Posted on Leave a comment

ကင္မရာငါးလံုးပါဖို႕ ေသခ်ာသေလာက္ရွိေနျပီျဖစ္တဲ့ Huawei Mate 30 Pro

Zawgyi Version

စမတ္ဖုန္းထုတ္လုပ္သူေတြက ကိန္းဂဏန္းေတြနဲ႕ပတ္သတ္ျပီးေတာ့ အျမဲတမ္းရူးသြပ္ေလ့ရွိပါတယ္။ ပထမဆံုးအေနနဲ႕ screen pixel ၊ အဲဒီေနာက္မွာေတာ့ camera အတြက္ megapixel ျပီးေတာ့ CPU core ေတြေပါ့။ အခုအခ်ိန္မွာ ပါးလႊာတဲ့ဖုန္းေတြမွာ တပ္ဆင္မယ့္ ကင္မရာအေရအတြက္ေတြကို စိတ္ကူးေပါက္ေနၾကျပန္ပါျပီ။ Nokia 9 PureView ကလည္း ကမာၻ႕ပထမဆံုးေသာ ကင္မရာငါးလုံုးပါမယ့္ဖုန္းတစ္လံုးျဖစ္ပါတယ္။ ၂၀၁၉ႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ သူတစ္လံုးတည္း မဟုတ္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ Huawei ကလည္း ဒီလမ္းေၾကာင္းအတုိင္းေလွ်ာက္လွမ္းေတာ့မွာျဖစ္လို႕ပါပဲ။

Huawei ဟာ ကင္မရာအမ်ားၾကီးတပ္ဆင္ႏုိင္တဲ့အတြက္ အျမဲတမ္းဂုဏ္ယူေနသူတစ္ေယာက္ျဖစ္ပါတယ္။ ကင္မရာႏွစ္လံုးတပ္ဆင္မႈအတြက္ ပထမဆံုးမျဖစ္ႏုိင္ခဲ့ေပမယ့္လည္း ထင္ရွားေအာင္ေတာ့ လုပ္ေဆာင္ႏုိင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ကင္မရာသံုးလံုးမွာ ပထမဆံုးျဖစ္ခဲ့ေပမယ့္ ဆမ္ေဆာင္းရဲ႕သံုးလံုးေအာက္မွာ အရွံဳးေပးလိုက္ရပါတယ္။ ဒီႏွစ္မွာေတာ့ P30 Pro နဲ႕ Mate 30 Pro တို႕နဲ႕ ျပန္လည္အႏုိင္ယူသြားမွာကို ေစာင့္ၾကည့္ရမွာပါ။

Mate 30 Pro အတြက္ တရုတ္ႏုိင္ငံမွာ patent တင္လုိက္တဲ့သတင္း ထြက္ေပၚလာခဲ့ပါတယ္။ ဖုန္းအတြက္ patent မဟုတ္ပါဘူး။ တကယ္ေတာ့ smartphone case အတြက္ တင္ထားတာျဖစ္ပါတယ္။ ဒါက ၂၀၁၈ရဲ႕ Mate 20 Pro နဲ႕ ဆင္တူပါတယ္။ ကင္မရာကေတာ့ ေလးေထာင့္မဟုတ္ေတာ့ဘဲ ေထာင့္မွန္စတုဂံပံု ျဖစ္လာပါတယ္။

Mate 20 Pro လိုပဲ Huawei Mate 30 Pro ဟာ သူ႕အတြက္ ကင္မရာငါးလံုးဖုန္းထဲမွာ ပထမဆံုးျဖစ္လာႏုိင္ပါတယ္။ အဲဒီကင္မရာငါးလံုးက ဘာေတြမ်ားလုပ္ေဆာင္ႏုိင္မလဲ။ ဘယ္သူမွမသိေသးပါဘူး။ Huawei က monochrome sensor ကို ျဖဳတ္ထားတဲ့အတြက္ေၾကာင့္ အားလံုးက RGB ကင္မရာေတြျဖစ္လာႏုိင္ပါတယ္။ ဒါေပမယ့္လည္း time-of-flight (ToF) camera ေတြက လူၾကိဳက္မ်ားလာႏုိင္ပါတယ္။

smartphone case အတြက္ patent ျဖစ္တဲ့အတြက္ေၾကာင့္ အခိုင္အမာေျပာလို႕မရႏုိင္ေသးပါဘူး။ ဒါေပမယ့္လည္း Huawei P30 Pro ကို ကင္မရာေလးလံုးပါ၀င္မယ္လို႕ေတာ့ မွန္းထားလို႕ရႏုိင္ပါတယ္။ ငါးလံုးလား။ ေလးလံုးလားကေတာ့ ေနာက္ထပ္သတင္းေတြကို ေစာင့္ေမွ်ာ္နားေထာင္ရမွာပါ။

