Laptop/PC Trending

240Hz display ပါ၀င္တဲ့ ပထမဆံုး gaming laptop ျဖစ္တဲ့ HP ရဲ႕ Omen 15

Zawgyi Version

NVIDIA ရဲ႕ ေနာက္ဆံုးထြက္ graphic ေတြဟာ PC ေတြကို ျမင္းေကာင္ေရအား အေတာ္ေလးထည့္သြင္းေပးႏုိင္ပါတယ္။

HP က Omen 15 မွာ refresh rate ကို ျမွင့္တင္လုိက္ပါျပီ။ ဟုတ္ပါတယ္။ ၁၅.၆လက္မ 1080p 240Hz IPS display နဲ႕ထြက္ရွိလာမယ့္ ကမာၻ႕ပထမဆံုး ဂိမ္းမင္းလက္ပ္ေတာ့ျဖစ္ပါတယ္။ ျမန္ပါတယ္ဆိုတဲ့ အပစ္အခတ္ကၽြမ္းက်င္တဲ့ဂိမ္းသမားေတြထက္ေတာင္ ေရွ႕ေရာက္ေနမွာျဖစ္ပါတယ္။ NVIDIA ရဲ႕ ေနာက္ဆံုးထြက္ mobile graphics နဲ႕ပြဲထြက္မွာျဖစ္ျပီး 8th-generation Intel Core i7-8750H processor ၊ 16GB RAM နဲ႕ 802.11ax wireless တို႕ကိုလည္း ေတြ႕ျမင္ခံစားရမွာျဖစ္ပါတယ္။

HP ကေန ထြက္ရွိလာတာျဖစ္တဲ့အတြက္ Omen 15 မွာ design ပိုင္းကေတာ့ သိပ္မထင္ရွားပါဘူး။ အေနာက္ဘက္မွာ အနီေရာင္ “X” ေလးနဲ႕သာ အလွဆင္ထားတာပါ။ ဒီဇိုင္းကေတာ့ အရင္ေမာ္ဒယ္လ္ကေန ကြဲထြက္ေနတာမ်ိဳး မရွိပါဘူး။ ပါးလႊာထားတဲ့အနားသတ္မ်ား၊ LED ကီးဘုတ္နဲ႕ ေပါင္ခ်ိန္ ၅.၃သာ ေလးတဲ့ ေပါ့ပါးမႈေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အခ်က္အလက္ေတြကိုၾကည့္လိုက္တဲ့အခ်ိန္မွာ graphics pro ေတြအတြက္ေတာင္ အဆင္ေျပေနတာကို ေတြ႕ျမင္ရပါတယ္။ Omen 15 ကို ၀ယ္ယူခ်င္တယ္ဆိုရင္ေတာ့ ေဖေဖာ္၀ါရီလမွာ ေဒၚလာ၁၃၇၀နဲ႕ ရရွိႏုိင္မွာျဖစ္ပါတယ္။

HP Omen 15 gaming laptop

Unicode Version

NVIDIA ရဲ့ နောက်ဆုံးထွက် graphic တွေဟာ PC တွေကို မြင်းကောင်ရေအား အတော်လေးထည့်သွင်းပေးနိုင်ပါတယ်။
HP က Omen 15 မှာ refresh rate ကို မြှင့်တင်လိုက်ပါပြီ။ ဟုတ်ပါတယ်။ ၁၅.၆လက်မ 1080p 240Hz IPS display နဲ့ထွက်ရှိလာမယ့် ကမ္ဘာ့ပထမဆုံး ဂိမ်းမင်းလက်ပ်တော့ဖြစ်ပါတယ်။ မြန်ပါတယ်ဆိုတဲ့ အပစ်အခတ်ကျွမ်းကျင်တဲ့ဂိမ်းသမားတွေထက်တောင် ရှေ့ရောက်နေမှာဖြစ်ပါတယ်။ NVIDIA ရဲ့ နောက်ဆုံးထွက် mobile graphics နဲ့ပွဲထွက်မှာဖြစ်ပြီး 8th-generation Intel Core i7-8750H processor ၊ 16GB RAM နဲ့ 802.11ax wireless တို့ကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။
HP ကနေ ထွက်ရှိလာတာဖြစ်တဲ့အတွက် Omen 15 မှာ design ပိုင်းကတော့ သိပ်မထင်ရှားပါဘူး။ အနောက်ဘက်မှာ အနီရောင် “X” လေးနဲ့သာ အလှဆင်ထားတာပါ။ ဒီဇိုင်းကတော့ အရင်မော်ဒယ်လ်ကနေ ကွဲထွက်နေတာမျိုး မရှိပါဘူး။ ပါးလွှာထားတဲ့အနားသတ်များ၊ LED ကီးဘုတ်နဲ့ ပေါင်ချိန် ၅.၃သာ လေးတဲ့ ပေါ့ပါးမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အချက်အလက်တွေကိုကြည့်လိုက်တဲ့အချိန်မှာ graphics pro တွေအတွက်တောင် အဆင်ပြေနေတာကို တွေ့မြင်ရပါတယ်။ Omen 15 ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဖေဖော်ဝါရီလမှာ ဒေါ်လာ၁၃၇၀နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

HP Omen 15 gaming laptop

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.