Enterprise Knowledge Smartphone Smartphone Trending

၂၀၁၉ခုႏွစ္အတြက္ မိုဘိုင္းလ္ေစ်းကြက္ကို ၾကိဳတင္ခန္႕မွန္းၾကည့္ရေအာင္



Zawgyi Version

၂၀၁၉ခုႏွစ္ကေတာ့ ရူးရမယ့္ႏွစ္္တစ္ႏွစ္ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ နည္းပညာအသစ္အဆန္းေတြအမ်ားၾကီး ေတြ႕ျမင္ရမွာမို႕ ရူးခါေနေအာင္ ခံစားရမွာပါ။ အသစ္အဆန္းေတြဆိုေပမယ့္လည္း လံုး၀အသစ္အဆန္းမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႕ေတြ႕ျမင္ဖူးၾကပါတယ္။ ခံစားမႈကိုသာ ဆန္းသစ္သြားမွာပါ။ 5G ပစၥည္းေတြ၊ ကင္မရာခပ္မ်ားမ်ား စတာေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္မွာျမွဳပ္ထားတဲ့ လက္ေဗြစနစ္ေတြကိုလည္း ေတြ႕ျမင္ရဦးမွာပါ။ လက္ေဗြစနစ္က အေနာက္ကေန အေရွ႕ကိုေရာက္သြားတဲ့အခါ အေနာက္ဘက္မွာ ကင္မရာေတြထည့္ဖို႕ ေနရာတိုးလာမွာျဖစ္သလို AI စနစ္ေတြကိုလည္း ပူးေပါင္းေစႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နည္းပညာအသစ္ေတြအတြက္လည္း ေနရာေပးႏုိင္ပါျပီ။

၁။ fingerprint sensor ကို မ်က္ႏွာျပင္ေပၚမွာထည့္သြင္းမယ့္ဖုန္းေတြမ်ားလာႏုိင္

၂၀၁၈ခုႏွစ္မွာ OEM အမ်ားစုက on-screen fingerprint sensor ေတြကို အသံုးျပဳလာၾကမွာပါ။ တခ်ိဳ႕လူေတြကေတာ့ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္လို႕လည္း ေခၚၾကပါတယ္။ Vivo ေၾကာင့္ ဒီနည္းပညာကိုျမင္ေတြ႕ခြင့္ရခဲ့တာမို႕ ေက်းဇူးတင္ထိုက္သူတစ္ဦးလည္း ျဖစ္ပါတယ္။ Vivo Xplay 7 ကေတာ့ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္နဲ႕ပါ။ Vivo X20 Plus UD ကေတာ့ Full View display နဲ႕ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Vivo မတုိင္ခင္ Samsung က လုပ္မယ္လို႕ သတင္းေတြထြက္ခဲ့ပါတယ္။ အဲဒီနည္းပညာကို ၂၀၁၆ခုႏွစ္က CrucialTec စတင္လုပ္ခဲ့ဖူးတယ္လို႕သိရပါတယ္။

မႏွစ္က Samsung ရဲ႕ မ်က္ႏွာျပင္ေပၚက fingerprint sensor ဟာ display ပိုင္းဆုိင္ရာအခက္အခဲေတြျဖစ္ေစခဲ့ပါတယ္။ ဒါေၾကာင့္ Note 8 မွာ မထည့္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ Galaxy S10 မွာ ထည့္သြင္းႏုိင္ေကာင္းပါရဲ႕။ Sharp Aquos S2, OnePlus 6, OnePlus 6T, Xiaomi Mi 8, Huawei Mate 20 Pro နဲ႕ OPPO R17 တို႕ကိုလည္း သတိရလိုက္ပါ။

ဒီႏွစ္ရဲ႕ Nokia 9 ၊ Samsung Galaxy S10 တို႕ကေတာ့ ေသခ်ာေပါက္နီးနီး ပါသင့္တဲ့ဖုန္းေတြျဖစ္ပါတယ္။

