Posted on Leave a comment

လူသတ္သမားေတြ ျဖစ္လာမယ့္ Sex Robots မ်ား

လူသားေတြအတြက္ ေနာက္ဆံုးေပၚ ၿခိမ္းေျခာက္မႈက နယူးကလီးယား လက္နက္မ်ား၊ ရာသီဥတု ေျပာင္းလဲမႈမ်ား မဟုတ္ေတာ့ပါဘူး။ Sex Robots မ်ား ပါပဲ။ အနာဂတ္ Sex Robots မ်ားမွာ လက္နက္မ်ား၊ ဓါးမ်ားကို တပ္ဆင္လာႏုိင္ၾကမွာပါ။

ဆိုင္ဘာ လံုျခံဳေရး ပညာရွင္ ေဒါက္တာ Nick Patterson က မၾကာခင္ကပဲ သူ႔ရဲ႕ Sex Robots မ်ားနဲ႔ ပတ္သက္တဲ့ စိုးရိမ္ပူပန္မႈကို ေျပာၾကားခဲ့ပါတယ္။ သူက ဟက္ကာမ်ားဟာ Sex Robots မ်ားကို ထိန္းခ်ဳပ္၍ လူသတ္ သမားအျဖစ္ အသံုးခ်လာႏိုင္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။ သူက “ ဟက္ကာမ်ားဟာ Sex Robots မ်ားကို ဟက္ျခင္းျဖင့္ စက္ရုပ္ရဲ႕ ေျခေထာက္မ်ား၊ လက္မ်ားနဲ႔ ဓါးတို႔လို တပ္ဆင္ထားတဲ့ ကိရိယာမ်ားကို အျပည့္အ၀ထိန္းခ်ဳပ္ႏိုင္ပါတယ္။ အဲဒီ စက္ရုပ္မ်ားဟာ ေပါင္ ၂၀၀ အထိ အေလးခ်ိန္ရွိႏုိင္ၿပီး အလြန္ သန္မာပါတယ္။ “ လို႔ ေျပာပါတယ္။

Elon Musk ကလည္း မၾကာခင္က ဥာဏ္ရည္တု နည္းပညာဟာ နတ္ဆိုးကို ဖိတ္ေခၚသလို ျဖစ္ၿပီး လူသတ္ စက္ရုပ္ စစ္တပ္ကို တည္ေထာင္ႏုိင္တယ္လို႔ သတိေပးခဲ့ပါတယ္။ Sex Robots မ်ားဟာ ဥာဏ္ရည္တု နည္းပညာ နယ္ပယ္မွာ အလြန္ ေရပန္းစားလာေနၿပီး ကုမၸဏီမ်ားစြာက အၿပိဳင္အဆိုင္ တီထြင္ေနၾကပါတယ္။ Abyss Creations မွ Matt McMullen တီထြင္တဲ့ ေဒၚလာ ၁၅ ၀၀၀ တန္ Harmony အမည္ရ Sex Robot ဟာ လူေတြေျပာတဲ့ စကားကို နားလည္ၿပီး တုန္႔ျပန္ ျပဳမူႏုိင္ပါတယ္။ သူမကို Porn Star တစ္ေယာက္လို ဖန္တီးထားပါတယ္။

“ လာမယ့္ ၅ ႏွစ္အတြင္းမွာ သူမဟာ ပုရိသမ်ားအၾကားမွာ အလြန္ ေရပန္းစားလာႏိုင္ပါတယ္။ ကြ်န္ေတာ့္ ရည္ရြယ္ခ်က္က လူေတြကို ေပ်ာ္ရႊင္ေစဖို႔ပါ။ “ လို႔ McMullen က ေျပာပါတယ္။ စိတ္ခံစားမႈပါတဲ့ Sex Robot မ်ားကိုေတာင္ ဖန္တီးေနၾကပါၿပီ။

unicode

လူသတ်သမားတွေ ဖြစ်လာမယ့် Sex Robots များ

လူသားတွေအတွက် နောက်ဆုံးပေါ် ခြိမ်းခြောက်မှုက နယူးကလီးယား လက်နက်များ၊ ရာသီဥတု ပြောင်းလဲမှုများ မဟုတ်တော့ပါဘူး။ Sex Robots များ ပါပဲ။ အနာဂတ် Sex Robots များမှာ လက်နက်များ၊ ဓါးများကို တပ်ဆင်လာနိုင်ကြမှာပါ။

ဆိုင်ဘာ လုံခြုံရေး ပညာရှင် ဒေါက်တာ Nick Patterson က မကြာခင်ကပဲ သူ့ရဲ့ Sex Robots များနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုကို ပြောကြားခဲ့ပါတယ်။ သူက ဟက်ကာများဟာ Sex Robots များကို ထိန်းချုပ်၍ လူသတ် သမားအဖြစ် အသုံးချလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သူက “ ဟက်ကာများဟာ Sex Robots များကို ဟက်ခြင်းဖြင့် စက်ရုပ်ရဲ့ ခြေထောက်များ၊ လက်များနဲ့ ဓါးတို့လို တပ်ဆင်ထားတဲ့ ကိရိယာများကို အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။ အဲဒီ စက်ရုပ်များဟာ ပေါင် ၂၀၀ အထိ အလေးချိန်ရှိနိုင်ပြီး အလွန် သန်မာပါတယ်။ “ လို့ ပြောပါတယ်။

Elon Musk ကလည်း မကြာခင်က ဉာဏ်ရည်တု နည်းပညာဟာ နတ်ဆိုးကို ဖိတ်ခေါ်သလို ဖြစ်ပြီး လူသတ် စက်ရုပ် စစ်တပ်ကို တည်ထောင်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ Sex Robots များဟာ ဉာဏ်ရည်တု နည်းပညာ နယ်ပယ်မှာ အလွန် ရေပန်းစားလာနေပြီး ကုမ္ပဏီများစွာက အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ Abyss Creations မှ Matt McMullen တီထွင်တဲ့ ဒေါ်လာ ၁၅ ၀၀၀ တန် Harmony အမည်ရ Sex Robot ဟာ လူတွေပြောတဲ့ စကားကို နားလည်ပြီး တုန့်ပြန် ပြုမူနိုင်ပါတယ်။ သူမကို Porn Star တစ်ယောက်လို ဖန်တီးထားပါတယ်။

“ လာမယ့် ၅ နှစ်အတွင်းမှာ သူမဟာ ပုရိသများအကြားမှာ အလွန် ရေပန်းစားလာနိုင်ပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်က လူတွေကို ပျော်ရွှင်စေဖို့ပါ။ “ လို့ McMullen က ပြောပါတယ်။ စိတ်ခံစားမှုပါတဲ့ Sex Robot များကိုတောင် ဖန်တီးနေကြပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.