ေစ်းသက္သာတဲ့ ဗားရွင္းတစ္မ်ိဳးထပ္ထြက္လာဦးမယ့္ Vivo NEX Dual Display

0
484

Zawgyi Version

တရုတ္ OEM ေတြကေတာ့ သူတို႕ရဲ႕ျပိဳင္ဘက္ေတြထက္ စဥ္းစားမႈအပိုင္းမွာ ဆန္းသစ္တယ္လို႕ဆိုရမွာပါ။ တျခားမၾကည့္ပါနဲ႕ notch ေျဖရွင္းတဲ့နည္းလမ္းကိုပဲ ၾကည့္လိုက္ပါ။ Vivo ဆိုရင္ အေျဖႏွစ္မ်ိဳးနဲ႕ လုပ္ေဆာင္ေနတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ စိတ္၀င္စားဖို႕ေကာင္းပါတယ္။ လက္ေတြ႕မဆန္လွတဲ့ Vivo NEX S ကေတာ့ အေရွ႕ကင္မရာကို ၀င္ခ်ည္ထြက္ခ်ည္လုပ္ျပီးေတာ့ ေျဖရွင္းခဲ့တာပါ။ ေနာက္ျပီး ဒီထက္စိတ္၀င္စားဖြယ္ရာျပည့္ႏွက္ေနတဲ့ Vivo NEX Dual Display Edition ကိုလည္း ထုတ္လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း dual screen ရဲ႕ အရသာကို ခံစားခ်င္ေပမယ့္လည္း မတတ္ႏုိင္တဲ့သူေတြရွိေနတာကို သူတို႕သတိထားမိခဲ့ပါတယ္။ ဒါေၾကာင့္ ေစ်းသက္သာတဲ့ဗားရွင္းတစ္မ်ိဳးကို ထပ္ထုတ္ေပးဖို႕ အေၾကာင္းဖန္လာခဲ့တာျဖစ္ပါတယ္။

Vivo NEX Dual Display Edition ကိုေတာ့ NEX 2 လို႕ သိၾကပါတယ္။ အရမ္းေၾကြစရာေကာင္းပါတယ္။ သူ႕မွာ အခ်က္အလက္ေတြေကာင္းေကာင္းသံုးထားေပမယ့္လည္း လိုခ်င္စရာျဖစ္တာကေတာ့ နည္းပါတယ္။ ဒါေပမယ့္လည္း ၂၀၁၈ရဲ႕ စိတ္၀င္စားစရာအေကာင္းဆံုးစမတ္ဖုန္းေတြထဲမွာ တစ္လံုးအပါအ၀င္ျဖစ္ပါတယ္။ in-depth review ကို ဖတ္ၾကည့္လိုက္ပါ။

ေနာက္ျပီး ၂၀၁၈ရဲ႕ ေစ်းအၾကီးဆံုးဖုန္းစာရင္းမွာလည္း ပါ၀င္ခဲ့တဲ့ စမတ္ဖုန္းေလးျဖစ္ပါတယ္။ iPhone XS ၊ Galaxy Note 9 ေတာင္ မပါေသးပါဘူး။ ၇၂၇ေဒၚလာေပးရတယ္ဆိုေတာ့ ျမန္မာေငြနဲ႕ဆုိရင္ ၁၁သိန္းေက်ာ္ပါတယ္။ ဒီေတာ့ တန္ရဲ႕လားေမးစရာရွိပါတယ္။ Vivo ကေတာ့ ေျဖရွင္းဖို႕ အသင့္ပါပဲ။

NEX DDE ရဲ႕ ဗားရွင္းေနာက္တစ္မ်ိဳးကိုေတာ့ Vivo V1820 လို႕ အမည္ေပးထားပါတယ္။ သူကေတာ့ အရင္ေမာ္ဒယ္လ္နဲ႕ ခြဲလို႕မရႏုိင္ပါဘူး။ dual display မွာ ၆.၃၉လက္မ 2340×1080 နဲ႕ ၅.၄၉လက္မ 1920×1080 ကို အသံုးျပဳေပးထားပါတယ္။ သူ႕မွာ ကင္မရာသံုးလံုးထည့္သြင္းေပးထားပါတယ္။ 12 MP + 13 MP + 2 MP trio ေတာ့ ျဖစ္သြားမွာပါ။ original Vivo NEX Dual Display Edition ကေတာ့ 12 MP + 2 MP + Time of Flight camera set နဲ႕ ပြဲထြက္ခဲ့တာပါ။

