Posted on Leave a comment

ေနာင္တြင္ Apple ဆီက အီလက္ထေရာနစ္ပစၥည္းမ်ားတြင္ smart fabric မ်ား အသံုးျပဳလာႏုိင္

Zawgyi Version

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက Google က Project Jacquard လို႕ေခၚတဲ့ ပေရာဂ်က္ေလးကို မိတ္ဆက္ခဲ့ဖူးပါတယ္။ အဲဒီပေရာဂ်က္ေလးကေတာ့ အ၀တ္အစားေတြကို ထိလုိက္တာနဲ႕ လုပ္ေဆာင္ခ်က္အမ်ိဳးမ်ိဳးကို လုပ္ေဆာင္ေပးႏုိင္တဲ့အ၀တ္ေတြကို ထုတ္လုပ္မွာျဖစ္ပါတယ္။ Levi ကေတာ့ Google နဲ႕ပူးေပါင္းျပီး ပထမဆံုးစမတ္ဂ်က္ကတ္ေလးကို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီဂ်က္ကတ္ေလးကေတာ့ ၂၀၁၇ခုႏွစ္ေႏွာင္းပိုင္းမွာ ေစ်းကြက္ကို ေရာက္ခဲ့ပါတယ္။ အခု Apple ကလည္း အဲဒီလိုမ်ိဳးပစၥည္းေတြကို စိတ္၀င္စားလာျပီနဲ႕တူပါတယ္။ ဒါေပမယ့္လည္း Apple ဂ်က္ကတ္ေတာ့ ျဖစ္လာမွာမဟုတ္ပါဘူး။

ဒီႏွစ္တစ္ရက္ေန႕မွာပဲ patent အသစ္ေလးကို ေတြ႕ျမင္လုိက္ရပါတယ္။ ၂၀၁၆ စက္တင္ဘာလမွာတင္ခဲ့တာျဖစ္ျပီးေတာ့ နာမည္က The ornamental design for a fabric လို႕ သိရပါတယ္။ ဒါေပမယ့္လည္း အေသးစိတ္အခ်က္အလက္ေတြကေတာ့ မသိရေသးပါဘူး။ design patent ျဖစ္တဲ့အတြက္ေၾကာင့္ ပံုေလးကိုပဲ ေတြ႕ျမင္ရပါေသးတယ္။ ဒါဟာ စမတ္ devices နဲ႕ accessories ေတြမွာ ေတြ႕ျမင္ႏိုင္တယ္လို႕ ကၽြန္ေတာ္တို႕ ယူဆထားတာပါ။

ဒါေပမယ့္လည္း Dwell ရဲ႕ ေထာက္ျပခ်က္အရဆိုရင္ Apple ရဲ႕ ပထမဆံုး fabric patent မဟုတ္ဘူးလို႕ သိရပါတယ္။ Apple ဟာ ဒီႏွစ္ေတြတစ္ေလွ်ာက္ အျခား patent ေတြကိုလည္း တင္ထားခဲ့ပါတယ္။ fiber optics ၊ nanoelectronics ၊ thermochromic dyes စတဲ့ပစၥည္းေတြ ျဖစ္ပါတယ္။ intelligent fabric ကေတာ့ ထိေတြ႕မႈ၊ ဖိအားနဲ႕ ပတ္၀န္းက်င္ေျပာင္းလဲမႈေတြကို သိရွိခံစားႏုိင္မယ္လို႕ သိရပါတယ္။

Apple ကေတာ့ သူ႕ကိုယ္ပိုင္အ၀တ္အစားလိုင္းကိုသြားမွာမဟုတ္ေပမယ့္လည္း accessories ေတြမွာ အသံုးျပဳသြားမွာျဖစ္ပါတယ္။ iPhone, iPad, Apple Watch, Mac နဲ႕ Apple TV တို႕ကို တစ္ေခတ္္ဆန္းေစေတာ့မွာပါ။ patent တစ္ခုအရဆုိရင္ fabric အသံုးျပဳထားတဲ့ Apple TV remote ကို ေတြ႕ျမင္ရပါတယ္။ သူဟာ သံုးစြဲသူဆီကေန ထိန္းခ်ဳပ္မႈေတြကို ခံစားတံု႕ျပန္ႏုိင္မွာျဖစ္ပါတယ္။

