How-To Mobile Phone Tutorial
Jailbreak iPhone ထဲကနေ Tweak တွေကို ဘယ်လိုမျိုး uninstall လုပ်ကြမလဲ
Zawgyi Version
Unicode Version
iPhone ကနေ မလိုချင်တဲ့ app တွေ ဖယ်ထုတ်ရတာက အေးဆေးပဲပေ့ါ။ ဖျက်ချင်တဲ့app ရဲ့ အိုင်ကွန်လေးကိုဖိထားလိုက် ပြီးရင်ပေါ်လာတဲ့ delete button လေးကို နှိပ်လိုက်ရင် ပြီးသွားပြီ။ ဒါပေမယ့်လည်း Jailbreak iPhone ထဲကနေ Tweak တွေကို ဖျက်ချင်ရင်တော့ အလွယ်လေးမဟုတ်တော့တာ စိတ်မကောင်းစရာပါပဲ။
tweak အတော်များများကတော့ Apple ရဲ့ ပိတ်ပင်ခြင်းကို ခံထားရပါတယ်။ ဒါကြောင့် performance ပိုင်းမှာ ထိခိုက်တဲ့ဖြစ်ရပ်တွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။ Safari ၊ Photos တို့လိုမျိုး stock iOS app တွေလိုပဲ Cydia ဒါမှမဟုတ် Sileo ကနေ သွင်းလိုက်တဲ့ jailbreak tweak တွေက iPhone ရဲ့ OS ထဲမှာ တွယ်ကပ်သွားတဲ့အတွက်ကြောင့် အလွယ်တကူ uninstall လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် Cydia or Sileo ကို သွားပြီးတော့မှ tweak တွေကို ဖယ်ရှားပစ်ရမှာပါ။
Cydia သုံးနေတာဆိုရင်တော့ Cydia အကြောင်းရေးထားတဲ့ပို့စ်ကို ရှာကြည့်လို့ရပါတယ်။ ဒီနေ့မှာတော့ Sileo အကြောင်းပြောသွားပေးမှာပါ။ Sileo ကို ဖွင့်လိုက်ပြီးတော့ အောက်ခြေနားမှာရှိတဲ့ “Packages” ကို ရွေးချယ်ပြီးတော့ သွင်းထားတဲ့ tweak တွေနဲ့ app စာရင်းကို ကြည့်ရမှာပါ။ အဲဒီနေရာကနေပြီးတော့ အက္ခရာစဉ်လိုက်စီထားတဲ့စာရင်းကနေ ဖယ်ချင်တဲ့ tweak ကို ရွေးလိုက်ပ။ါ
App ရဲ့ Details page မှာ “Modify” ဆိုတာလေးကိုရှာပြီးတော့ နှိပ်လိုက်ပါ။ ပြီးရင် “Uninstall” နှိပ်လိုက်ပါ။ လုပ်လိုက်တဲ့အခါမှာ “Queued” card လေးပေါ်လာပါလိမ့်မယ်။
အဆုံးသတ်လိုက်ဖို့အတွက် “Queued” card လေးကို အပြည့်မြင်ရအောက် ထိလိုက်ပါ။ ပြီးရင် ဖျက်ဖို့အတွက် “Confirm” ကို ရွေးလိုက်ပါ။ Sileo က iPhone လေးထဲနေ tweak လေးကို ဖယ်ရှားပေးမှာပါ။ ဒီတော့ သူလုပ်ဆောင်နေတာပြီးတဲ့အထိ စောင့်ပေးလိုက်ပါ။ ပြီးတာနဲ့ “Restart Springboard” ကို နှိပ်ပေးလိုက်ပါ။
“Queue” လုပ်ခြင်းရဲ့ကောင်းကျိုးကတော့ tweak အများကြီးကို တစ်ပြိုင်နက်တည်း uninstall လုပ်လို့ရပါတယ်။ ဒါက အချိန်ကုန်သက်သာစေမှာပါ။
iPhone လေး resprings လုပ်ပြီးတဲ့အချိန်မှာ home screen ဒါမှမဟုတ် Setting app လေးက မလိုလားအပ်တဲ့ ဒါမှမဟုတ် outdated tweaks တွေ ကင်းစင်နေတာကို တွေ့မြင်ရမှာပါ။ Cydia သုံးထားတဲ့ tweak တွေကိုလည်း Sileo သုံးပြီး uninstall လုပ်လို့ရပါတယ်။ Cydia လည်း ထိုနည်းလည်းကောင်းပါပဲ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.