နားၾကပ္ေပါက္ပါလာမယ္ဆိုရင္ေရာ iPhone အသစ္ကို ၀ယ္ၾကမွာလားဟင္

0
858

Zawgyi Version

Apple ရဲ႕ ေရာင္းအားက်ဆင္းလာတယ္ဆိုတာ ၾကားျပီးျပီမလား။ မဟုတ္ဘူးေနာ္။ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ခုႏွစ္မွ မဟုတ္တာ။ ၂၀၁၉ခုႏွစ္ေတာင္ေရာက္ေနျပီေလ။ ဘာေၾကာင့္မ်ားလဲ။ Apple က iPhone ကိုင္တဲ့သူအားလံုးကို upgrade လုပ္ဖို႕ မစြမ္းေဆာင္ႏုိင္ေတာ့လို႕လား။

အခု ကၽြန္ေတာ္တို႕ေဆြးေႏြးသြားမွာက Apple က ၂၀၁၈ ႏွစ္ကုန္ပုိင္းမွာ iPhone အသစ္၀ယ္ယူႏုိင္ေအာင္ ဘာေၾကာင့္မ်ား မလုပ္ႏုိင္ခဲ့တာလဲဆိုတာပါ။ iPhone အသစ္ေတြ activation လုပ္တဲ့စံခ်ိန္ကို ယူအက္စ္နဲ႕ ကေနဒါမွာ စံခ်ိန္တင္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၁၉ရဲ႕ ပထမဆံုးလေတြမွာ အားနည္းေနတယ္လို႕ သူတို႕ကိုယ္တုိင္၀န္ခံထားခဲ့ပါတယ္။ ဒီေတာ့ ဘာေတြျဖစ္ေနျပီလဲ နည္းနည္းေတာ့ စံုစမ္းရလိမ့္မယ္။

Apple ကေတာ့ iPhone မေရာင္းရျခင္းက တရုတ္ရဲ႕ေရာင္းအားကို အျပစ္တင္ရမယ္လို႕ ေျပာေနပါတယ္။ ဒါမွမဟုတ္ ဖြံ႕ျဖိဳးဆဲေစ်းကြက္ေတြမွာ မျဖန္႕ႏုိင္လို႕ဘဲလား။ ေဒၚလာ၂၉တန္ ဘတ္ထရီလဲလွယ္မႈေၾကာင့္လား။ ေလ့လာမႈေတြလုပ္ၾကည့္ရေအာင္ပါ။

Apple ကေတာ့ အေကာင္းေတြခ်ည္း မျဖစ္လာႏုိင္ဘူးလို႕ ေျပာထားပါတယ္။ ကၽြန္ေတာ္စဥ္းစားၾကည့္တယ္။ ဘတ္ထရီလဲလွယ္ေပးတဲ့စနစ္က အခ်ိဳ႕လူေတြအတြက္ အရမ္းစိတ္၀င္စားစရာေကာင္းေနပါတယ္။ ဘာေၾကာင့္မ်ားျဖစ္မလဲ။ အသစ္ဘာေၾကာင့္မကိုင္ၾကတာလဲ။

“အနည္းဆံုးေတာ့ တစ္ႏွစ္ေလာက္ကိုင္လို႕ရေသးတယ္။” ဟုတ္ပါတယ္။ ကၽြန္ေတာ္ဆိုရင္လည္း အဲဒီလိုေတြးမိမွာ အေသအခ်ာပါပဲ။

ဒီေတာ့ ကၽြန္ေတာ္တို႕အေနနဲ႕ လူေတြဘာကိုေစာင့္ဆုိင္းေနလဲ အတိအက်မသိႏုိင္္ေတာ့ပါဘူး။ Apple က ဖုန္းအသစ္၀ယ္မယ့္အစား ကုန္က်စရိတ္ေလ်ာ့က်ေအာင္ လုပ္ေပးလိုက္လို႕လား။ ဘယ္သူသိႏုိင္မွာတဲ့လဲ။ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ ၂၀၁၈ႏွစ္ကုန္ေလာက္မွာ iPhone အသစ္၀ယ္ဖုိ႕အတြက္ လံုးပန္းခဲ့ပါေသးတယ္။ ဒီအခ်က္ေတြက ၂၀၁၉ မွာ အေျပာင္းအလဲေတြျဖစ္လာေစႏုိင္တဲ့အခ်က္ေတြပါ။

ဒါေပမယ့္လည္း ကၽြန္ေတာ္သိခ်င္တာတစ္ခုရွိပါတယ္။ Apple က လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက နားၾကပ္ေပါက္ျဖဳတ္ခဲ့ပါတယ္။ ဒါကလည္း လုပ္ငန္းရွင္တုိင္း flagship အတြက္ လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နားၾကပ္ေပါက္က လူေတြလိုခ်င္ေနတဲ့ feature တစ္ခုျဖစ္ေနဆဲဆိုတာ ျငင္းလို႕မရျပန္ပါဘူး။

