iPhone ၀ယ္လိုအား နည္းပါးမႈေၾကာင့္ ေဒၚလာ ၉ ဘီလီယမ္ဖိုးလာက္ နစ္နာသြားတဲ့ Apple

0
2678

Apple CEO Tim Cook က ေမွ်ာ္လင့္ထားတာထက္ အိုင္ဖုန္း ေရာင္းအား နည္းပါးမယ္ဆိုတဲ့ သတိေပးခ်က္နဲ႔ ပတ္သက္တဲ့ ေၾကညာခ်က္တစ္ခုကို ရွယ္ယာရွင္မ်ားအား ထုတ္ျပန္လိုက္ပါတယ္။ စားသံုးသူမ်ားဟာ အိုင္ဖုန္း အသစ္မ်ားကို ၀ယ္ယူျခင္း မရွိဘဲ အေဟာင္းမ်ားကိုသာ ဆက္ကိုင္းထားၾကတယ္လို႔ ေျပာပါတယ္။ တရုတ္မွာသာ ၀ယ္လိုအား နည္းပါးတာ မဟုတ္ဘဲ ဖြံ႔ၿဖိဳးၿပီး နိုင္ငံအခ်ိဳ႕မွာလည္း ေမွ်ာ္လင့္ထားသေလာက္ ေရာင္းအား မေကာင္းဘူးလို႔ သိရပါတယ္။

Tim Cook က ေရာင္းအား နည္းပါးျခင္းရဲ႕ အေၾကာင္းအရင္းမ်ားကိုလည္း ေျပာထားပါတယ္။ iPhone X နဲ႔ ယွဥ္ရင္ iPhone XS , XS Max မ်ားကို ေစာစီးစြာ ေရာင္းခ်ျခင္း၊ အေမရိကန္ ေဒၚလာ တန္ဖိုးတက္လာျခင္း၊ ဖုန္း အစိတ္အပိုင္း ေထာက္ပံ့မႈ အကန္႔အသတ္မ်ား ရွိျခင္း၊ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ စီးပြားေရး က်ဆင္းျခင္းတို႔ ပါ၀င္ပါတယ္။ ဒါေပမယ့္ အဓိက က်တဲ့ အခ်က္က စိတ္၀င္စားစရာ ေကာင္းပါတယ္။

Apple က ဖုန္း အေဟာင္းမ်ားအတြက္ ဘက္ထရီ လဲလွယ္ခမ်ားကို သက္သာေအာင္ ျပဳလုပ္ေပးထားတဲ့ အတြက္ စားသံုးသူမ်ားဟာ ဖုန္း အသစ္ မ၀ယ္ဘဲ ဖုန္းအေဟာင္းမ်ားမွာ ဘက္ထရီကိုသာ လဲလွယ္ၿပီး ဆက္သံုးေနၾကတာ ျဖစ္ပါတယ္။ iPhone ၀ယ္လိုအား နည္းပါးမႈေၾကာင့္ ေဒၚလာ ၉ ဘီလီယမ္ဖိုးလာက္ နစ္နာသြားတယ္လို႔ Apple က ေျပာပါတယ္။

Apple က အိုင္ဖုန္း အေဟာင္းမ်ားမွာ ဘက္ထရီ သက္တမ္း က်ဆင္းျခင္းေၾကာင့္ Shut Down အလိုလို ျဖစ္ျခင္းကို ေျဖရွင္းဖို႔ အတြက္ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို ႏွိမ့္ခ်ခဲ့တယ္လို႔ ၀န္ခံခဲ့ပါတယ္။ ဘက္ထရီမ်ား လဲလွယ္ခကိုလည္း ၇၉ ကေန ၂၉ ေဒၚလာအထိ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။

Ref : theverge

unicode

iPhone ဝယ်လိုအား နည်းပါးမှုကြောင့် ဒေါ်လာ ၉ ဘီလီယမ်ဖိုးလာက် နစ်နာသွားတဲ့ Apple

Apple CEO Tim Cook က မျှော်လင့်ထားတာထက် အိုင်ဖုန်း ရောင်းအား နည်းပါးမယ်ဆိုတဲ့ သတိပေးချက်နဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကို ရှယ်ယာရှင်များအား ထုတ်ပြန်လိုက်ပါတယ်။ စားသုံးသူများဟာ အိုင်ဖုန်း အသစ်များကို ဝယ်ယူခြင်း မရှိဘဲ အဟောင်းများကိုသာ ဆက်ကိုင်းထားကြတယ်လို့ ပြောပါတယ်။ တရုတ်မှာသာ ဝယ်လိုအား နည်းပါးတာ မဟုတ်ဘဲ ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှာလည်း မျှော်လင့်ထားသလောက် ရောင်းအား မကောင်းဘူးလို့ သိရပါတယ်။

Tim Cook က ရောင်းအား နည်းပါးခြင်းရဲ့ အကြောင်းအရင်းများကိုလည်း ပြောထားပါတယ်။ iPhone X နဲ့ ယှဉ်ရင် iPhone XS , XS Max များကို စောစီးစွာ ရောင်းချခြင်း၊ အမေရိကန် ဒေါ်လာ တန်ဖိုးတက်လာခြင်း၊ ဖုန်း အစိတ်အပိုင်း ထောက်ပံ့မှု အကန့်အသတ်များ ရှိခြင်း၊ အချို့ နိုင်ငံများမှာ စီးပွားရေး ကျဆင်းခြင်းတို့ ပါဝင်ပါတယ်။ ဒါပေမယ့် အဓိက ကျတဲ့ အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။

Apple က ဖုန်း အဟောင်းများအတွက် ဘက်ထရီ လဲလှယ်ခများကို သက်သာအောင် ပြုလုပ်ပေးထားတဲ့ အတွက် စားသုံးသူများဟာ ဖုန်း အသစ် မဝယ်ဘဲ ဖုန်းအဟောင်းများမှာ ဘက်ထရီကိုသာ လဲလှယ်ပြီး ဆက်သုံးနေကြတာ ဖြစ်ပါတယ်။ iPhone ဝယ်လိုအား နည်းပါးမှုကြောင့် ဒေါ်လာ ၉ ဘီလီယမ်ဖိုးလာက် နစ်နာသွားတယ်လို့ Apple က ပြောပါတယ်။

Apple က အိုင်ဖုန်း အဟောင်းများမှာ ဘက်ထရီ သက်တမ်း ကျဆင်းခြင်းကြောင့် Shut Down အလိုလို ဖြစ်ခြင်းကို ဖြေရှင်းဖို့ အတွက် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို နှိမ့်ချခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘက်ထရီများ လဲလှယ်ခကိုလည်း ၇၉ ကနေ ၂၉ ဒေါ်လာအထိ လျှော့ချပေးခဲ့ပါတယ်။

Ref : theverge

Leave a Reply