Smartphone Trending

HMD Global ရဲ႕ flagship အစစ္အမွန္ျဖစ္လာႏုိင္တဲ့ Nokia 9 PureView

Zawgyi Version

HMD Global ကေတာ့ Nokia phone brand ရဲ႕ ျပန္လည္ရွင္သန္မႈနဲ႕အတူ အားလံုးရဲ႕ႏွလံုးသားေတြကို အပိုင္သိမ္းသြားခဲ့ပါတယ္။ သူဟာ စမတ္ဖုန္းအေတာ္မ်ားမ်ားကို ေရာင္းခ်ႏုိင္ခဲ့ေပမယ့္လည္း flagship လို႕ တံဆိပ္ကပ္ႏုိင္တဲ့ဖုန္းကေတာ့ မရွိေသးပါဘူး။ ေစ်းအရမ္းၾကီးတဲ့ Nokia 8 Sirocco လည္း မဟုတ္ေသးပါဘူး။ ဒါေပမယ့္လည္း မၾကာခင္မွာထြက္ရွိိလာေတာ့မယ့္ Nokia 9 “PureView” ကေတာ့ အျမင့္စားပစၥည္းေတြနဲ႕ feature ေတြကို ထည့္သြင္းထားတဲ့အတြက္ေၾကာင့္ flagship လို႕ေတာ့ ေျပာႏုိင္မွာပါ။

Nokia 9 ကေတာ့ ကင္မရာငါးလံုးနဲ႕ ထြက္ေပၚလာတာပါ။ စမတ္ဖုန္းကင္မရာဆိုတာထက္ေတာင္ ပိုေနတယ္လုိ႕ေျပာရမလားပဲ။ ဒါေပမယ့္ အခုထြက္ရွိထားတဲ့ ပရိုမိုဗြီဒီယိုေလးထဲမွာေတာ့ ကင္မရာအေၾကာင္း ေသခ်ာမေျပာထားေသးပါဘူး။

သူေျပာထားတဲ့အေၾကာင္းအရာေတြထဲမွာ Snapdragon 845 ပါမယ္။ သူကေတာ့ Qualcomm chip ထဲမွာ 855 မထြက္လာခင္အထိ အေကာင္းဆံုးျဖစ္ခဲ့တဲ့ chip ေလးပါ။ RAM မေျပာထားေပမယ့္လည္း 8 GB ေလာက္ မွန္းထားပါတယ္။ Android One ကို သံုးထားေလာက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ pure Android experience လို႕ ေၾကညာထားလို႕ပါ။

Display ပိုင္းမွာေတာ့ အနားသတ္ေဘာင္ေတြၾကီးေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း18:9 aspect ratio အျပင္  2K resolution, QHD+ ဆိုေတာ့ မိုက္ေလာက္ပါတယ္။ မ်က္ႏွာျပင္ေအာက္မွာထည့္သြင္းထားတဲ့ လက္ေဗြစနစ္လည္း ပါ၀င္ေနတာဆိုောတ့ HMD Global အတြက္ ပထမဆံုးျဖစ္လာႏုိင္ပါတယ္။ ၾကိဳးမဲ့အားသြင္းစနစ္ပါ၀င္တဲ့ ပထမဆံုးေသာ Nokia ဖုန္းျဖစ္လာႏုိင္ပါတယ္။

အခ်က္အလက္ေတြအရ notch ေလးပါ၀င္မယ္ဆိုေတာ့ Nokia 9 PureView ရဲ႕ ကင္မရာက hype ျဖစ္လာႏုိင္မလား စဥ္းစားစရာပါပဲ။ HMD Global ကေတာ့ ဒီအပိုင္းမွာ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ပါလိမ့္မယ္။ ျမင္ရမယ့္အခ်ိန္ကေတာ့ ၂၀၁၉ ေဖေဖာ္၀ါရီလမွာက်င္းပမယ့္ MWC မတုိင္ခင္အထိ ေစာင့္ဆိုင္းရမွာပါ။

Unicode Version

HMD Global ကတော့ Nokia phone brand ရဲ့ ပြန်လည်ရှင်သန်မှုနဲ့အတူ အားလုံးရဲ့နှလုံးသားတွေကို အပိုင်သိမ်းသွားခဲ့ပါတယ်။ သူဟာ စမတ်ဖုန်းအတော်များများကို ရောင်းချနိုင်ခဲ့ပေမယ့်လည်း flagship လို့ တံဆိပ်ကပ်နိုင်တဲ့ဖုန်းကတော့ မရှိသေးပါဘူး။ ဈေးအရမ်းကြီးတဲ့ Nokia 8 Sirocco လည်း မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာထွက်ရှိလာတော့မယ့် Nokia 9 “PureView” ကတော့ အမြင့်စားပစ္စည်းတွေနဲ့ feature တွေကို ထည့်သွင်းထားတဲ့အတွက်ကြောင့် flagship လို့တော့ ပြောနိုင်မှာပါ။
Nokia 9 ကတော့ ကင်မရာငါးလုံးနဲ့ ထွက်ပေါ်လာတာပါ။ စမတ်ဖုန်းကင်မရာဆိုတာထက်တောင် ပိုနေတယ်လို့ပြောရမလားပဲ။ ဒါပေမယ့် အခုထွက်ရှိထားတဲ့ ပရိုမိုဗွီဒီယိုလေးထဲမှာတော့ ကင်မရာအကြောင်း သေချာမပြောထားသေးပါဘူး။
သူပြောထားတဲ့အကြောင်းအရာတွေထဲမှာ Snapdragon 845 ပါမယ်။ သူကတော့ Qualcomm chip ထဲမှာ 855 မထွက်လာခင်အထိ အကောင်းဆုံးဖြစ်ခဲ့တဲ့ chip လေးပါ။ RAM မပြောထားပေမယ့်လည်း 8 GB လောက် မှန်းထားပါတယ်။ Android One ကို သုံးထားလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ pure Android experience လို့ ကြေညာထားလို့ပါ။
Display ပိုင်းမှာတော့ အနားသတ်ဘောင်တွေကြီးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း18:9 aspect ratio အပြင် 2K resolution, QHD+ ဆိုတော့ မိုက်လောက်ပါတယ်။ မျက်နှာပြင်အောက်မှာထည့်သွင်းထားတဲ့ လက်ဗွေစနစ်လည်း ပါဝင်နေတာဆိုောတ့ HMD Global အတွက် ပထမဆုံးဖြစ်လာနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ ပထမဆုံးသော Nokia ဖုန်းဖြစ်လာနိုင်ပါတယ်။
အချက်အလက်တွေအရ notch လေးပါဝင်မယ်ဆိုတော့ Nokia 9 PureView ရဲ့ ကင်မရာက hype ဖြစ်လာနိုင်မလား စဉ်းစားစရာပါပဲ။ HMD Global ကတော့ ဒီအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါလိမ့်မယ်။ မြင်ရမယ့်အချိန်ကတော့ ၂၀၁၉ ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC မတိုင်ခင်အထိ စောင့်ဆိုင်းရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.