Posted on Leave a comment

iPhone ကနေ tweet ရေးခဲ့လို့ ၀န်ထမ်းနှစ်ယောက်ကို ရာထူးလျှော့ပြီး လစာဖြတ်လိုက်တဲ့ Huawei

Zawgyi Version




Unicode Version

ပြီးခဲ့တဲ့ရက်တွေတုန်းက Huawei ရဲ့ နှစ်သစ်ကူးဆုတောင်းကို iPhone ကနေ တင်လိုက်တဲ့သတင်းကို တင်ခဲ့ဖူးပါတယ်။ အဲဒီသတင်းကလည်း viral ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်နေကြတဲ့သူတွေလည်း များနေမှာပါ။ အခုတော့ ဒီသတင်းထွက်လာခဲ့ပါပြီ။ ဒီဖြစ်ရပ်ဟာ Huawei brand ကို ထိခိုက်စေခဲ့တယ်လို့ စီနီယာ vice president ချန်လိဖန်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လစဉ် ဒေါ်လာ၇၂၈ ဖြတ်တောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး ၁၂လ တိတိဖြတ်တောက်သွားမှာပါ။


အတွင်းပိုင်းသတင်းတွေအရဆိုရင်တော့ သူ့ရဲ့ကွန်ပျူတာမှာ VPN problems တက်နေခဲ့တယ်လို့ သိရပါတယ်။ VPNs ဟာ တရုတ်နိုင်ငံကနေ တွစ်တာသုံးဖို့အတွက် အကူညီပေးနိုင်ပါတယ်။ tweet လုပ်ဖို့အတွက် foreign SIM card သုံးရတဲ့အခါမှာ iPhone သုံးမှအဆင်ပြေတယ်လို့လည်း ကြားထားပါတယ်။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်ကတော့ Huawei ရဲ့ လုပ်ငန်းစဉ်တွေနဲ့ စီမံခန့်ခွဲမှုကို ထောက်ပြစရာတစ်ခုဖြစ်လာခဲ့ပါတယ်။
အဲဒီမူရင်း tweet ကိုတော့ Twitter ကနေ ဖျက်ပစ်လိုက်ပါပြီ။
Tweet တစ်ခုကြောင့် လုပ်ငန်းအရှက်ရခဲ့တာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရေးယူခြင်းကတော့ တွေ့ရခဲပါတယ်။ မနှစ်ကတုန်းက Samsung Nigeria က iPhone ကနေပို့ခဲ့တဲ့ tweet 300 လောက်ကို ဖျက်ခဲ့ရပါတယ်။ Gal Gadot နဲ့ အိန္ဒိယမင်းသမီး Anushka Sharma တို့ကလည်း Huawei နဲ့ Google တို့အတွက်ကြော်ငြာကို iPhone ကနေ တင်ခဲ့ဖူးပါတယ်။ YouTuber Marques Brownlee ကတော့ ဖြစ်ရပ်တိုင်းကိုသိနေလို့ “Twitter police” လို့တောင် အများက နာမည်ပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.