Posted on Leave a comment

Xiaomi Mi Mix 3 ရဲ႕ Sapphire Blue Model ကို ေရာင္းၿပီ

ေရွာင္မီက Mi Mix 3 ရဲ႕ အနက္ေရာင္ကိုသာ ေရာင္းခ်ေပးထားၿပီး အျခား အေရာင္မ်ား ျဖစ္တဲ့ Jade Green , Sapphire Blue မ်ားကို မေရာင္းေသးပါဘူး။ အခုေတာ့ Sapphire Blue ကို တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ 8/128GB Model ကို ယြမ္ ၃၆၀၀ ( ယူရုိ ၄၆၀) သတ္မွတ္ထားပါတယ္။ အဲဒီအေရာင္ရဲ႕ 6/128 နဲ႔ 8/256 မ်ားကိုေတာ့ မေရာင္းေသးပါဘူး။ Jade Green ကို ေရာင္းမယ့္ အခ်ိန္ကိုလည္း မသိရေသးပါဘူး။

Mi Mix 3 ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ Selfie Slider Camera နဲ႔ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ပါပါတယ္။ သူ႔မွာ ၆.၄ လက္မ AMOLED Full HD+ Display ထည့္သြင္းထားၿပီး Screen-to-body Ratio မွာ ၉၃.၄ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Slider မွာ 24+2MP Camera မ်ားကို တပ္ဆင္ထားၿပီး ေရွာင္မီက Low Light မွာ စြမ္းရည္ အလြန္ျမင့္မားတယ္လို႔ ေျပာပါတယ္။

အေနာက္ဘက္မွာ 12+2MP Camera မ်ား ထည့္ေပးထားပါတယ္။ AI Scene Recognition နဲ႔ AI Engine က ေထာက္ကူထားတဲ့ 960fps Slow-mo Video မ်ား ပါပါတယ္။ Snapdragon 845 Chipset ေမာင္းႏွင္ထားပါတယ္။ microSD Card Slot , 3.5mm Audio Jack မ်ား မပါပါဘူး။ USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏုိင္သလို 10W Wireless Charging လည္း ပါပါတယ္။

၂၀၁၉ ခုႏွစ္ ပထမ သံုးလထဲမွာ 5G Version ကို ေရာင္းခ်မွာပါ။ ေရွာင္မီက ဥေရာပမွာ ေရာင္းမယ္လို႔ အတည္ျပဳခဲ့ေပမယ့္ အျခား ေရာင္းမယ့္ ႏုိင္ငံမ်ားကိုေတာ့ မေျပာသြားပါဘူး။ MIUI 10 ထည့္သြင္းထားၿပီး Xiao AI Assistant ကို ဆင့္ေခၚႏုိင္တဲ့ ခလုတ္တစ္ခုကို ဘယ္ဘက္မွာ ထည့္ထားပါတယ္။ Xiao က တရုတ္လိုသာ နားလည္ပါတယ္။

unicode

Xiaomi Mi Mix 3 ရဲ့ Sapphire Blue Model ကို ရောင်းပြီ

ရှောင်မီက Mi Mix 3 ရဲ့ အနက်ရောင်ကိုသာ ရောင်းချပေးထားပြီး အခြား အရောင်များ ဖြစ်တဲ့ Jade Green , Sapphire Blue များကို မရောင်းသေးပါဘူး။ အခုတော့ Sapphire Blue ကို တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ 8/128GB Model ကို ယွမ် ၃၆၀၀ ( ယူရို ၄၆၀) သတ်မှတ်ထားပါတယ်။ အဲဒီအရောင်ရဲ့ 6/128 နဲ့ 8/256 များကိုတော့ မရောင်းသေးပါဘူး။ Jade Green ကို ရောင်းမယ့် အချိန်ကိုလည်း မသိရသေးပါဘူး။

Mi Mix 3 ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ Selfie Slider Camera နဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းများ ပါပါတယ်။ သူ့မှာ ၆.၄ လက်မ AMOLED Full HD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Slider မှာ 24+2MP Camera များကို တပ်ဆင်ထားပြီး ရှောင်မီက Low Light မှာ စွမ်းရည် အလွန်မြင့်မားတယ်လို့ ပြောပါတယ်။

အနောက်ဘက်မှာ 12+2MP Camera များ ထည့်ပေးထားပါတယ်။ AI Scene Recognition နဲ့ AI Engine က ထောက်ကူထားတဲ့ 960fps Slow-mo Video များ ပါပါတယ်။ Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ microSD Card Slot , 3.5mm Audio Jack များ မပါပါဘူး။ USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်သလို 10W Wireless Charging လည်း ပါပါတယ်။

၂၀၁၉ ခုနှစ် ပထမ သုံးလထဲမှာ 5G Version ကို ရောင်းချမှာပါ။ ရှောင်မီက ဥရောပမှာ ရောင်းမယ်လို့ အတည်ပြုခဲ့ပေမယ့် အခြား ရောင်းမယ့် နိုင်ငံများကိုတော့ မပြောသွားပါဘူး။ MIUI 10 ထည့်သွင်းထားပြီး Xiao AI Assistant ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ်တစ်ခုကို ဘယ်ဘက်မှာ ထည့်ထားပါတယ်။ Xiao က တရုတ်လိုသာ နားလည်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.