ဒီနည္းပညာသံုးထားတဲ့ပစၥည္းေတြကို ဘယ္အခ်ိန္မွာထုတ္လုပ္မလဲဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္လည္း ျမင္ရႏုိင္မွာလားဆိုတာလည္း မေသခ်ာေသးပါဘူး။ ဒါေပမယ့္လည္း patent ေတြတင္ထားသေလာက္ကေတာ့ လုပ္ဖို႕စိတ္၀င္စားေနျပီဆိုတာ ေဖာ္ျပေနတာမို႕ ဖန္ေတြသိရွိေအာင္ တင္ျပေပးလိုက္ျခင္းျဖစ္ပါတယ္။

Unicode Version

လွန်ခဲ့တဲ့နှစ်တွေတုန်းက Google က Project Jacquard လို့ခေါ်တဲ့ ပရောဂျက်လေးကို မိတ်ဆက်ခဲ့ဖူးပါတယ်။ အဲဒီပရောဂျက်လေးကတော့ အဝတ်အစားတွေကို ထိလိုက်တာနဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို လုပ်ဆောင်ပေးနိုင်တဲ့အဝတ်တွေကို ထုတ်လုပ်မှာဖြစ်ပါတယ်။ Levi ကတော့ Google နဲ့ပူးပေါင်းပြီး ပထမဆုံးစမတ်ဂျက်ကတ်လေးကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီဂျက်ကတ်လေးကတော့ ၂၀၁၇ခုနှစ်နှောင်းပိုင်းမှာ ဈေးကွက်ကို ရောက်ခဲ့ပါတယ်။ အခု Apple ကလည်း အဲဒီလိုမျိုးပစ္စည်းတွေကို စိတ်ဝင်စားလာပြီနဲ့တူပါတယ်။ ဒါပေမယ့်လည်း Apple ဂျက်ကတ်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။
ဒီနှစ်တစ်ရက်နေ့မှာပဲ patent အသစ်လေးကို တွေ့မြင်လိုက်ရပါတယ်။ ၂၀၁၆ စက်တင်ဘာလမှာတင်ခဲ့တာဖြစ်ပြီးတော့ နာမည်က The ornamental design for a fabric လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကတော့ မသိရသေးပါဘူး။ design patent ဖြစ်တဲ့အတွက်ကြောင့် ပုံလေးကိုပဲ တွေ့မြင်ရပါသေးတယ်။ ဒါဟာ စမတ် devices နဲ့ accessories တွေမှာ တွေ့မြင်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆထားတာပါ။


ဒါပေမယ့်လည်း Dwell ရဲ့ ထောက်ပြချက်အရဆိုရင် Apple ရဲ့ ပထမဆုံး fabric patent မဟုတ်ဘူးလို့ သိရပါတယ်။ Apple ဟာ ဒီနှစ်တွေတစ်လျှောက် အခြား patent တွေကိုလည်း တင်ထားခဲ့ပါတယ်။ fiber optics ၊ nanoelectronics ၊ thermochromic dyes စတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ intelligent fabric ကတော့ ထိတွေ့မှု၊ ဖိအားနဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို သိရှိခံစားနိုင်မယ်လို့ သိရပါတယ်။
Apple ကတော့ သူ့ကိုယ်ပိုင်အဝတ်အစားလိုင်းကိုသွားမှာမဟုတ်ပေမယ့်လည်း accessories တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ iPhone, iPad, Apple Watch, Mac နဲ့ Apple TV တို့ကို တစ်ခေတ်ဆန်းစေတော့မှာပါ။ patent တစ်ခုအရဆိုရင် fabric အသုံးပြုထားတဲ့ Apple TV remote ကို တွေ့မြင်ရပါတယ်။ သူဟာ သုံးစွဲသူဆီကနေ ထိန်းချုပ်မှုတွေကို ခံစားတုံ့ပြန်နိုင်မှာဖြစ်ပါတယ်။
ဒီနည်းပညာသုံးထားတဲ့ပစ္စည်းတွေကို ဘယ်အချိန်မှာထုတ်လုပ်မလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း မြင်ရနိုင်မှာလားဆိုတာလည်း မသေချာသေးပါဘူး။ ဒါပေမယ့်လည်း patent တွေတင်ထားသလောက်ကတော့ လုပ်ဖို့စိတ်ဝင်စားနေပြီဆိုတာ ဖော်ပြနေတာမို့ ဖန်တွေသိရှိအောင် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.