Posted on Leave a comment

ေနရာအမ်ားၾကီးမယူမယ့္ Samsung ရဲ႕ flat monitor

Zawgyi Version

CES အတြက္ မွန္ေကြးနဲ႕ ဂိမ္းမင္းေမာ္နီတာအသစ္ေတြကို ျပသေပးခဲ့ပါတယ္။

Samsung က CES မွာ ေမာ္နီတာသံုးမ်ိဳးကို ျပသခဲ့ပါတယ္။ တစ္ခုကေတာ့ ေနရာစားသက္သာဖို႕၊ တစ္ခုကေတာ့ ဂိမ္းမာေတြအတြက္၊ content creator ေတြအတြက္ မွန္ေကြးတစ္လံုးတို႕ပါ။ ပထမဆံုးကေတာ့ Samsung ရဲ႕ Space Monitor ျဖစ္ပါတယ္။ သူကေတာ့ ခံုအစြန္းမွာ တြယ္ထားႏုိင္တဲ့လက္တံပါ၀င္ျပီးေတာ့ အခန္းထဲမွာ ေနရာမ်ားမ်ားခ်န္လွပ္ထားေပးႏုိင္မွာပါ။ ကိုယ့္ရဲ႕အရပ္အေနအထားအေပၚမူတည္ျပီးေတာ့ ခ်ိန္ညွိႏုိင္ဦးမွာပါ။ မသံုးေတာ့ဘူးဆိုရင္လည္း နံရံမွာျပန္ကပ္ထားလို႕ရပါတယ္။ ဒါေၾကာင့္ လိုအပ္ခ်ိန္မွာ စားပြဲအက်ယ္ကို အမ်ားဆံုးယူႏုိင္မွာပါ။ ၂၇လက္မေမာ္ဒယ္လ္မွာေတာ့ QHD resolution ပါ၀င္ျပီး ၃၂လက္မေမာ္ဒယ္လ္မွာေတာ့ 4K UHD အထိ ခံစားႏုိင္မွာပါ။ ၾကိဳးေတြကိုလည္း လက္တံထဲမွာ တြယ္ဆက္ထားႏုိင္မွာျဖစ္ပါတယ္။

Samsung CRG9

ဂိမ္းမာေတြအတြက္ဆုိရင္ Samsung ဆီမွာ CRG9 ရွိပါတယ္။ သူကေတာ့ super ultra-wide monitor တစ္ခုျဖစ္ျပီးေတာ့ ၂၇လက္မ 16:9 monitor ႏွစ္လံုးကို ေပါင္းစပ္ထားတာျဖစ္ပါတယ္။ CRG9 မွာ 120Hz refresh rate ၊ dual QHD resolution ၊ HDR10 နဲ႕ အျမင့္ဆံုး brightness ကေတာ့ 1,000 nit ျဖစ္ပါတယ္။ picture-by-picture functionality နဲ႕ stand အရြယ္အစားကို ေသးေပးထားပါတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ Samsung ရဲ႕ UR59C ၃၂လက္မ ေမာ္နီတာျဖစ္ျပီးေတာ့ ေကြးညႊတ္ေနတဲ့မ်က္ႏွာျပင္နဲ႕အတူ 3840×2160 4K UHD resolution ကို ခံစားအသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ ပါးလႊာတဲ့ဒီဇိုင္းေၾကာင့္ ၆.၇မီလီမီတာသာ ရွိမွာပါ။ ေအာက္ခံကလည္း အနည္းဆံုုးျဖစ္ေအာင္ လုပ္ေဆာင္ေပးထားတာဆိုေတာ့ အလုပ္ခြင္ကို ေနရာသိပ္မစားမွာ အေသအခ်ာပါပဲ။

Space Monitor နဲ႕ UR59C ကေတာ့ ဒီေန႕ပဲ Best Buy, Amazon နဲ႕ Samsung.com မွာ pre-order တင္လို႕ရပါျပီ။ CRG9 ကေတာ့ ဒီႏွစ္ေႏွာင္းပုိင္းေလာက္မွ ရမယ္လို႕ေျပာထားပါတယ္။

Unicode Version

CES အတွက် မှန်ကွေးနဲ့ ဂိမ်းမင်းမော်နီတာအသစ်တွေကို ပြသပေးခဲ့ပါတယ်။
Samsung က CES မှာ မော်နီတာသုံးမျိုးကို ပြသခဲ့ပါတယ်။ တစ်ခုကတော့ နေရာစားသက်သာဖို့၊ တစ်ခုကတော့ ဂိမ်းမာတွေအတွက်၊ content creator တွေအတွက် မှန်ကွေးတစ်လုံးတို့ပါ။ ပထမဆုံးကတော့ Samsung ရဲ့ Space Monitor ဖြစ်ပါတယ်။ သူကတော့ ခုံအစွန်းမှာ တွယ်ထားနိုင်တဲ့လက်တံပါဝင်ပြီးတော့ အခန်းထဲမှာ နေရာများများချန်လှပ်ထားပေးနိုင်မှာပါ။ ကိုယ့်ရဲ့အရပ်အနေအထားအပေါ်မူတည်ပြီးတော့ ချိန်ညှိနိုင်ဦးမှာပါ။ မသုံးတော့ဘူးဆိုရင်လည်း နံရံမှာပြန်ကပ်ထားလို့ရပါတယ်။ ဒါကြောင့် လိုအပ်ချိန်မှာ စားပွဲအကျယ်ကို အများဆုံးယူနိုင်မှာပါ။ ၂၇လက်မမော်ဒယ်လ်မှာတော့ QHD resolution ပါဝင်ပြီး ၃၂လက်မမော်ဒယ်လ်မှာတော့ 4K UHD အထိ ခံစားနိုင်မှာပါ။ ကြိုးတွေကိုလည်း လက်တံထဲမှာ တွယ်ဆက်ထားနိုင်မှာဖြစ်ပါတယ်။

Samsung CRG9


ဂိမ်းမာတွေအတွက်ဆိုရင် Samsung ဆီမှာ CRG9 ရှိပါတယ်။ သူကတော့ super ultra-wide monitor တစ်ခုဖြစ်ပြီးတော့ ၂၇လက်မ 16:9 monitor နှစ်လုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ CRG9 မှာ 120Hz refresh rate ၊ dual QHD resolution ၊ HDR10 နဲ့ အမြင့်ဆုံး brightness ကတော့ 1,000 nit ဖြစ်ပါတယ်။ picture-by-picture functionality နဲ့ stand အရွယ်အစားကို သေးပေးထားပါတယ်။
နောက်ဆုံးတစ်ခုကတော့ Samsung ရဲ့ UR59C ၃၂လက်မ မော်နီတာဖြစ်ပြီးတော့ ကွေးညွှတ်နေတဲ့မျက်နှာပြင်နဲ့အတူ 3840×2160 4K UHD resolution ကို ခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပါးလွှာတဲ့ဒီဇိုင်းကြောင့် ၆.၇မီလီမီတာသာ ရှိမှာပါ။ အောက်ခံကလည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားတာဆိုတော့ အလုပ်ခွင်ကို နေရာသိပ်မစားမှာ အသေအချာပါပဲ။
Space Monitor နဲ့ UR59C ကတော့ ဒီနေ့ပဲ Best Buy, Amazon နဲ့ Samsung.com မှာ pre-order တင်လို့ရပါပြီ။ CRG9 ကတော့ ဒီနှစ်နှောင်းပိုင်းလောက်မှ ရမယ်လို့ပြောထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.