Posted on Leave a comment

Android ထက္ upgrade လုပ္ႏႈန္းျမင့္မားသလို ျမန္ျမန္ဆန္ဆန္လုပ္တတ္တဲ့ iOS သံုးစြဲသူမ်ား


Zawgyi Version

iOS 12 က feature အသစ္ေတြအမ်ားၾကီးမပါေပမယ့္လည္း ဒီဇုိင္းပိုင္းမွာ ဆန္းသစ္လာတယ္္ဆုိတာကေတာ့ ျငင္းလို႕မရပါဘူး။ high-profile usability နဲ႕ iOS 11 မွာပါတဲ့ bugs ေတြကို ေျဖရွင္းလုိက္တဲ့အခါမွာေတာ့ iOS 12 မွာ နည္းနည္းေတာ့ ေႏွးသြားပါတယ္။ system stability နဲ႕ performance ကို အသားေပးေဆာင္ရြက္ထားပါတယ္။ ဒါေၾကာင့္ iOS သံုးစြဲသူေတြရဲ႕ တံု႕ျပန္မႈကလည္း အေကာင္းဘက္ကိုေရာက္ေနပါတယ္။

ဒါေၾကာင့္ iOS 12 ဟာ iOS 11 ထက္ ပိုမိုၾကံ႕ခိုင္တယ္လို႕ေျပာႏုိ္င္ပါတယ္။ ဒီကေန႕အေစာပိုင္းမွာ Apple ဟာ သူ႕ရဲ႕ developer page မွာ အခ်က္အလက္ေတြကို update လုပ္ေပးခဲ့ပါတယ္။ iOS device ေတြရဲ႕ ၇၈%ဟာ iOS 12 ကို သံုးေနၾကပါျပီ။ ဒါဟာ ေလးပတ္အတြင္းမွာ ၆% တိုးတက္လာခဲ့တာျဖစ္ျပီးေတာ့ အားလပ္ရက္ရာသီအတြင္းမွာ iPhone upgrade ေတြ လုပ္ခဲ့ၾကလို႕လည္း ျဖစ္ပါတယ္။

အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ iOS သံုးစြဲသူအေတာ္မ်ားမ်ားက Apple ရဲ႕ ေနာက္ဆံုးထြက္ OS ကို သံုးေနၾကပါတယ္။ Android အတြက္ကေတာ့ အဲဒီလိုမေျပာႏုိင္ေသးပါဘူး။ Google က Android နဲ႕ OS ကို iOS အလားတူ လုပ္ေဆာင္ေပးေနတယ္ဆိုေပမယ့္လည္း ေနာက္ဆံုးထြက္ဗားရွင္းကိုသံုးတဲ့ Android သံုးစြဲသူေတြက နည္းေနပါေသးတယ္။

Android သံုးစြဲသူအေတာ္မ်ားမ်ားကေတာ့ Android ဗားရွင္းအနိမ့္ေတြကို သံုးေနၾကဆဲပါပဲ။ ျပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက  Android ဖုန္းေတြရဲ႕ ၅၀%ဟာ Marshmallow နဲ႕ ဗားရွင္းအေဟာင္းေတြကို သံုးေနၾကဆဲျဖစ္တယ္လို႕ ေဖာ္ျပထားပါတယ္။ Marshmallow ဟာ ၂၀၁၅ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ စိတ္ကူးၾကည့္လုိက္ပါ။ iOS 9 နဲ႕ ယွဥ္လို႕ရပါတယ္။ ဘယ္ေလာက္မ်ားမ်ားက အဲဒီဗားရွင္းကို သံုးေနမွာလဲ။

