Smartphone Trending

iPhone 7 နဲ႔ 8 ေရာင္းခ်မႈကို ဂ်ာမနီမွာ စတင္ ပိတ္ပင္ၿပီ

Apple နဲ႔ Qualcomm တို႔ဟာ ကမာၻအ၀န္းမွာ မူပိုင္ခြင့္ ဆိုင္ရာ အမႈတစ္ခုကို ရင္ဆိုင္ေနၾကပါတယ္။  Qualcomm က iOS မွ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ အနည္းငယ္ဟာ သူ႔ရဲ႕ Patents မ်ားကေန ယူသံုးထားတယ္လို႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။  မၾကာေသးခင္ကပဲ တရုတ္ တရားရံုးက Qualcomm အား အႏိုင္ေပးလိုက္ပါတယ္။ တရားရံုးက တရုတ္မွာ iPhone X, 8 , 8 Plus နဲ႔ iPhone 6s အထိ ေမာ္ဒယ္ အေဟာင္းမ်ားအား တင္သြင္း ေရာင္းခ်ျခင္းကို ပိတ္ပင္လိုက္ပါတယ္။

အလားတူ အမႈတစ္ခုမွာ ဂ်ာမနီ တရားရံုးတစ္ခုက Qualcomm ကို ၿပီးခဲ့တဲ့ လက အႏိုင္ေပးလိုက္ပါတယ္။ ဒါေပမယ့္ လံုျခံဳေရး သေဘာတူညီမႈ အေနနဲ႔ Qualcomm က တရားရံုးအား ယူရို ၁.၃၄ ဘီလီယမ္ ေပးေဆာင္ၿပီးမွသာ iPhone 7 နဲ႔ 8 ေရာင္းခ်ျခင္းအား စတင္ ပိတ္ပင္မွာ ျဖစ္ပါတယ္။  အခုေတာ့ Qualcomm က တရားရံုးကို ေပးေဆာင္လိုက္ပါၿပီ။

အဲဒီအတြက္ Apple ရဲ႕ ဂ်ာမနီ အြန္လိုင္း စတိုးနဲ႔ ေျမျပင္ စတိုးမ်ားမွာ iPhone 7 နဲ႔ 8 ေရာင္းခ်ျခင္းအား စတင္ ရပ္နားလိုက္ရပါၿပီ။ Third-party Store မ်ားကေန ေရာင္းခ်လို႔ရေသးလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒီဇင္ဘာလမွာ Apple က ဂ်ာမနီမွ တည္ေနရာေပါင္း ၄၃၀၀ မွာ Carrier နဲ႔ အျခား စတိုးဆိုင္မ်ားကေန အဲဒီ အိုင္ဖုန္းမ်ားကို ၀ယ္ယူႏို္င္မယ္လို႔ ၿပီးခဲ့တဲ့ လက ေျပာပါတယ္။ Qualcomm ကေတာ့ Apple ဟာ အဲဒီ ဖုန္းမ်ားကို အျခား စတိုးဆိုင္မ်ားကေန ျပန္လည္ သိမ္းယူရမယ္လို႔ တရားရံုးက အမိန္႔ခ်ထားတယ္လို႔ ေျပာပါတယ္။ ဘယ္လိုေတြ ဆက္ျဖစ္လာမလဲ ဆိုတာ စိတ္၀င္စားစရာ ေကာင္းေနပါတယ္။

unicode

iPhone 7 နဲ့ 8 ရောင်းချမှုကို ဂျာမနီမှာ စတင် ပိတ်ပင်ပြီ

Apple နဲ့ Qualcomm တို့ဟာ ကမ္ဘာအဝန်းမှာ မူပိုင်ခွင့် ဆိုင်ရာ အမှုတစ်ခုကို ရင်ဆိုင်နေကြပါတယ်။ Qualcomm က iOS မှ ဆော့ဖ်ဝဲ လုပ်ဆောင် အနည်းငယ်ဟာ သူ့ရဲ့ Patents များကနေ ယူသုံးထားတယ်လို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ တရုတ် တရားရုံးက Qualcomm အား အနိုင်ပေးလိုက်ပါတယ်။ တရားရုံးက တရုတ်မှာ iPhone X, 8 , 8 Plus နဲ့ iPhone 6s အထိ မော်ဒယ် အဟောင်းများအား တင်သွင်း ရောင်းချခြင်းကို ပိတ်ပင်လိုက်ပါတယ်။

အလားတူ အမှုတစ်ခုမှာ ဂျာမနီ တရားရုံးတစ်ခုက Qualcomm ကို ပြီးခဲ့တဲ့ လက အနိုင်ပေးလိုက်ပါတယ်။ ဒါပေမယ့် လုံခြုံရေး သဘောတူညီမှု အနေနဲ့ Qualcomm က တရားရုံးအား ယူရို ၁.၃၄ ဘီလီယမ် ပေးဆောင်ပြီးမှသာ iPhone 7 နဲ့ 8 ရောင်းချခြင်းအား စတင် ပိတ်ပင်မှာ ဖြစ်ပါတယ်။ အခုတော့ Qualcomm က တရားရုံးကို ပေးဆောင်လိုက်ပါပြီ။

အဲဒီအတွက် Apple ရဲ့ ဂျာမနီ အွန်လိုင်း စတိုးနဲ့ မြေပြင် စတိုးများမှာ iPhone 7 နဲ့ 8 ရောင်းချခြင်းအား စတင် ရပ်နားလိုက်ရပါပြီ။ Third-party Store များကနေ ရောင်းချလို့ရသေးလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဇင်ဘာလမှာ Apple က ဂျာမနီမှ တည်နေရာပေါင်း ၄၃၀၀ မှာ Carrier နဲ့ အခြား စတိုးဆိုင်များကနေ အဲဒီ အိုင်ဖုန်းများကို ဝယ်ယူနိုင်မယ်လို့ ပြီးခဲ့တဲ့ လက ပြောပါတယ်။ Qualcomm ကတော့ Apple ဟာ အဲဒီ ဖုန်းများကို အခြား စတိုးဆိုင်များကနေ ပြန်လည် သိမ်းယူရမယ်လို့ တရားရုံးက အမိန့်ချထားတယ်လို့ ပြောပါတယ်။ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.