Unicode Version

စမတ်ဖုန်းထုတ်လုပ်သူတွေက ကိန်းဂဏန်းတွေနဲ့ပတ်သတ်ပြီးတော့ အမြဲတမ်းရူးသွပ်လေ့ရှိပါတယ်။ ပထမဆုံးအနေနဲ့ screen pixel ၊ အဲဒီနောက်မှာတော့ camera အတွက် megapixel ပြီးတော့ CPU core တွေပေါ့။ အခုအချိန်မှာ ပါးလွှာတဲ့ဖုန်းတွေမှာ တပ်ဆင်မယ့် ကင်မရာအရေအတွက်တွေကို စိတ်ကူးပေါက်နေကြပြန်ပါပြီ။ Nokia 9 PureView ကလည်း ကမ္ဘာ့ပထမဆုံးသော ကင်မရာငါးလုံးပါမယ့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၂၀၁၉နှစ်ကုန်ပိုင်းလောက်မှာတော့ သူတစ်လုံးတည်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Huawei ကလည်း ဒီလမ်းကြောင်းအတိုင်းလျှောက်လှမ်းတော့မှာဖြစ်လို့ပါပဲ။
Huawei ဟာ ကင်မရာအများကြီးတပ်ဆင်နိုင်တဲ့အတွက် အမြဲတမ်းဂုဏ်ယူနေသူတစ်ယောက်ဖြစ်ပါတယ်။ ကင်မရာနှစ်လုံးတပ်ဆင်မှုအတွက် ပထမဆုံးမဖြစ်နိုင်ခဲ့ပေမယ့်လည်း ထင်ရှားအောင်တော့ လုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကင်မရာသုံးလုံးမှာ ပထမဆုံးဖြစ်ခဲ့ပေမယ့် ဆမ်ဆောင်းရဲ့သုံးလုံးအောက်မှာ အရှုံးပေးလိုက်ရပါတယ်။ ဒီနှစ်မှာတော့ P30 Pro နဲ့ Mate 30 Pro တို့နဲ့ ပြန်လည်အနိုင်ယူသွားမှာကို စောင့်ကြည့်ရမှာပါ။
Mate 30 Pro အတွက် တရုတ်နိုင်ငံမှာ patent တင်လိုက်တဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဖုန်းအတွက် patent မဟုတ်ပါဘူး။ တကယ်တော့ smartphone case အတွက် တင်ထားတာဖြစ်ပါတယ်။ ဒါက ၂၀၁၈ရဲ့ Mate 20 Pro နဲ့ ဆင်တူပါတယ်။ ကင်မရာကတော့ လေးထောင့်မဟုတ်တော့ဘဲ ထောင့်မှန်စတုဂံပုံ ဖြစ်လာပါတယ်။
Mate 20 Pro လိုပဲ Huawei Mate 30 Pro ဟာ သူ့အတွက် ကင်မရာငါးလုံးဖုန်းထဲမှာ ပထမဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီကင်မရာငါးလုံးက ဘာတွေများလုပ်ဆောင်နိုင်မလဲ။ ဘယ်သူမှမသိသေးပါဘူး။ Huawei က monochrome sensor ကို ဖြုတ်ထားတဲ့အတွက်ကြောင့် အားလုံးက RGB ကင်မရာတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း time-of-flight (ToF) camera တွေက လူကြိုက်များလာနိုင်ပါတယ်။
smartphone case အတွက် patent ဖြစ်တဲ့အတွက်ကြောင့် အခိုင်အမာပြောလို့မရနိုင်သေးပါဘူး။ ဒါပေမယ့်လည်း Huawei P30 Pro ကို ကင်မရာလေးလုံးပါဝင်မယ်လို့တော့ မှန်းထားလို့ရနိုင်ပါတယ်။ ငါးလုံးလား။ လေးလုံးလားကတော့ နောက်ထပ်သတင်းတွေကို စောင့်မျှော်နားထောင်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.