၂။ လံုး၀ေဘာင္ေပ်ာက္လုနီးနီးျဖစ္လာမယ့္ display မ်ား

အရင္ႏွစ္ေတြကတည္းက ေဘာင္ေပ်ာက္လုနီးပါးလို႕ ကၽြန္ေတာ္တို႕ ေျပာခဲ့ၾကတယ္။ Sharp Aquos Mini, Xiaomi Mi Mix, Nubia Z9, Essential Phone, ZTE Blade V9 နဲ႕ Honor 10 တို႕လိုေပါ့။

Vivo ရဲ႕ ေခတ္လြန္စတ္ဖုန္းေတြ၊ Doogee MIX 4 ေတြလိုမ်ိဳး ျဖစ္လာႏုိင္ပါတယ္။

Huawei ကလည္း လံုး၀ေဘာင္ေပ်ာက္မယ့္ဒီဇုိင္းေတြထုတ္ေနသလို notch ကိုလည္း ေဖ်ာက္ႏုိင္ေအာင္ လုပ္ေနပါတယ္။ ဒီႏွစ္အတြက္ ရင္ခုန္ခ်င္စရာေကာင္းပါတယ္။

၃။ 5G support ေပးႏုိင္မယ့္ပစၥည္းမ်ား ေစ်းကြက္တြင္ေပါမ်ားလာႏုိင္

၂၀၁၅ခုႏွစ္တည္းကစတင္ခဲ့တဲ့ 5G ဟာ 2018 Winter Olympics မွာ 20GBs per second နဲ႕ ထြက္ရွိႏုိင္ခဲ့ပါတယ္။ Verizon ကေတာ့ စမ္းသပ္မႈေတြ ေနာက္ပိုင္းမွာ လုပ္ေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ၂၀၂၀မွာ launch လုပ္ဖို႕အတြက္ ျပင္ဆင္ေနတယ္လို႕ သတင္းေတြထြက္ေနပါတယ္။ AT&T ကေတာ့ ၂၀၁၆တည္းက အၾကိဳစမ္းသပ္မႈေတြ လုပ္ေဆာင္ေနခဲ့တာပါ။ AT&T နဲ႕ Nokia ပူးေပါင္းေနတယ္ဆိုတာလည္း သတင္းေတြၾကားထားပါတယ္။ Verizon နဲ႕ KT ကလည္း ပူးေပါင္းေနသလို Samsung နဲ႕ T-Mobile တို႕ကလည္း တြဲဖက္ျပီးေတာ့ လုပ္ေဆာင္ေနၾကပါတယ္။

5G နည္းပညာဟာ ခန္႕မွန္းထားတဲ့ရက္ထက္ ေစာျပီးေတာ့ ျပီးႏုိင္ပါတယ္။ 5G အတြက္ လိုအပ္တဲ့ infrastructure ေတြကိုလည္း အခ်ိန္နဲ႕တစ္ေျပးညီလုပ္ေဆာင္ေပးေနၾကပါတယ္။ နည္းပညာက 2020 launch ဆိုေပမယ့္လည္း ေစာျပီးေလာက္မွာပါ။ Qualcomm ဆီကေန 5G modem နဲ႕ gigabit LTE ေတြ ေမွ်ာ္လင့္ထားလိုက္ပါ။

Samsung နဲ႕ HTC ကလည္း ေတာင္ကိုရီးယားမွာ 5G connectivity စမ္းသပ္မႈေတြေအာင္ျမင္ထားပါတယ္။ Intel ကလည္း သူ႕ရဲ႕ပထမဆံုးေသာ 5G modem နဲ႕ 5Gbps download speeds ေတြကို ေၾကညာျပထားပါတယ္။ ယူအက္စ္မွာေတာ့ Samsung က Verizon နဲ႕ 5G connectivity ကို စမ္းသပ္ထားပါတယ္။

