါတယ္။ ေရွာင္မီဟာ အဲဒီ ဖုန္းကို မိတ္ဆက္ၿပီးတာနဲ႔ အေျမာက္အမ်ား ထုတ္လုပ္ေရာင္းခ်ႏုိင္ေအာင္ ျပင္ဆင္ေနပါတယ္။

unicode

Foldable Display ကို ပြသလိုက်တဲ့ BOE

ဒီနှစ်ထဲမှာ ခေါက်ချိုး စမတ်ဖုန်းများစွာ ထွက်ပေါ်လာနိုင်ပါတယ်။ Samsung , Huawei , Xiaomi နဲ့ OPPO တို့က ခေါက်ချိုး စမတ်ဖုန်းများကို ဒီနှစ်မှာ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချကြမယ်လို့ သတင်းထွက်နေပါတယ်။ ဆမ်ဆောင်းကတော့ သူ့ စမတ်ဖုန်းမှာ သုံးမယ့် ခေါက်ချိုး မျက်နှာပြင်ကို သူ ကိုယ်တိုင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်း နမူနာ မော်ဒယ်ကိုလည်း တရားဝင် ပြသပြီးပါပြီ။

ခေါက်ချိုး စမတ်ဖုန်းများ အတွက် ခေါက်ချိုး မျက်နှာပြင် နည်းပညာဟာ အဓိက ကျပါတယ်။ ခေါက်ချိုး မျက်နှာပြင်များကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီများထဲမှာ တရုတ် အခြေစိုက် BOE က နာမည်ကြီးပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး မျက်နှာပြင် အလုပ်လုပ်ပုံ ဗီဒီယိုကို ပြသလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ဖြန့်ထားရင် ၇.၆၅ လက်မ အရွယ် ဖြစ်ပြီး 2048x1536p WQHD Resolution ဖြစ်ပါတယ်။ AMOLED အမျိုးအစား ဖြစ်ပါတယ်။ BOE က သူရဲ့ မျက်နှာပြင်ဟာ အကြိမ်ပေါင်း ၁၀၀ ၀၀၀ အထိ ခေါက်ချိုးနိုင်တယ်လို့ ပြောထားပါတယ်။

Xiaomi နဲ့ Oppo တို့ကလည်း ဒီလို စမတ်ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းများမှာထည့်သွင်းမယ့် ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်ကို ထုတ်လုပ်ပေးမယ့် ကုမ္ပဏီများကို ကုမ္ပဏီ နှစ်ခုက ရှာဖွေနေတယ်လို့ သတင်းထွက်နေပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။

ရှောင်မီက သူ့ရဲ့ ထုံးစံအတိုင်းပဲ ကွေးညွှတ် စမတ်ဖုန်းရဲ့ ဈေးကို ပြိုင်ဖက်များထက် သက်သာအောင် ပြုလုပ်မယ်လို့ သိရပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ၁၇၈၈ နဲ့ ၂၆၅၂ ဒေါ်လာအကြားမှာရှိမယ်လို့ သတင်းထွက်နေပါတယ်။ ရှောင်မီကတော့ ၈၉၆ နဲ့ ၁၃၄၄ ဒေါ်လာအကြားမှာသာ ရောင်းချဖို့ မျှော်မှန်းထားပါတယ်။

ရှောင်မီက အစောပိုင်းမှာ အဲဒီ စမတ်ဖုန်းကို တရုတ်မှာသာ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့ ရှောင်မီက ကြိုးစားနေပါတယ်။ ရှောင်မီဟာ အဲဒီ ဖုန်းကို မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ထုတ်လုပ်ရောင်းချနိုင်အောင် ပြင်ဆင်နေပါတယ်။

Leave a Reply