Posted on Leave a comment

Cellular Data အတြက္ App Store ရဲ႕ 150MB Download Limit ကို ဘယ္လိုမ်ားေက်ာ္္လႊားၾကမလဲ

Zawgyi Version

ႏွစ္သစ္ကိုကူးေျပာင္းလာျပီဆိုေတာ့ iPhone, iPad နဲ႕ iPod touch ပုိင္ရွင္အသစ္ေတြအတြက္ App Store ကေန ဂိမ္းေတြနဲ႕ app ေတြကို စိတ္ၾကိဳက္ေဒါင္းလုတ္ဆြဲၾကပါေတာ့မယ္။ ခဏေနပါဦး။ ဒီေနရာမွာ အခက္အခဲတစ္ခုရွိပါတယ္။ Apple က cellular ေပၚမွာ 150MB ပဲ ေပးထားပါတယ္။ ဒီေတာ့ Wi-Fi နဲ႕ မခ်ိတ္ဘူးဆိုရင္ ဘယ္လိုမွေဒါင္းလို႕ရမွာမဟုတ္ပါဘူး။

၂၀၁၉ကိုေရာက္ေတာ့မယ္ဆိုေပမယ့္ ဒီျဖစ္ရပ္က အိပ္မက္ဆိုးတစ္ခုပါပဲ။ cellular data ကို အရမ္းသံုးျပီး ဖုန္းေဘလ္ေတြကုန္မွာစိုးလို႕ တားထားတဲ့ေမတၱာေစတနာကို လူအခ်ိဳ႕ကေတာ့ နားမလည္ဘဲ အျပစ္ေတြတင္ၾကပါလိမ့္ဦးမယ္။ ဘယ္လုိပဲျဖစ္ေနပါေစ။ ဒီအခ်က္ကို ေက်ာ္လႊားဖို႕လုိအပ္ပါတယ္။ ဘယ္လိုနည္းနဲ႕ျဖစ္ျဖစ္ ေဒတာသံုးခ်င္တဲ့သူေတြလည္း ရွိေနဦးမွာပါပဲ။

Limit ကေတာ့ limit ပါပဲ။ ေျပာင္းမယ့္အေနအထားလည္း မရွိပါဘူး။ အနည္းဆံုးေတာ့ ဒီႏွစ္အတြင္းမွာ မေျပာင္းႏုိင္ပါဘူး။ ဒီေတာ့ ကၽြန္ေတာ္တို႕ ဘယ္လိုေက်ာ္လႊားရမလဲဆိုတာ ကၽြန္ေတာ္နဲ႕အတူတူ ၾကည့္လုိက္ရေအာင္ဗ်ာ။ တကယ္ေတာ့ ဒီနည္းလမ္းကို အရင္ကသိထားသူေတြလည္းရွိမွာပါ။ သိတဲ့သူမ်ား ေက်ာ္သြားႏုိင္ပါတယ္။

အဆင့္ ၁။ 150MB ထက္ေက်ာ္လြန္တဲ့ app တစ္ခုကို App Store မွာရွာလိုက္ပါ။ လူၾကိဳက္မ်ားတဲ့ဂိမ္းေတြနဲ႕ custom visual ေတြကို ရွာလို႕ရပါတယ္။ Wi-Fi နဲ႕လည္း ခ်ိ္တ္မထားဖို႕ လိုအပ္ပါတယ္။

အဆင့္ ၂။ Get option ကို ေရြးျပီးေတာ့ ေဒါင္းလုတ္ဆြဲဖို႕ ျပင္ဆင္လုိက္ပါ။ App Store က ေဒါင္းလုတ္ဆြဲဖို႕ၾကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္လည္း app download size က ေက်ာ္လြန္ေနတယ္ဆိုတဲ့အေၾကာင္း ေျပာပါလိမ့္မယ္။ Dismiss လုပ္လုိက္ပါ။ ဒါေပမယ့္လည္း “Waiting” ဆိုတာေလးကို Home screen မွာ အုိင္ကြန္ေလးတစ္ခုနဲ႕ ျမင္ေနပါလိမ့္မယ္။

အဆင့္ ၃။ Settings ထဲကိုသြား၊ General > Date & Time ကို ေရြးပါ။ Set Automatically ကို ျပန္ပိတ္လိုက္ပါ။

အဆင့္ ၄။ ျပီးရင္ေတာ့ အနာဂတ္ကိုေရာက္သြားေအာင္ ႏွစ္အနည္းငယ္တိုးလိုက္ပါ။ ဥပမာ ၂၀၂၃ေလာက္ကို ေျပာင္းလုိက္ပါ။

