Pepsi Cola ကို Delivery စက္ရုပ္ကေန မွာေသာက္လို႔ရၿပီ

0
370

အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယားမွ University of the Pacific မွ ေက်ာင္းသားမ်ားဟာ ပက္ပ္စီကိုလာနဲ႔ အစားအစာမ်ားကို Delivery စက္ရုပ္မ်ားကေန မွာယူစားသံုးႏုိင္ပါၿပီ။ ၂၀၁၅ ခုႏွစ္မွာစတင္တည္ေထာင္ခဲ့တဲ့ PepsiCo ရဲ႕ Hello Goodness Brand ဟာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာနဲ႔ ေဖ်ာ္ရည္မ်ားကို ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။

PepsiCo က ဆန္ဖရန္စစၥကို ေဘးဧရီယာ အေျခစုိက္ Robby Technologies ရဲ႕ Snackbot စက္ရုပ္မ်ားကို အသံုးျပဳၿပီး အစားအစာမ်ားကို ပို႔ေဆာင္ေပးေနတာ ျဖစ္ပါတယ္။ နံနက္ ၉ နာရီကေန ညေန ၅ နာရီအထိ အစားအစာမ်ားကို တကၠသိုလ္ထဲကို ပို႔ေဆာင္ေပးေနပါတယ္။ Snackbot App ကေန ေက်ာင္း၀န္းရဲ႕ တည္ေနရာ ၅၀ ကို ပုိ႔ေဆာင္ေပးေနပါတယ္။

တကၠသိုလ္မွ ဒါရိုက္တာ တစ္ဦး ျဖစ္သူ Matt Camino က “ ကြ်န္ေတာ္တို႔ တကၠသိုလ္ကေန Snackbot မ်ားကို ႀကိဳဆိုလိုက္ပါတယ္။ စက္ရုပ္မ်ားေၾကာင့္ အစားအစာမ်ား မွာယူစားေသာက္ရတာ ပိုမို အဆင္ေခ်ာလာပါၿပီ။ “ လို႔ ေျပာပါတယ္။ စက္ရုပ္မ်ားဟာ ဘက္ထရီနဲ႔ေမာင္းႏွင္တာ ျဖစ္ၿပီး တစ္ခါအားသြင္းထားရင္ မိုင္ ၂၀ ေမာင္းႏွင္ႏိုင္ပါတယ္။ သူ႔မွာ ပတ္၀န္းက်င္မွ အရာမ်ားကို ၾကည့္ဖို႔ ကင္မရာ တစ္လံုး ပါပါတယ္။ ေက်ာင္းသားမ်ားက စက္ရုပ္ေရာက္လာတာနဲ႔ အစိမ္းေရာင္ အဖံုးကို ဖြင့္ၿပီး အစားအစာမ်ားကိုယူႏုိင္ပါတယ္။

တကၠသိုလ္မွာ စက္ရုပ္မ်ားကို ရက္သတၱပတ္ အနည္းငယ္ၾကာ စမ္းသပ္ၿပီးေနာက္မွာ အခုလို ၀န္ေဆာင္မႈေပးလိုက္တာ ျဖစ္တယ္လို႔ PepsiCo ရဲ႕ ကမာၻလံုး ဆိုင္ရာ အစားအစာ ၀န္ေဆာင္မႈအတြက္ တီထြင္ဖန္တီးမႈ ဌာနမွ ဒုတိယ ဥကၠဌ ျဖစ္သူ Scott Finlow က ေျပာပါတယ္။

unicode

Pepsi Cola ကို Delivery စက်ရုပ်ကနေ မှာသောက်လို့ရပြီ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှ University of the Pacific မှ ကျောင်းသားများဟာ ပက်ပ်စီကိုလာနဲ့ အစားအစာများကို Delivery စက်ရုပ်များကနေ မှာယူစားသုံးနိုင်ပါပြီ။ ၂၀၁၅ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ PepsiCo ရဲ့ Hello Goodness Brand ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာနဲ့ ဖျော်ရည်များကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။

PepsiCo က ဆန်ဖရန်စစ္စကို ဘေးဧရီယာ အခြေစိုက် Robby Technologies ရဲ့ Snackbot စက်ရုပ်များကို အသုံးပြုပြီး အစားအစာများကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အစားအစာများကို တက္ကသိုလ်ထဲကို ပို့ဆောင်ပေးနေပါတယ်။ Snackbot App ကနေ ကျောင်းဝန်းရဲ့ တည်နေရာ ၅၀ ကို ပို့ဆောင်ပေးနေပါတယ်။

တက္ကသိုလ်မှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ Matt Camino က “ ကျွန်တော်တို့ တက္ကသိုလ်ကနေ Snackbot များကို ကြိုဆိုလိုက်ပါတယ်။ စက်ရုပ်များကြောင့် အစားအစာများ မှာယူစားသောက်ရတာ ပိုမို အဆင်ချောလာပါပြီ။ “ လို့ ပြောပါတယ်။ စက်ရုပ်များဟာ ဘက်ထရီနဲ့မောင်းနှင်တာ ဖြစ်ပြီး တစ်ခါအားသွင်းထားရင် မိုင် ၂၀ မောင်းနှင်နိုင်ပါတယ်။ သူ့မှာ ပတ်ဝန်းကျင်မှ အရာများကို ကြည့်ဖို့ ကင်မရာ တစ်လုံး ပါပါတယ်။ ကျောင်းသားများက စက်ရုပ်ရောက်လာတာနဲ့ အစိမ်းရောင် အဖုံးကို ဖွင့်ပြီး အစားအစာများကိုယူနိုင်ပါတယ်။

တက္ကသိုလ်မှာ စက်ရုပ်များကို ရက်သတ္တပတ် အနည်းငယ်ကြာ စမ်းသပ်ပြီးနောက်မှာ အခုလို ဝန်ဆောင်မှုပေးလိုက်တာ ဖြစ်တယ်လို့ PepsiCo ရဲ့ ကမ္ဘာလုံး ဆိုင်ရာ အစားအစာ ဝန်ဆောင်မှုအတွက် တီထွင်ဖန်တီးမှု ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Scott Finlow က ပြောပါတယ်။

Leave a Reply