dark mode ကို စမ်းသပ်နေတဲ့ Facebook Messenger
0
609
Zawgyi Version
Unicode Version
Facebook Messenger က ပြီးခဲ့တဲ့လကတည်းက Messenger UI ကို ဖြည်းဖြည်းခြင်း ပြောင်းလဲနေတာကို သတိထားမိကြရဲ့လား။ စမ်းသပ်မှုတွေအပြီးမှာ နောက်ထပ်တစ်ခုထွက်ပေါ်လာတာကတော့ dark mode ပဲဖြစ်ပါတယ်။ အဖြူရောင်ဒီဇိုင်းလေးနဲ့ ပိုမိုကောင်းမွန်လာမယ်လို့ ခံစားရပါတယ်။ အခုဆိုရင်တော့ social app teardown ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Jane Manchun Wong ရဲ့ တင်ပြချက်အရ Facebook Messenger ဟာ dark mode ကို စမ်းသပ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတချို့မှာသာ ရနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မပြီးသေးတဲ့အချိန်ပါ။
ဘယ်လိုနိုင်ငံတွေကများ သုံးခွင့်ရှိမလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ကျွန်တော်တို့စမ်းကြည့်ရသလောက်ကတော့ ယူအက်စ်မရသေးသလို ကျွန်တော်တို့ဆီမှာလည်း မရသေးပါဘူး။ ဒီတော့ ဘယ်လိုပုံစံလည်းဆိုတာ မပြောပြတတ်သေးပါဘူး။
တကယ်လို့ အခုစာဖတ်နေတဲ့သူတွေက အခြားနိုင်ငံမှာများရောက်နေခဲ့မယ်ဆိုရင်တော့ “Dark Mode” အတွက် setting လေးကို “Me” ဆိုတဲ့ section လေးမှာ ပေါ်ပေးနေမှာပါ။ dark mode က လုပ်ဆောင်နေဆဲဖြစ်ကြောင်းကိုလည်း အသိပေးပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်မှာ အဲဒီမက်ဆေ့ချ်လေးပေါ်လာမလဲဆိုတာကတော့ ကျွန်တော်တို့ မသိသေးပါဘူး။
စမ်းလို့ရတဲ့အခါလည်း သေချာကြည့်လုပ်ပါဦး။ ဘာကြောင့်လဲဆိုတော့ ညအချိန်ဖွင့်လိုက်မိလို့ ဘာမှမမြင်ရတော့တာလည်း ဖြစ်သွားနိုင်လို့ပါ။
Leave a Reply