အဆင့္ ၅။ Retry လုပ္လုိုက္ပါ။ ဒါဆိုရင္ေတာ့ cellular data connection ကို ေက်ာ္လြန္ျပီးေတာ့ လုပ္ေဆာင္သြားပါလိမ့္မယ္။

Unicode Version

နှစ်သစ်ကိုကူးပြောင်းလာပြီဆိုတော့ iPhone, iPad နဲ့ iPod touch ပိုင်ရှင်အသစ်တွေအတွက် App Store ကနေ ဂိမ်းတွေနဲ့ app တွေကို စိတ်ကြိုက်ဒေါင်းလုတ်ဆွဲကြပါတော့မယ်။ ခဏနေပါဦး။ ဒီနေရာမှာ အခက်အခဲတစ်ခုရှိပါတယ်။ Apple က cellular ပေါ်မှာ 150MB ပဲ ပေးထားပါတယ်။ ဒီတော့ Wi-Fi နဲ့ မချိတ်ဘူးဆိုရင် ဘယ်လိုမှဒေါင်းလို့ရမှာမဟုတ်ပါဘူး။
၂၀၁၉ကိုရောက်တော့မယ်ဆိုပေမယ့် ဒီဖြစ်ရပ်က အိပ်မက်ဆိုးတစ်ခုပါပဲ။ cellular data ကို အရမ်းသုံးပြီး ဖုန်းဘေလ်တွေကုန်မှာစိုးလို့ တားထားတဲ့မေတ္တာစေတနာကို လူအချို့ကတော့ နားမလည်ဘဲ အပြစ်တွေတင်ကြပါလိမ့်ဦးမယ်။ ဘယ်လိုပဲဖြစ်နေပါစေ။ ဒီအချက်ကို ကျော်လွှားဖို့လိုအပ်ပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒေတာသုံးချင်တဲ့သူတွေလည်း ရှိနေဦးမှာပါပဲ။
Limit ကတော့ limit ပါပဲ။ ပြောင်းမယ့်အနေအထားလည်း မရှိပါဘူး။ အနည်းဆုံးတော့ ဒီနှစ်အတွင်းမှာ မပြောင်းနိုင်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုကျော်လွှားရမလဲဆိုတာ ကျွန်တော်နဲ့အတူတူ ကြည့်လိုက်ရအောင်ဗျာ။ တကယ်တော့ ဒီနည်းလမ်းကို အရင်ကသိထားသူတွေလည်းရှိမှာပါ။ သိတဲ့သူများ ကျော်သွားနိုင်ပါတယ်။
အဆင့် ၁။ 150MB ထက်ကျော်လွန်တဲ့ app တစ်ခုကို App Store မှာရှာလိုက်ပါ။ လူကြိုက်များတဲ့ဂိမ်းတွေနဲ့ custom visual တွေကို ရှာလို့ရပါတယ်။ Wi-Fi နဲ့လည်း ချိတ်မထားဖို့ လိုအပ်ပါတယ်။
အဆင့် ၂။ Get option ကို ရွေးပြီးတော့ ဒေါင်းလုတ်ဆွဲဖို့ ပြင်ဆင်လိုက်ပါ။ App Store က ဒေါင်းလုတ်ဆွဲဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့်လည်း app download size က ကျော်လွန်နေတယ်ဆိုတဲ့အကြောင်း ပြောပါလိမ့်မယ်။ Dismiss လုပ်လိုက်ပါ။ ဒါပေမယ့်လည်း “Waiting” ဆိုတာလေးကို Home screen မှာ အိုင်ကွန်လေးတစ်ခုနဲ့ မြင်နေပါလိမ့်မယ်။
အဆင့် ၃။ Settings ထဲကိုသွား၊ General > Date & Time ကို ရွေးပါ။ Set Automatically ကို ပြန်ပိတ်လိုက်ပါ။


အဆင့် ၄။ ပြီးရင်တော့ အနာဂတ်ကိုရောက်သွားအောင် နှစ်အနည်းငယ်တိုးလိုက်ပါ။ ဥပမာ ၂၀၂၃လောက်ကို ပြောင်းလိုက်ပါ။
အဆင့် ၅။ Retry လုပ်လိုက်ပါ။ ဒါဆိုရင်တော့ cellular data connection ကို ကျော်လွန်ပြီးတော့ လုပ်ဆောင်သွားပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.