Enterprise Gadget Trending

ႏွစ္ေပါင္း ၁၀၀ အသံုးခံေအာင္ ဖန္တီးထားတဲ့ ေဘာင္းဘီ

ေဘာင္းဘီတစ္ထည္ဟာ ႏွစ္ေပါင္း ၁၀၀  ေလာက္ အထိ ေတာက္ေျပာင္လွပ အသံုးခံေနမယ္ဆိုရင္ မ်ိဳးဆက္ႏွစ္ခုေလာက္အထိေတာင္ ၀တ္ဆင္ႏုိင္ဦးမွာပါ။ အခုေတာ့ အဲဒီလို အသံုးခံတဲ့ ေဘာင္းဘီကို အ၀တ္အထည္ ကုမၸဏီ Vollebak က တီထြင္လိုက္ပါတယ္။

Vollebak ရဲ႕ ပူးတြဲ တည္ေထာင္သူ Steve Tidball က သူ႔ရဲ႕ ေဘာင္းဘီကို အလြန္မာေက်ာတဲ့ အရာ၀တၳဳမ်ားနဲ႔ ဖန္တီးထားတဲ့ အတြက္ ႏွစ္ေပါင္း ၁၀၀ အထိ ေကာင္းေကာင္း ၀တ္ႏုိင္တယ္လို႔ ေျပာပါတယ္။ မီးထဲေတာင္ သူ႔ကို ၀တ္သြားႏုိင္ပါတယ္လို႔ သူက ရဲ၀ံ့စြာ အာမခံပါတယ္။ ေဘာင္းဘီကို မ်ိဳးစံု အၾကမ္းခံေအာင္ အလႊာသံုးခုနဲ႔ ဖန္တီးထားပါတယ္။

အျပင္ဘက္ဆံုး အလႊာဟာ ေရစိုခံေအာင္နဲ႔ မစုတ္ျပဲေအာင္ ဖန္တီးထားပါတယ္။ အလယ္က အလႊာဟာ မီးမေလာင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ သူက သင့္ ေျခေထာက္နဲ႔ မီးကို မထိေအာင္ Airbag လိုပါ လုပ္ေဆာင္ေပးပါတယ္။ တတိယ အလႊာက ဖိုက္ဘာ ႏိုင္လြန္ ျဒပ္ထု ျဖစ္ၿပီး ကာကြယ္ေပးတဲ့ အလႊာတစ္ခု ျဖစ္ပါတယ္။

“ မီးေလာင္တာကို ကာကြယ္ေပးတဲ့ အ၀တ္အထည္ အမ်ားစုမွာ ေလးလံၿပီး သက္ေတာင့္သက္သာ မရွိတဲ့အရာ၀တၳဳမ်ားကို အသံုးျပဳထားပါတယ္။ ဒါကေတာ့ ေန႔စဥ္ ၀တ္ဆင္ႏိုင္ၿပီး သက္ေတာင့္သက္သာ ရွိတဲ့ ကမာၻ႕ ပထမဆံုး အ၀တ္အစား ျဖစ္ပါတယ္။ မီးေလာင္တာကိုလည္း အံတုႏုိင္ပါတယ္။ သူ႔ကို အေစာပိုင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနမ်ားမွာ စစ္သားမ်ား ေပါ့ေပါ့ပါးပါး ၀တ္ဆင္ႏုိင္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ “ လို႔ Nick Tidball က ေျပာပါတယ္။ သူ႔ရဲ႕ တန္ေၾကးဟာ ၆၄၅ ေဒၚလာရွိတဲ့ အတြက္ မ်ားတယ္လို႔ ဆိုႏုိင္ပါတယ္။ ဒါေပမယ့္ ႏွစ္ေပါင္း ၁၀၀ ၀တ္ဆင္ႏုိင္ရင္ တစ္ႏွစ္လွ်င္ ၆.၄၅ ေဒၚလာပဲ က်မွာပါ။

unicode

နှစ်ပေါင်း ၁၀၀ အသုံးခံအောင် ဖန်တီးထားတဲ့ ဘောင်းဘီ

ဘောင်းဘီတစ်ထည်ဟာ နှစ်ပေါင်း ၁၀၀ လောက် အထိ တောက်ပြောင်လှပ အသုံးခံနေမယ်ဆိုရင် မျိုးဆက်နှစ်ခုလောက်အထိတောင် ဝတ်ဆင်နိုင်ဦးမှာပါ။ အခုတော့ အဲဒီလို အသုံးခံတဲ့ ဘောင်းဘီကို အဝတ်အထည် ကုမ္ပဏီ Vollebak က တီထွင်လိုက်ပါတယ်။

Vollebak ရဲ့ ပူးတွဲ တည်ထောင်သူ Steve Tidball က သူ့ရဲ့ ဘောင်းဘီကို အလွန်မာကျောတဲ့ အရာဝတ္ထုများနဲ့ ဖန်တီးထားတဲ့ အတွက် နှစ်ပေါင်း ၁၀၀ အထိ ကောင်းကောင်း ဝတ်နိုင်တယ်လို့ ပြောပါတယ်။ မီးထဲတောင် သူ့ကို ဝတ်သွားနိုင်ပါတယ်လို့ သူက ရဲဝံ့စွာ အာမခံပါတယ်။ ဘောင်းဘီကို မျိုးစုံ အကြမ်းခံအောင် အလွှာသုံးခုနဲ့ ဖန်တီးထားပါတယ်။

အပြင်ဘက်ဆုံး အလွှာဟာ ရေစိုခံအောင်နဲ့ မစုတ်ပြဲအောင် ဖန်တီးထားပါတယ်။ အလယ်က အလွှာဟာ မီးမလောင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ သူက သင့် ခြေထောက်နဲ့ မီးကို မထိအောင် Airbag လိုပါ လုပ်ဆောင်ပေးပါတယ်။ တတိယ အလွှာက ဖိုက်ဘာ နိုင်လွန် ဒြပ်ထု ဖြစ်ပြီး ကာကွယ်ပေးတဲ့ အလွှာတစ်ခု ဖြစ်ပါတယ်။

“ မီးလောင်တာကို ကာကွယ်ပေးတဲ့ အဝတ်အထည် အများစုမှာ လေးလံပြီး သက်တောင့်သက်သာ မရှိတဲ့အရာဝတ္ထုများကို အသုံးပြုထားပါတယ်။ ဒါကတော့ နေ့စဉ် ဝတ်ဆင်နိုင်ပြီး သက်တောင့်သက်သာ ရှိတဲ့ ကမ္ဘာ့ ပထမဆုံး အဝတ်အစား ဖြစ်ပါတယ်။ မီးလောင်တာကိုလည်း အံတုနိုင်ပါတယ်။ သူ့ကို အစောပိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများမှာ စစ်သားများ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ “ လို့ Nick Tidball က ပြောပါတယ်။ သူ့ရဲ့ တန်ကြေးဟာ ၆၄၅ ဒေါ်လာရှိတဲ့ အတွက် များတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၀၀ ဝတ်ဆင်နိုင်ရင် တစ်နှစ်လျှင် ၆.၄၅ ဒေါ်လာပဲ ကျမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.