ဒီနည္းပညာနဲ႕ပတ္သတ္ျပီးေတာ့ carrier အေတာ္မ်ားမ်ားက အေကာင္းျမင္ေနၾကပါတယ္။ AT&T ကလည္း “5G Evolution” နဲ႕ mobile 5G ေတြကို ျဖန္႕ခ်ိေပးေတာ့မွာပါ။ KDDI နဲ႕ Samsung ကလည္း 5G ကို သြားေနတဲ့ရထားေပၚမွာ စမ္းသပ္ျပီးပါျပီ။ ေနာက္ျပီး ေဘ့စ္ေဘာကြင္းမွာလည္း စမ္းသပ္ခဲ့ပါတယ္။ Qualcomm Snapdragon X50 5G modem လည္း ထြက္ပါေေတာ့မယ္။ 5G က သင္ထင္ထားတာထက္ ပိုနီးကပ္လာပါျပီ။

၄။ ေကြးညႊတ္ႏုိင္တဲ့စမတ္ဖုန္းေတြက ေရာင္းခ်ႏုိင္တဲ့အထိျဖစ္လာႏုိင္

ေသခ်ာပါတယ္။ ZTE Axon M က ျဖစ္ႏုိင္တယ္ဆိုတာသက္ေသျပျပီးေနာက္မွာေတာ့ FlexPai က ေခါက္ႏုိင္တဲ့စမတ္ဖုန္း concept ကို လုပ္ေဆာင္ခဲ့ပါတယ္။

Samsung က ၂၀၁၆ကတည္းကလုပ္ေဆာင္ေနခဲ့တာပါ။ official အေနနဲ႕ထြက္လာႏုိ္င္တာကေတာ့ Infinity Flex Display ျဖစ္ပါတယ္။ Samsung Galaxy Foldable Phone ေလးကိုလည္း မၾကာခင္ေတြ႕ျမင္ရေတာ့မွာပါ။ Galaxy F, Galaxy Fold, Galaxy X, or Galaxy Folder နာမည္ေတြအမ်ားၾကီးပါပဲ။ LG, OPPO, Lenovo, Huawei နဲ႕ Google ဆီကေနလည္းေမွ်ာ္မွန္းထားလို႕ရပါတယ္။

၅။ စြမ္းေဆာင္ရည္ပိုျမင့္ျပီး ေစ်းသက္သာလာမယ့္ ဂိမ္းမင္းဖုန္းမ်ား

Gaming Phones

၂၀၁၈ထဲမွာ ဂိမ္းကိုအသားေပးထုတ္ခဲ့တဲ့ စမတ္ဖုန္းေတြေပၚလာခဲ့ပါတယ္။ Razer Phone, Razer Phone 2, Black Shark, Black Shark 2, ASUS ROG Phone, Xiaomi Pocophone F1 (Xiaomi Poco F1 in India) နဲ႕ Xiaomi Play တို႕ျဖစ္ပါတယ္။

ေစ်းသက္သာျပီး စြမ္းေဆာင္ရည္ပိုျမင့္မယ္လုိ႕ေျပာရျခင္းက ျပိဳင္ဆုိင္မႈျပင္းထန္လာတဲ့အတြက္ေၾကာင့္ပါ။ ေစ်းႏႈန္းနဲ႕ အခ်က္အလက္ေတြအားလံုးကို ျပိဳင္ၾကမွာပါ။ Xiaomi Poco F1 ေတာင္မွ အခ်က္အလက္ေတြေကာင္းေကာင္းသံုးထားေပမယ့္လည္း ေစ်းႏႈန္းကိုေလွ်ာ့ႏုိင္ခဲ့ပါတယ္။ ဒီေတာ့ Xiaomi ကို ဂိမ္းမင္းဖုန္းအတြက္ ေမွ်ာ္လင့္ခ်က္ေပးထားလို႕ရပါတယ္။

