
0
270




unicode

OPPO R17 Pro ရဲ့ King of Glory Edition ထွက်ရှိ

OPPO က ၂၀၁၉ ခုနှစ် နှစ်သစ်အတွက် R17 Pro ရဲ့ နှစ်သစ်ကူး မော်ဒယ်ကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အခုလည်း နောက်ထပ် အထူးထုတ် မော်ဒယ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်က OPPO R17 Pro King of Glory Edition ဖြစ်ပြီး အစိမ်းရောင် ဖြစ်ပါတယ်။ သူ့ကို OPPO ရဲ့ အွန်လိုင်း စတိုးကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

သူဟာ မူလမော်ဒယ်များနဲ့ အပြင်ပိုင်းမှာသာ ကွာခြားတာ မဟုတ်ပါဘူး။ အထူးဖန်တီးထားတဲ့ King of Glory Theme ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Game လည်း ပါပါတယ်။ အဲဒီမော်ဒယ်ကို OPPO နဲ့ Tencent Games တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့မှာ 8GB RAM , 128GB Internal Storage များ ထည့်သွင်းထားပါတယ်။

သူ့မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့်ထက် ပိုတဲ့ Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ သုံးလုံးနဲ့ အတူ ToF Sensor ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ယွမ် ၄၂၉၉ ( ၆၃၀ ဒေါ်လာဝန်းကျင်) သတ်မှတ်ထားပါတယ်။

Leave a Reply