Posted on Leave a comment

အိန္ဒိယမှာ launch လုပ်တော့မယ့် Samsung Galaxy A50 နဲ့ Galaxy Fold

Zawgyi Version


Galaxy A50


Galaxy F ( Fold )



Unicode Version

Samsung ကတော့ ဖုန်းအမျိုးအစားတွေခွဲခြားပြီးတော့ ကိုင်မယ့်လူတွေကို အများကြီးဖမ်းစားထားနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ Dutch blog ရဲ့ တင်ပြချက်အရဆိုရင် Samsung ဟာ အိန္ဒိယမှာ Samsung Galaxy A50 နဲ့ Galaxy Fold ကို launch လုပ်တော့မှာပါ။ Galaxy Fold ကတော့ ကွေးညွှတ်စမတ်ဖုန်းအမျိုးအစားဖြစ်ပြီးတော့ အိန္ဒိယမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယဆိုတာကတော့ စမတ်ဖုန်းဈေးကွက်တွေထဲမှာ အကြီးဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Samsung ဖန်တွေအတော်များများကလည်း အဲဒီမှာရှိနေပါတယ်။ Samsung ဆီကနေ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းနှစ်လုံးထွက်လာတော့မယ်ဆိုတော့ အိန္ဒိယဈေးကွက်ကို ပိုမိုဆွဲဆောင်ထားနိုင်မှာပါ။ Xiaomi ဖုန်းတွေနဲ့ Poco F1 တို့ကတော့ Samsung လောက် ဆွဲအားမကောင်းနိုင်လောက်ပါဘူး။
Galaxy A50


တကယ်လို့ ကောလာဟလတွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် Galaxy A50 ထဲမှာ ဘတ်ထရီ 4000 mAh ပါဝင်ပြီး 24MP ကင်မရာသုံးထားမှာပါ။ သူ့မှာ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကိုလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Exynos 9610 chipset ၊ 4GB RAM တို့ကိုလည်း တွဲဖက်အသုံးပြုထားမယ်လို့ သိရပါတယ်။ 64GB နဲ့ 128GB ဆိုပြီးတော့ ဗားရှင်းနှစ်မျိုးထွက်လာမှာပါ။ Android Pie ကို ထည့်သွင်းပေးထားမှာဖြစ်ပြီးတော့ သူတို့ရဲ့ Infinity display အသစ်တွေကို ပွဲထုတ်မှာဖြစ်ပါတယ်။
Galaxy F ( Fold )


Galaxy Fold ကိုလည်း အဲဒီနိုင်ငံအတွက် ထုတ်ပေးသွားမယ်လို့ ကြားနေရပါတယ်။ Galaxy Fold trademark ကို Turkey မှာ တင်ပြီးသွားပါပြီ။ အဲဒီဖုန်းဟာ ဒေါ်လာ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာရှိလိမ့်မယ်လို့လည်း ပြောနေကြပါတယ်။ ဥရောပနိုင်ငံတွေကိုလည်း ဖြန့်ချိသွားနိုင်ပါတယ်။ ဈေးနှုန်းကတော့ သေချာပေါက် မြင့်တက်နေမှာပါ။ ထိပ်တန်းအချက်အလက်တွေလည်း ပါဝင်နေလိမ့်မယ်လို့ မှန်းထားပါတယ်။
Galaxy A50 ကတော့ ရူပီး၁၅၀၀၀ လောက်ရှိမယ်ဆိုတော့ Mi Note series ၊ Nokia 6.1 Plus တို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.