၆။ AI စနစ္ပါ၀င္လာမယ့္ နည္းပညာမ်ား

More AI-powered technologies

Artificial intelligence or ကေတာ့ ဖုန္းေတြနဲ႕ ၀န္ေဆာင္မႈေတြမွာ အမ်ားအျပားရလာႏုိင္မွာပါ။ Lenovo ကလည္း ရင္းႏွီးျမွဳပ္ႏွံမႈေတြလုပ္ေဆာင္ေနပါတယ္။ Samsung ကလည္း Fluenty ကို ၀ယ္ယူျပီးေတာ့ အသားေပးေဆာင္ရြက္ေနပါတယ္။ ေနာက္ျပီးဖုန္းနဲ႕ ဆာဗာေတြအတြက္ AI processor ေတြကို ဖန္တီးေနပါတယ္။

မႏွစ္ကတုန္းက ThinQ suffix ထည့္သြင္းျပီးေတာ့ AI အတြက္ သီးသန္႕ရည္ရြယ္ခဲ့တဲ့ LG ကို မွတ္မိၾကမွာပါ။ MediaTek Helio P60 processor ကိုလည္း AI လုပ္ေဆာင္ခ်က္ေတြနဲ႕ကိုက္ညီေအာင္ ထုတ္ေပးခဲ့ပါတယ္။ Vivo ကလည္း new AI-Powered Super HDR နည္းပညာကို မိတ္ဆက္ခဲ့ပါတယ္။

Bixby ကိုလည္း update လုပ္ပါလိမ့္မယ္။ OPPO F7, Huawei P20 Pro, Nokia X6, LG Q7 နဲ႕ AI-ready Google Pixel 3 တို႕လိုဖုန္းေတြ ထြက္လာဦးမွာပါ။ Samsung Galaxy S10 လည္း ခ်န္ထားခဲ့လို႕မရျပန္ပါဘူး။

၇။ ကင္မရာေတြပိုမ်ားလာႏိုင္

ပိုမ်ားေလ ပိုေကာင္းေလပဲေပါ့။ ဟုတ္ပါတယ္။ ဒီႏွစ္အတြက္ ကင္မရာေတြကို သူ႕ထက္ငါ မ်ားေအာင္ျပင္ဆင္ၾကပါလိမ့္မယ္္။ Huawei P10 နဲ႕ P10 Plus ကေတာ့ ကင္မရာႏွစ္လံုးနဲ႕ ေခတ္စားခဲ့ပါတယ္။ Huawei P20 Pro ကေတာ့ ကင္မရာသံုးလံုးနဲ႕ ေခတ္ကိုစတင္ခဲ့ပါတယ္။ Huawei Mate 20 ကလည္း ထို႕အတူပါပဲ။

Samsung ကေတာ့ Galaxy A9 မွာ ကင္မရာေလးလံုးထည့္သြင္းခဲ့ပါတယ္။ Xiaomi Redmi Note 6 Pro လိုမ်ိဳးေပ့ါ။ Nokia ကေတာ့ ငါးလံုးျဖစ္ျပီး Honor Magic 2 ကေတာ့ ေျခာက္လံုးထည့္သြင္းထားပါတယ္။

Unicode Version

၂၀၁၉ခုနှစ်ကတော့ ရူးရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေအများကြီး တွေ့မြင်ရမှာမို့ ရူးခါနေအောင် ခံစားရမှာပါ။ အသစ်အဆန်းတွေဆိုပေမယ့်လည်း လုံးဝအသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ့မြင်ဖူးကြပါတယ်။ ခံစားမှုကိုသာ ဆန်းသစ်သွားမှာပါ။ 5G ပစ္စည်းတွေ၊ ကင်မရာခပ်များများ စတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာမြှုပ်ထားတဲ့ လက်ဗွေစနစ်တွေကိုလည်း တွေ့မြင်ရဦးမှာပါ။ လက်ဗွေစနစ်က အနောက်ကနေ အရှေ့ကိုရောက်သွားတဲ့အခါ အနောက်ဘက်မှာ ကင်မရာတွေထည့်ဖို့ နေရာတိုးလာမှာဖြစ်သလို AI စနစ်တွေကိုလည်း ပူးပေါင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာအသစ်တွေအတွက်လည်း နေရာပေးနိုင်ပါပြီ။
၁။ fingerprint sensor ကို မျက်နှာပြင်ပေါ်မှာထည့်သွင်းမယ့်ဖုန်းတွေများလာနိုင်


