Posted on Leave a comment

အသံုးျပဳေနပံုဗီြဒီယိုေပါက္ၾကားလာခဲ့တဲ့ Xiaomi ရဲ႕ ေကြးညြတ္စမတ္ဖုန္း

Zawgyi Version

ရူးခ်င္ပါတယ္။ Xiaomi ကေတာ့ တကယ့္ကိုရူးသြပ္ေနသူတစ္ေယာက္ပါ။ Xiaomi ဆီကေန ေကြးညႊတ္စမတ္ဖုန္းကို ပထမဆံုးအေနနဲ႕ ၾကားရတာျဖစ္ျပီးေတာ့ အလုပ္လုပ္ေနတဲ့ဖုန္းကို ျပသေပးထားတာျဖစ္ပါတယ္။ Evan Blass ရဲ႕ မွ်ေ၀မႈေၾကာင့္ ကၽြန္ေတာ္တို႕ဟာ ဒ႑ာရီဆန္တဲ့ ဖုန္းတက္ဘလက္ေလးကို ေတြ႕ျမင္ခံစားလိုက္ရတာျဖစ္ပါတယ္။ ၂၀၁၉ေရာက္ျပီဆိုေတာ့ အဲဒီလိုဖုန္းေတြကို ေတြ႕ျမင္ရေတာ့မွာပါ။ ဒါေပမယ့္လည္း ဘယ္လို brand ေတြျဖစ္ႏုိင္သလဲဆိုတာကေတာ့ မေျပာႏုိင္ေသးပါဘူး။ ကၽြန္ေတာ္တို႕အားလံုးျမင္ဖူးေနတာက concept ပံုေတြပါ။ ဒါေပမယ့္ အခုဗြီဒီယိုျမင္လိုက္ရေတာ့ ျဖစ္နုိင္တယ္ဆိုတာ ျပသလိုက္သလိုပါပဲ။

Blass က ဒီဗြီဒီယိုရဲ႕လက္သည္ကို မသိဘူးဆိုေပမယ့္လည္း Xiaomi ဆိုတာကို ေျပာထားပါတယ္။ တကယ္လည္း အလုပ္လုပ္ေနတာကို ေတြ႕ျမင္ရပါတယ္။

တက္ဘလက္ေလးကေန စမတ္ဖုန္းအျဖစ္ကို ေျပာင္းလဲသြားတာျမင္လိုက္္လား။ screen ေပၚမွာ map ၾကည့္ေနရင္း ပိတ္လုိက္ေတာ့လည္း Map ျဖစ္ေနတုန္းပါပဲ။ home screen ကေန ထြက္သြားျပီးေတာ့ သာမန္ဖုန္းတစ္လံုးရဲ႕ျမင္ကြင္းကို ျပသေပးေနပါတယ္။

ေကြးညႊတ္စမတ္ဖုန္းေတြအေၾကာင္း အမ်ားၾကီးၾကားထားေပမယ့္လည္း concepts, patents နဲ႕ စိတ္ကူးေတြပဲမလား။ Samsung, Huawei, LG နဲ႕ OPPO တို႕ကလည္း စီစဥ္ေနၾကပါတယ္။ ဒါေပမယ့္လည္း Xiaomi ဆီက ပထမဆံုးၾကားရတာဆိိုေတာ့ အံ့ၾသမိပါတယ္။ Xiaomi ရဲ႕ ေကြးညႊတ္စမတ္ဖုန္းကို ေတြ႕ျမင္လုိက္ရေတာ့ ေစ်းသက္သက္သာသာနဲ႕မ်ားရႏုိင္မလားဆိုတာ ေမွ်ာ္လင့္မိပါတယ္။ ေစ်းကြက္လည္း သိမ္းႏုိင္ေလာက္မွာပါ။ ၾကည့္ၾကတာေပါ့။


Unicode Version

ရူးချင်ပါတယ်။ Xiaomi ကတော့ တကယ့်ကိုရူးသွပ်နေသူတစ်ယောက်ပါ။ Xiaomi ဆီကနေ ကွေးညွှတ်စမတ်ဖုန်းကို ပထမဆုံးအနေနဲ့ ကြားရတာဖြစ်ပြီးတော့ အလုပ်လုပ်နေတဲ့ဖုန်းကို ပြသပေးထားတာဖြစ်ပါတယ်။ Evan Blass ရဲ့ မျှဝေမှုကြောင့် ကျွန်တော်တို့ဟာ ဒဏ္ဍာရီဆန်တဲ့ ဖုန်းတက်ဘလက်လေးကို တွေ့မြင်ခံစားလိုက်ရတာဖြစ်ပါတယ်။ ၂၀၁၉ရောက်ပြီဆိုတော့ အဲဒီလိုဖုန်းတွေကို တွေ့မြင်ရတော့မှာပါ။ ဒါပေမယ့်လည်း ဘယ်လို brand တွေဖြစ်နိုင်သလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့အားလုံးမြင်ဖူးနေတာက concept ပုံတွေပါ။ ဒါပေမယ့် အခုဗွီဒီယိုမြင်လိုက်ရတော့ ဖြစ်နိုင်တယ်ဆိုတာ ပြသလိုက်သလိုပါပဲ။
Blass က ဒီဗွီဒီယိုရဲ့လက်သည်ကို မသိဘူးဆိုပေမယ့်လည်း Xiaomi ဆိုတာကို ပြောထားပါတယ်။ တကယ်လည်း အလုပ်လုပ်နေတာကို တွေ့မြင်ရပါတယ်။
တက်ဘလက်လေးကနေ စမတ်ဖုန်းအဖြစ်ကို ပြောင်းလဲသွားတာမြင်လိုက်လား။ screen ပေါ်မှာ map ကြည့်နေရင်း ပိတ်လိုက်တော့လည်း Map ဖြစ်နေတုန်းပါပဲ။ home screen ကနေ ထွက်သွားပြီးတော့ သာမန်ဖုန်းတစ်လုံးရဲ့မြင်ကွင်းကို ပြသပေးနေပါတယ်။
ကွေးညွှတ်စမတ်ဖုန်းတွေအကြောင်း အများကြီးကြားထားပေမယ့်လည်း concepts, patents နဲ့ စိတ်ကူးတွေပဲမလား။ Samsung, Huawei, LG နဲ့ OPPO တို့ကလည်း စီစဉ်နေကြပါတယ်။ ဒါပေမယ့်လည်း Xiaomi ဆီက ပထမဆုံးကြားရတာဆိုတော့ အံ့သြမိပါတယ်။
Xiaomi ရဲ့ ကွေးညွှတ်စမတ်ဖုန်းကို တွေ့မြင်လိုက်ရတော့ ဈေးသက်သက်သာသာနဲ့များရနိုင်မလားဆိုတာ မျှော်လင့်မိပါတယ်။ ဈေးကွက်လည်း သိမ်းနိုင်လောက်မှာပါ။ ကြည့်ကြတာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.