Android Pie ကိုသံုးေနတဲ့သူေတြက လ်စ္လ်ဴရွဳလို႕ေတာင္ ရပါတယ္။ ေအာက္တိုဘာလရဲ႕စာရင္းအရ သံုးစြဲသူရာခိုင္ႏႈန္းက ၀.၁ေတာင္ မျပည့္ေသးပါဘူး။

iOS 12 တင္လိုက္ျခင္းဟာ iOS 11 ထက္ သာလြန္ေနပါတယ္။ system stability ၊ battery performance ပိုေကာင္းျခင္းေတြကလည္း အေရးပါတဲ့အခ်က္ပါပဲ။ ဒါေတြက feature အသစ္ေတြထက္ ဆြဲေဆာင္ႏုိင္တယ္ဆိုတာ ျငင္းလို႕မရပါဘူး။

Unicode Version

iOS 12 က feature အသစ်တွေအများကြီးမပါပေမယ့်လည်း ဒီဇိုင်းပိုင်းမှာ ဆန်းသစ်လာတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ high-profile usability နဲ့ iOS 11 မှာပါတဲ့ bugs တွေကို ဖြေရှင်းလိုက်တဲ့အခါမှာတော့ iOS 12 မှာ နည်းနည်းတော့ နှေးသွားပါတယ်။ system stability နဲ့ performance ကို အသားပေးဆောင်ရွက်ထားပါတယ်။ ဒါကြောင့် iOS သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကလည်း အကောင်းဘက်ကိုရောက်နေပါတယ်။
ဒါကြောင့် iOS 12 ဟာ iOS 11 ထက် ပိုမိုကြံ့ခိုင်တယ်လို့ပြောနိုင်ပါတယ်။ ဒီကနေ့အစောပိုင်းမှာ Apple ဟာ သူ့ရဲ့ developer page မှာ အချက်အလက်တွေကို update လုပ်ပေးခဲ့ပါတယ်။ iOS device တွေရဲ့ ၇၈%ဟာ iOS 12 ကို သုံးနေကြပါပြီ။ ဒါဟာ လေးပတ်အတွင်းမှာ ၆% တိုးတက်လာခဲ့တာဖြစ်ပြီးတော့ အားလပ်ရက်ရာသီအတွင်းမှာ iPhone upgrade တွေ လုပ်ခဲ့ကြလို့လည်း ဖြစ်ပါတယ်။
အတိုချုပ်ပြောရမယ်ဆိုရင်တော့ iOS သုံးစွဲသူအတော်များများက Apple ရဲ့ နောက်ဆုံးထွက် OS ကို သုံးနေကြပါတယ်။ Android အတွက်ကတော့ အဲဒီလိုမပြောနိုင်သေးပါဘူး။ Google က Android နဲ့ OS ကို iOS အလားတူ လုပ်ဆောင်ပေးနေတယ်ဆိုပေမယ့်လည်း နောက်ဆုံးထွက်ဗားရှင်းကိုသုံးတဲ့ Android သုံးစွဲသူတွေက နည်းနေပါသေးတယ်။
Android သုံးစွဲသူအတော်များများကတော့ Android ဗားရှင်းအနိမ့်တွေကို သုံးနေကြဆဲပါပဲ။ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Android ဖုန်းတွေရဲ့ ၅၀%ဟာ Marshmallow နဲ့ ဗားရှင်းအဟောင်းတွေကို သုံးနေကြဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Marshmallow ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီတော့ စိတ်ကူးကြည့်လိုက်ပါ။ iOS 9 နဲ့ ယှဉ်လို့ရပါတယ်။ ဘယ်လောက်များများက အဲဒီဗားရှင်းကို သုံးနေမှာလဲ။


Android Pie ကိုသုံးနေတဲ့သူတွေက လျစ်လျူရှုလို့တောင် ရပါတယ်။ အောက်တိုဘာလရဲ့စာရင်းအရ သုံးစွဲသူရာခိုင်နှုန်းက ဝ.၁တောင် မပြည့်သေးပါဘူး။
iOS 12 တင်လိုက်ခြင်းဟာ iOS 11 ထက် သာလွန်နေပါတယ်။ system stability ၊ battery performance ပိုကောင်းခြင်းတွေကလည်း အရေးပါတဲ့အချက်ပါပဲ။ ဒါတွေက feature အသစ်တွေထက် ဆွဲဆောင်နိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.