၂၀၁၈ခုနှစ်မှာ OEM အများစုက on-screen fingerprint sensor တွေကို အသုံးပြုလာကြမှာပါ။ တချို့လူတွေကတော့ မျက်နှာပြင်အောက်က လက်ဗွေစနစ်လို့လည်း ခေါ်ကြပါတယ်။ Vivo ကြောင့် ဒီနည်းပညာကိုမြင်တွေ့ခွင့်ရခဲ့တာမို့ ကျေးဇူးတင်ထိုက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ Vivo Xplay 7 ကတော့ မျက်နှာပြင်အောက်လက်ဗွေစနစ်နဲ့ပါ။ Vivo X20 Plus UD ကတော့ Full View display နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
Vivo မတိုင်ခင် Samsung က လုပ်မယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အဲဒီနည်းပညာကို ၂၀၁၆ခုနှစ်က CrucialTec စတင်လုပ်ခဲ့ဖူးတယ်လို့သိရပါတယ်။
မနှစ်က Samsung ရဲ့ မျက်နှာပြင်ပေါ်က fingerprint sensor ဟာ display ပိုင်းဆိုင်ရာအခက်အခဲတွေဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် Note 8 မှာ မထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Galaxy S10 မှာ ထည့်သွင်းနိုင်ကောင်းပါရဲ့။ Sharp Aquos S2, OnePlus 6, OnePlus 6T, Xiaomi Mi 8, Huawei Mate 20 Pro နဲ့ OPPO R17 တို့ကိုလည်း သတိရလိုက်ပါ။
ဒီနှစ်ရဲ့ Nokia 9 ၊ Samsung Galaxy S10 တို့ကတော့ သေချာပေါက်နီးနီး ပါသင့်တဲ့ဖုန်းတွေဖြစ်ပါတယ်။
၂။ လုံးဝဘောင်ပျောက်လုနီးနီးဖြစ်လာမယ့် display များ


အရင်နှစ်တွေကတည်းက ဘောင်ပျောက်လုနီးပါးလို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်။ Sharp Aquos Mini, Xiaomi Mi Mix, Nubia Z9, Essential Phone, ZTE Blade V9 နဲ့ Honor 10 တို့လိုပေါ့။
Vivo ရဲ့ ခေတ်လွန်စတ်ဖုန်းတွေ၊ Doogee MIX 4 တွေလိုမျိုး ဖြစ်လာနိုင်ပါတယ်။
Huawei ကလည်း လုံးဝဘောင်ပျောက်မယ့်ဒီဇိုင်းတွေထုတ်နေသလို notch ကိုလည်း ဖျောက်နိုင်အောင် လုပ်နေပါတယ်။ ဒီနှစ်အတွက် ရင်ခုန်ချင်စရာကောင်းပါတယ်။
၃။ 5G support ပေးနိုင်မယ့်ပစ္စည်းများ ဈေးကွက်တွင်ပေါများလာနိုင်


