Enterprise Trending

အနာဂတ္မွာထြက္ရွိလာမယ့္ဖုန္းေတြမွာ Google ရဲ႕ ထိေတြ႕စရာမလိုေတာ့ေသာ motion sensor radar အသံုးျပဳလာႏုိင္

Zawgyi Versioin

Project Soli လို႕ေခၚတဲ့ motion sensor နည္းပညာအသစ္ကို Google က စမ္းသပ္ေနပါတယ္။ အဲဒါကို တနလၤာေန႕မွာ FCC က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Google ကေတာ့ Project Soli ဟာ လွ်ပ္စစ္ပစၥည္းေတြကို သံုးစြဲသူေတြအသံုးျပဳတဲ့ပံုစံအသစ္ျဖစ္ေအာင္ ဖန္တီးေပးႏုိင္္လိမ့္မယ္လို႕ ယံုၾကည္ပါတယ္။ လက္နဲ႕ထိစရာမလိုေတာ့ဘူးေလ။

Samsung ရဲ႕ Air View နည္းပညာကို မွတ္မိေသးရဲ႕လား။ Samsung Galaxy S4မွာသံုးခဲ့တာျဖစ္ပါတယ္။ ဒါေလးနဲ႕ ဆင္တူပါတယ္။ ဒါေပမယ့္လည္း အားလံုးေတာ့မတူညီေနပါဘူး။ Project Soli ကေတာ့ ေရဒါကိုအသံုးျပဳျပီးေတာ့ သံုးစြဲသူေတြဟာ လွ်ပ္စစ္ပစၥည္းေတြကို လက္ဟန္ေတြနဲ႕ ခ်ိတ္ဆက္ရမွာ ျဖစ္ပါတယ္။ ဥပမာ ခလုတ္တစ္ခုကိုႏွိပ္ခ်င္တယ္ဆိုရင္ေတာ့ လက္မနဲ႕လက္ညွိဳးကိုထိျပီးေတာ့ ဖုန္းနဲ႕ခပ္လွမ္းလွမ္းကေန ထိန္းခ်ဳပ္ႏုိင္မွာျဖစ္ပါတယ္။

ေရဒါစနစ္ကိုအသံုးျပဳထားတဲ့အတြက္ေၾကာင့္ Google ဟာ FCC ရဲ႕ အထူးခြင့္ျပဳခ်က္လိုအပ္ပါတယ္။ အရင္တုန္းကေတာ့ Google က 57 to 64GHz frequency band နဲ႕ လည္ပတ္ဖို႕အတြက္ ခြင့္ေတာင္းထားခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ FCC ထံကေန အနည္းငယ္သာ တိုးျပီးေတာ့ လည္ပတ္ခြင့္ရရွိထားတာျဖစ္ပါတယ္။ FCC ကေတာ့ Google special license ကို ထုတ္ေပးထားပါတယ္။ ဒါေပမယ့္လည္း Google လိုခ်င္သေလာက္ေတာ့ မဟုတ္ပါဘူး။

ေရဒါေတြဟာ fabric ေတြကို ထိုးေဖာက္ႏုိင္တဲ့အတြက္ေၾကာင့္ သံုးစြဲသူေတြက လက္အိတ္၀တ္ထားတာ၊ ဒါမွမဟုတ္ အျခားအ၀တ္ေတြနဲ႕ ဖံုုးေနတာမ်ိဳးဆိုရင္လည္း အလုပ္လုပ္ႏုိင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အိတ္ေထာင္ထဲျဖစ္ျဖစ္၊ ေက်ာပိုးအိတ္ထဲျဖစ္ျဖစ္ထည့္ထားရင္ေတာင္မွ အလုပ္လုပ္ႏုိင္ဦးမွာပါ။

FCC က ဒီေရဒါနည္းပညာဟာ ေလယာဥ္ေတြေပၚမွာလည္း အလုပ္ျဖစ္တယ္လို႕ ဆိုထားပါတယ္။ ဒါေၾကာင့္ ေလယာဥ္စီးနင္းေနခ်ိန္မွာေတာင္ အသံုးျပဳႏုိင္ေတာ့မယ္လို႕ ဆိုလိုတာပါ။ ဒါေပမယ့္လည္း FAA rules and regulations ေတြကို ရင္ဆုိင္ရဦးမွာပါ။

