မီးျခစ္လိုဘူးေလးနဲ႕အားသြင္းရမယ့္ Klipsch ရဲ႕ wireless earbuds

0
387

Zawgyi Version

CES ပြဲမွာ audio gear နဲ႕ပတ္သတ္ျပီး အမ်ိဳးအစားအေတာ္မ်ားမ်ားကို ျပသခဲ့ၾကပါတယ္။

Klipsch ကေတာ့ wireless earbuds အမ်ားစုထက္ စတုိင္လ္က်တဲ့အမ်ိဳးအစားတစ္ခုကို ထုတ္ေဖာ္ျပသခဲ့တာပါ။ ၁၉၉ေဒၚလာနဲ႕ T5 True Wireless set ေလးဟာ AirPods ထက္ ေဒၚလာ၄၀ေတာ့ ပိုမ်ားပါလိမ့္မယ္။ ဒါေပမယ့္လည္း Apple ထက္ဆြဲေဆာင္ႏုိင္မွာက အားသြင္းဘူးေလးပါ။

Klipsch T5 Neckband

Earbuds ေလးဟာ ဘဲဥပံုအစြန္းေလးေတြရွိျပီးေတာ့ တစ္ခါအားသြင္းထားရင္ ရွစ္နာရီေလာက္ခံပါတယ္။ မီးျခစ္ပံုစံဘူးေလးထဲမွာထည့့္ထားမယ္ဆိုရင္ေတာ့ ၂၄နာရီေလာက္အထိ စြမ္းအင္ျပည့္ေနမွာပါ။ သံုးၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဂၽြန္လေလာက္အထိ ေစာင့္ဆုိင္းရမွာျဖစ္ပါတယ္။ Klipsch ရဲ႕ T5 line ထဲမွာ earphone ေတြ အမ်ားၾကီးပါ၀င္ေနပါတယ္။ ၾကိဳးနဲ႕၊ tethered wireless earbuds ၊ လည္ပင္းပတ္တဲ့အမ်ိဳးအစား စသျဖင့္ အမ်ားၾကီးပါပဲ။ ေစ်းႏႈန္းအရဆိုရင္ ၅၉-၁၉၉ ျဖစ္ျပီး ေႏြဦးရာသီမွာ စတိုးဆုိင္ေတြကို ေရာက္လာေတာ့မွာပါ။ soundbar အသစ္စက္စက္ ငါးမ်ိဳး၊ Heritage Wireless speaker အေျမာက္အမ်ားကိုလည္း ျပသသြားခဲ့ပါတယ္။

Unicode Version

CES ပွဲမှာ audio gear နဲ့ပတ်သတ်ပြီး အမျိုးအစားအတော်များများကို ပြသခဲ့ကြပါတယ်။
Klipsch ကတော့ wireless earbuds အများစုထက် စတိုင်လ်ကျတဲ့အမျိုးအစားတစ်ခုကို ထုတ်ဖော်ပြသခဲ့တာပါ။ ၁၉၉ဒေါ်လာနဲ့ T5 True Wireless set လေးဟာ AirPods ထက် ဒေါ်လာ၄၀တော့ ပိုများပါလိမ့်မယ်။ ဒါပေမယ့်လည်း Apple ထက်ဆွဲဆောင်နိုင်မှာက အားသွင်းဘူးလေးပါ။
Earbuds လေးဟာ ဘဲဥပုံအစွန်းလေးတွေရှိပြီးတော့ တစ်ခါအားသွင်းထားရင် ရှစ်နာရီလောက်ခံပါတယ်။ မီးခြစ်ပုံစံဘူးလေးထဲမှာထည့်ထားမယ်ဆိုရင်တော့ ၂၄နာရီလောက်အထိ စွမ်းအင်ပြည့်နေမှာပါ။ သုံးကြည့်ချင်တယ်ဆိုရင်တော့ ဂျွန်လလောက်အထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Klipsch T5 Neckband


Klipsch ရဲ့ T5 line ထဲမှာ earphone တွေ အများကြီးပါဝင်နေပါတယ်။ ကြိုးနဲ့၊ tethered wireless earbuds ၊ လည်ပင်းပတ်တဲ့အမျိုးအစား စသဖြင့် အများကြီးပါပဲ။ ဈေးနှုန်းအရဆိုရင် ၅၉-၁၉၉ ဖြစ်ပြီး နွေဦးရာသီမှာ စတိုးဆိုင်တွေကို ရောက်လာတော့မှာပါ။ soundbar အသစ်စက်စက် ငါးမျိုး၊ Heritage Wireless speaker အမြောက်အများကိုလည်း ပြသသွားခဲ့ပါတယ်။

Leave a Reply