၂၀၁၅ခုနှစ်တည်းကစတင်ခဲ့တဲ့ 5G ဟာ 2018 Winter Olympics မှာ 20GBs per second နဲ့ ထွက်ရှိနိုင်ခဲ့ပါတယ်။ Verizon ကတော့ စမ်းသပ်မှုတွေ နောက်ပိုင်းမှာ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၀မှာ launch လုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ AT&T ကတော့ ၂၀၁၆တည်းက အကြိုစမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။ AT&T နဲ့ Nokia ပူးပေါင်းနေတယ်ဆိုတာလည်း သတင်းတွေကြားထားပါတယ်။ Verizon နဲ့ KT ကလည်း ပူးပေါင်းနေသလို Samsung နဲ့ T-Mobile တို့ကလည်း တွဲဖက်ပြီးတော့ လုပ်ဆောင်နေကြပါတယ်။
5G နည်းပညာဟာ ခန့်မှန်းထားတဲ့ရက်ထက် စောပြီးတော့ ပြီးနိုင်ပါတယ်။ 5G အတွက် လိုအပ်တဲ့ infrastructure တွေကိုလည်း အချိန်နဲ့တစ်ပြေးညီလုပ်ဆောင်ပေးနေကြပါတယ်။ နည်းပညာက 2020 launch ဆိုပေမယ့်လည်း စောပြီးလောက်မှာပါ။ Qualcomm ဆီကနေ 5G modem နဲ့ gigabit LTE တွေ မျှော်လင့်ထားလိုက်ပါ။
Samsung နဲ့ HTC ကလည်း တောင်ကိုရီးယားမှာ 5G connectivity စမ်းသပ်မှုတွေအောင်မြင်ထားပါတယ်။ Intel ကလည်း သူ့ရဲ့ပထမဆုံးသော 5G modem နဲ့ 5Gbps download speeds တွေကို ကြေညာပြထားပါတယ်။ ယူအက်စ်မှာတော့ Samsung က Verizon နဲ့ 5G connectivity ကို စမ်းသပ်ထားပါတယ်။
ဒီနည်းပညာနဲ့ပတ်သတ်ပြီးတော့ carrier အတော်များများက အကောင်းမြင်နေကြပါတယ်။ AT&T ကလည်း “5G Evolution” နဲ့ mobile 5G တွေကို ဖြန့်ချိပေးတော့မှာပါ။ KDDI နဲ့ Samsung ကလည်း 5G ကို သွားနေတဲ့ရထားပေါ်မှာ စမ်းသပ်ပြီးပါပြီ။ နောက်ပြီး ဘေ့စ်ဘောကွင်းမှာလည်း စမ်းသပ်ခဲ့ပါတယ်။ Qualcomm Snapdragon X50 5G modem လည်း ထွက်ပါေတော့မယ်။ 5G က သင်ထင်ထားတာထက် ပိုနီးကပ်လာပါပြီ။
၄။ ကွေးညွှတ်နိုင်တဲ့စမတ်ဖုန်းတွေက ရောင်းချနိုင်တဲ့အထိဖြစ်လာနိုင်


သေချာပါတယ်။ ZTE Axon M က ဖြစ်နိုင်တယ်ဆိုတာသက်သေပြပြီးနောက်မှာတော့ FlexPai က ခေါက်နိုင်တဲ့စမတ်ဖုန်း concept ကို လုပ်ဆောင်ခဲ့ပါတယ်။
Samsung က ၂၀၁၆ကတည်းကလုပ်ဆောင်နေခဲ့တာပါ။ official အနေနဲ့ထွက်လာနိုင်တာကတော့ Infinity Flex Display ဖြစ်ပါတယ်။ Samsung Galaxy Foldable Phone လေးကိုလည်း မကြာခင်တွေ့မြင်ရတော့မှာပါ။ Galaxy F, Galaxy Fold, Galaxy X, or Galaxy Folder နာမည်တွေအများကြီးပါပဲ။ LG, OPPO, Lenovo, Huawei နဲ့ Google ဆီကနေလည်းမျှော်မှန်းထားလို့ရပါတယ်။
၅။ စွမ်းဆောင်ရည်ပိုမြင့်ပြီး ဈေးသက်သာလာမယ့် ဂိမ်းမင်းဖုန်းများ