Project Soli ဟာ လက္ရွိစမ္းသပ္ေနဆဲအေျခအေနမွာသာ ရွိေနပါေသးတယ္။ ဒီေတာ့ ကၽြန္ေတာ္တို႕ေစ်းကြက္ထဲမွာေတြ႕ျမင္ရဖို႕အတြက္ဆိုရင္ အခ်ိန္အေတာ္ေလး ေစာင့္ဆုိင္းရဦးမွာပါ။ ဒါေပမယ့္လည္း ေလထဲမွာ လက္ေတြကိုေ၀ွ႕ယမ္းလိုက္တာနဲ႕ ဖုန္းကိုထိန္းခ်ဳပ္ႏုိင္ေတာ့မယ္ဆိုတာ အရမ္းမိုက္ျပီးေတာ့ ေခတ္လြန္ေနျပီမဟုတ္ပါလား။ ဒီေတာ့ေစာင့္ဆုိင္းရတာတန္ပါတယ္။

Unicode Version

Project Soli လို့ခေါ်တဲ့ motion sensor နည်းပညာအသစ်ကို Google က စမ်းသပ်နေပါတယ်။ အဲဒါကို တနင်္လာနေ့မှာ FCC က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Google ကတော့ Project Soli ဟာ လျှပ်စစ်ပစ္စည်းတွေကို သုံးစွဲသူတွေအသုံးပြုတဲ့ပုံစံအသစ်ဖြစ်အောင် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်နဲ့ထိစရာမလိုတော့ဘူးလေ။
Samsung ရဲ့ Air View နည်းပညာကို မှတ်မိသေးရဲ့လား။ Samsung Galaxy S4မှာသုံးခဲ့တာဖြစ်ပါတယ်။ ဒါလေးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့်လည်း အားလုံးတော့မတူညီနေပါဘူး။ Project Soli ကတော့ ရေဒါကိုအသုံးပြုပြီးတော့ သုံးစွဲသူတွေဟာ လျှပ်စစ်ပစ္စည်းတွေကို လက်ဟန်တွေနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဥပမာ ခလုတ်တစ်ခုကိုနှိပ်ချင်တယ်ဆိုရင်တော့ လက်မနဲ့လက်ညှိုးကိုထိပြီးတော့ ဖုန်းနဲ့ခပ်လှမ်းလှမ်းကနေ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
ရေဒါစနစ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့် Google ဟာ FCC ရဲ့ အထူးခွင့်ပြုချက်လိုအပ်ပါတယ်။ အရင်တုန်းကတော့ Google က 57 to 64GHz frequency band နဲ့ လည်ပတ်ဖို့အတွက် ခွင့်တောင်းထားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ FCC ထံကနေ အနည်းငယ်သာ တိုးပြီးတော့ လည်ပတ်ခွင့်ရရှိထားတာဖြစ်ပါတယ်။ FCC ကတော့ Google special license ကို ထုတ်ပေးထားပါတယ်။ ဒါပေမယ့်လည်း Google လိုချင်သလောက်တော့ မဟုတ်ပါဘူး။
ရေဒါတွေဟာ fabric တွေကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် သုံးစွဲသူတွေက လက်အိတ်ဝတ်ထားတာ၊ ဒါမှမဟုတ် အခြားအဝတ်တွေနဲ့ ဖုံးနေတာမျိုးဆိုရင်လည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အိတ်ထောင်ထဲဖြစ်ဖြစ်၊ ကျောပိုးအိတ်ထဲဖြစ်ဖြစ်ထည့်ထားရင်တောင်မှ အလုပ်လုပ်နိုင်ဦးမှာပါ။
FCC က ဒီရေဒါနည်းပညာဟာ လေယာဉ်တွေပေါ်မှာလည်း အလုပ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် လေယာဉ်စီးနင်းနေချိန်မှာတောင် အသုံးပြုနိုင်တော့မယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့်လည်း FAA rules and regulations တွေကို ရင်ဆိုင်ရဦးမှာပါ။
Project Soli ဟာ လက်ရှိစမ်းသပ်နေဆဲအခြေအနေမှာသာ ရှိနေပါသေးတယ်။ ဒီတော့ ကျွန်တော်တို့ဈေးကွက်ထဲမှာတွေ့မြင်ရဖို့အတွက်ဆိုရင် အချိန်အတော်လေး စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့်လည်း လေထဲမှာ လက်တွေကိုဝှေ့ယမ်းလိုက်တာနဲ့ ဖုန်းကိုထိန်းချုပ်နိုင်တော့မယ်ဆိုတာ အရမ်းမိုက်ပြီးတော့ ခေတ်လွန်နေပြီမဟုတ်ပါလား။ ဒီတော့စောင့်ဆိုင်းရတာတန်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.