ဘာကမ်ား ကၽြန္ေတာ့ကိုအံ့ၾသသြားေစသလဲဆိုတာကေတာ့ တကယ္လို႕မ်ား နားၾကပ္ေပါက္လိုခ်င္ေနတယ္ဆိုရင္ ၊ Apple က ျပန္ထည့္ေပးခဲ့မယ္ဆိုရင္ iPhone အသစ္ကို ၀ယ္္ကိုင္မွာလား။ ေျပာၾကပါဦး။

Unicode Version

Apple ရဲ့ ရောင်းအားကျဆင်းလာတယ်ဆိုတာ ကြားပြီးပြီမလား။ မဟုတ်ဘူးနော်။ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ခုနှစ်မှ မဟုတ်တာ။ ၂၀၁၉ခုနှစ်တောင်ရောက်နေပြီလေ။ ဘာကြောင့်များလဲ။ Apple က iPhone ကိုင်တဲ့သူအားလုံးကို upgrade လုပ်ဖို့ မစွမ်းဆောင်နိုင်တော့လို့လား။
အခု ကျွန်တော်တို့ဆွေးနွေးသွားမှာက Apple က ၂၀၁၈ နှစ်ကုန်ပိုင်းမှာ iPhone အသစ်ဝယ်ယူနိုင်အောင် ဘာကြောင့်များ မလုပ်နိုင်ခဲ့တာလဲဆိုတာပါ။ iPhone အသစ်တွေ activation လုပ်တဲ့စံချိန်ကို ယူအက်စ်နဲ့ ကနေဒါမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ရဲ့ ပထမဆုံးလတွေမှာ အားနည်းနေတယ်လို့ သူတို့ကိုယ်တိုင်ဝန်ခံထားခဲ့ပါတယ်။ ဒီတော့ ဘာတွေဖြစ်နေပြီလဲ နည်းနည်းတော့ စုံစမ်းရလိမ့်မယ်။
Apple ကတော့ iPhone မရောင်းရခြင်းက တရုတ်ရဲ့ရောင်းအားကို အပြစ်တင်ရမယ်လို့ ပြောနေပါတယ်။ ဒါမှမဟုတ် ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ မဖြန့်နိုင်လို့ဘဲလား။ ဒေါ်လာ၂၉တန် ဘတ်ထရီလဲလှယ်မှုကြောင့်လား။ လေ့လာမှုတွေလုပ်ကြည့်ရအောင်ပါ။
Apple ကတော့ အကောင်းတွေချည်း မဖြစ်လာနိုင်ဘူးလို့ ပြောထားပါတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်။ ဘတ်ထရီလဲလှယ်ပေးတဲ့စနစ်က အချို့လူတွေအတွက် အရမ်းစိတ်ဝင်စားစရာကောင်းနေပါတယ်။ ဘာကြောင့်များဖြစ်မလဲ။ အသစ်ဘာကြောင့်မကိုင်ကြတာလဲ။
“အနည်းဆုံးတော့ တစ်နှစ်လောက်ကိုင်လို့ရသေးတယ်။” ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒီလိုတွေးမိမှာ အသေအချာပါပဲ။
ဒီတော့ ကျွန်တော်တို့အနေနဲ့ လူတွေဘာကိုစောင့်ဆိုင်းနေလဲ အတိအကျမသိနိုင်တော့ပါဘူး။ Apple က ဖုန်းအသစ်ဝယ်မယ့်အစား ကုန်ကျစရိတ်လျော့ကျအောင် လုပ်ပေးလိုက်လို့လား။ ဘယ်သူသိနိုင်မှာတဲ့လဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ၂၀၁၈နှစ်ကုန်လောက်မှာ iPhone အသစ်ဝယ်ဖို့အတွက် လုံးပန်းခဲ့ပါသေးတယ်။ ဒီအချက်တွေက ၂၀၁၉ မှာ အပြောင်းအလဲတွေဖြစ်လာစေနိုင်တဲ့အချက်တွေပါ။
ဒါပေမယ့်လည်း ကျွန်တော်သိချင်တာတစ်ခုရှိပါတယ်။ Apple က လွန်ခဲ့တဲ့နှစ်တွေကတည်းက နားကြပ်ပေါက်ဖြုတ်ခဲ့ပါတယ်။ ဒါကလည်း လုပ်ငန်းရှင်တိုင်း flagship အတွက် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နားကြပ်ပေါက်က လူတွေလိုချင်နေတဲ့ feature တစ်ခုဖြစ်နေဆဲဆိုတာ ငြင်းလို့မရပြန်ပါဘူး။
ဘာကများ ကျွန်တော့ကိုအံ့သြသွားစေသလဲဆိုတာကတော့ တကယ်လို့များ နားကြပ်ပေါက်လိုချင်နေတယ်ဆိုရင် ၊ Apple က ပြန်ထည့်ပေးခဲ့မယ်ဆိုရင် iPhone အသစ်ကို ဝယ်ကိုင်မှာလား။ ပြောကြပါဦး။

Leave a Reply