iPhone ကနေ မင်္ဂလာနှစ်သစ်ဆုတောင်းခြွေစကားကို တွစ်တာပေါ်မှာတင်လိုက်မိတဲ့ Huawei
0
1484
Zawgyi Version
Unicode Version
နည်းပညာ YouTuber Marques “MKBHD” Brownlee ကတော့ ကြည့်ရှုသူတွေသန်းနဲ့ချီတဲ့ဗွီဒီယိုတွေ ဖန်တီးနိုင်ခြင်းမရှိပေမယ့်လည်း ဖုန်းထုတ်လုပ်သူတွေရဲ့ ပရိုမိုးရှင်းဆင်းတဲ့ tweet တွေကို လိုက်လံကြည့်ရှုပြီး ဝေဖန်နေသူတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း Brownlee ရဲ့ စူးရှတဲ့မျက်လုံးတွေအောက်မှာ ပြစ်ချက်တွေ့သွားတာကတော့ Huawei ပဲ ဖြစ်ပါတယ်။
Twitter ပေါ်မှာ နှစ်သစ်ဆုတောင်းစကားတင်တဲ့အချိန်မှာ @huawei Twitter account ကို ကိုင်ထားတဲ့သူက အမှားတစ်ခုလုပ်လိုက်မိပါတယ်။ အဲဒါကတော့ official iPhone Twitter app ကနေ တင်လိုက်တာပါ။ အိုး သွားပြီလေ။
အရမ်းကြီးမားတဲ့အပြစ်မဟုတ်ပေမယ့်လည်း ရှက်ဖွယ်လိလိအခြေအနေတစ်ခုဖြစ်ခဲ့တာပါ။ ရှောင်လို့မရတဲ့ဖြစ်ရပ်လည်း မဟုတ်နေပါဘူး။ နည်းပညာလုပ်ငန်းအတွက် public relations လုပ်ဆောင်နေတယ်ဆိုရင်တော့ tweet တင်မယ်ဆိုရင်လည်း သူတို့ဖုန်းတွေနဲ့တင်ပေးသင့်တာမဟုတ်လား။ ဒါမှမဟုတ်လည်း web app တို့၊ marketing tool တို့ သုံးလိုက်မယ်ဆိုရင်တော့ ဒါတွေမဖြစ်အောင်ရှောင်လို့ရမှာပါ။ Samsung Nigeria တုန်းကလည်း ဒီလိုအဖြစ်တွေဖြစ်ပြီးနောက်မှာ အကောင့်ဖျက်ခဲ့ရပါတယ်။ ရှောင်လို့ရတဲ့အမှားတွေကို ဘာကြောင့်များ မရှောင်ကြတာပါလိမ့်နော်။
တစ်ချိန်တည်းမှာပဲ ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း ဒီလိုဖြစ်ရပ်မျိုးအတွက် စပွန်ဆာပေးထားလိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူးလား။ စဉ်းစားစရာပါပဲ။ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကြစမ်းပါ။
Leave a Reply