Gaming Phones


၂၀၁၈ထဲမှာ ဂိမ်းကိုအသားပေးထုတ်ခဲ့တဲ့ စမတ်ဖုန်းတွေပေါ်လာခဲ့ပါတယ်။ Razer Phone, Razer Phone 2, Black Shark, Black Shark 2, ASUS ROG Phone, Xiaomi Pocophone F1 (Xiaomi Poco F1 in India) နဲ့ Xiaomi Play တို့ဖြစ်ပါတယ်။
ဈေးသက်သာပြီး စွမ်းဆောင်ရည်ပိုမြင့်မယ်လို့ပြောရခြင်းက ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အတွက်ကြောင့်ပါ။ ဈေးနှုန်းနဲ့ အချက်အလက်တွေအားလုံးကို ပြိုင်ကြမှာပါ။ Xiaomi Poco F1 တောင်မှ အချက်အလက်တွေကောင်းကောင်းသုံးထားပေမယ့်လည်း ဈေးနှုန်းကိုလျှော့နိုင်ခဲ့ပါတယ်။ ဒီတော့ Xiaomi ကို ဂိမ်းမင်းဖုန်းအတွက် မျှော်လင့်ချက်ပေးထားလို့ရပါတယ်။
၆။ AI စနစ်ပါဝင်လာမယ့် နည်းပညာများ

More AI-powered technologies


Artificial intelligence or ကတော့ ဖုန်းတွေနဲ့ ဝန်ဆောင်မှုတွေမှာ အများအပြားရလာနိုင်မှာပါ။ Lenovo ကလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်နေပါတယ်။ Samsung ကလည်း Fluenty ကို ဝယ်ယူပြီးတော့ အသားပေးဆောင်ရွက်နေပါတယ်။ နောက်ပြီးဖုန်းနဲ့ ဆာဗာတွေအတွက် AI processor တွေကို ဖန်တီးနေပါတယ်။
မနှစ်ကတုန်းက ThinQ suffix ထည့်သွင်းပြီးတော့ AI အတွက် သီးသန့်ရည်ရွယ်ခဲ့တဲ့ LG ကို မှတ်မိကြမှာပါ။ MediaTek Helio P60 processor ကိုလည်း AI လုပ်ဆောင်ချက်တွေနဲ့ကိုက်ညီအောင် ထုတ်ပေးခဲ့ပါတယ်။ Vivo ကလည်း new AI-Powered Super HDR နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။
Bixby ကိုလည်း update လုပ်ပါလိမ့်မယ်။ OPPO F7, Huawei P20 Pro, Nokia X6, LG Q7 နဲ့ AI-ready Google Pixel 3 တို့လိုဖုန်းတွေ ထွက်လာဦးမှာပါ။ Samsung Galaxy S10 လည်း ချန်ထားခဲ့လို့မရပြန်ပါဘူး။
၇။ ကင်မရာတွေပိုများလာနိုင်


ပိုများလေ ပိုကောင်းလေပဲပေါ့။ ဟုတ်ပါတယ်။ ဒီနှစ်အတွက် ကင်မရာတွေကို သူ့ထက်ငါ များအောင်ပြင်ဆင်ကြပါလိမ့်မယ်။ Huawei P10 နဲ့ P10 Plus ကတော့ ကင်မရာနှစ်လုံးနဲ့ ခေတ်စားခဲ့ပါတယ်။ Huawei P20 Pro ကတော့ ကင်မရာသုံးလုံးနဲ့ ခေတ်ကိုစတင်ခဲ့ပါတယ်။ Huawei Mate 20 ကလည်း ထို့အတူပါပဲ။
Samsung ကတော့ Galaxy A9 မှာ ကင်မရာလေးလုံးထည့်သွင်းခဲ့ပါတယ်။ Xiaomi Redmi Note 6 Pro လိုမျိုးပေ့ါ။ Nokia ကတော့ ငါးလုံးဖြစ်ပြီး Honor Magic 2 ကတော့ ခြောက်လုံးထည့်သွင်းထားပါတယ်။



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.