အၾကီးမားဆံုးျခားနားခ်က္ကေတာ့ အတြင္းထဲမွာ Snapdragon 710 ကို သံုးထားျပီး RAM က 8GB ျဖစ္သြားပါတယ္။ ဘတ္ထရီကေတာ့ 3,250 mAh သံုးထားေပးပါတယ္။ ေမးစရာရွိတာကေတာ့ ေစ်းဘယ္ေလာက္သက္သာမလဲ၊ ဘယ္ေတာ့ျမင္ေတြ႕ရႏုိင္မလဲ။

Unicode Version

တရုတ် OEM တွေကတော့ သူတို့ရဲ့ပြိုင်ဘက်တွေထက် စဉ်းစားမှုအပိုင်းမှာ ဆန်းသစ်တယ်လို့ဆိုရမှာပါ။ တခြားမကြည့်ပါနဲ့ notch ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ကြည့်လိုက်ပါ။ Vivo ဆိုရင် အဖြေနှစ်မျိုးနဲ့ လုပ်ဆောင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်တွေ့မဆန်လှတဲ့ Vivo NEX S ကတော့ အရှေ့ကင်မရာကို ဝင်ချည်ထွက်ချည်လုပ်ပြီးတော့ ဖြေရှင်းခဲ့တာပါ။ နောက်ပြီး ဒီထက်စိတ်ဝင်စားဖွယ်ရာပြည့်နှက်နေတဲ့ Vivo NEX Dual Display Edition ကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း dual screen ရဲ့ အရသာကို ခံစားချင်ပေမယ့်လည်း မတတ်နိုင်တဲ့သူတွေရှိနေတာကို သူတို့သတိထားမိခဲ့ပါတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ဗားရှင်းတစ်မျိုးကို ထပ်ထုတ်ပေးဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။
Vivo NEX Dual Display Edition ကိုတော့ NEX 2 လို့ သိကြပါတယ်။ အရမ်းကြွေစရာကောင်းပါတယ်။ သူ့မှာ အချက်အလက်တွေကောင်းကောင်းသုံးထားပေမယ့်လည်း လိုချင်စရာဖြစ်တာကတော့ နည်းပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးစမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်ပါတယ်။ in-depth review ကို ဖတ်ကြည့်လိုက်ပါ။
နောက်ပြီး ၂၀၁၈ရဲ့ ဈေးအကြီးဆုံးဖုန်းစာရင်းမှာလည်း ပါဝင်ခဲ့တဲ့ စမတ်ဖုန်းလေးဖြစ်ပါတယ်။ iPhone XS ၊ Galaxy Note 9 တောင် မပါသေးပါဘူး။ ၇၂၇ဒေါ်လာပေးရတယ်ဆိုတော့ မြန်မာငွေနဲ့ဆိုရင် ၁၁သိန်းကျော်ပါတယ်။ ဒီတော့ တန်ရဲ့လားမေးစရာရှိပါတယ်။ Vivo ကတော့ ဖြေရှင်းဖို့ အသင့်ပါပဲ။
NEX DDE ရဲ့ ဗားရှင်းနောက်တစ်မျိုးကိုတော့ Vivo V1820 လို့ အမည်ပေးထားပါတယ်။ သူကတော့ အရင်မော်ဒယ်လ်နဲ့ ခွဲလို့မရနိုင်ပါဘူး။ dual display မှာ ၆.၃၉လက်မ 2340×1080 နဲ့ ၅.၄၉လက်မ 1920×1080 ကို အသုံးပြုပေးထားပါတယ်။ သူ့မှာ ကင်မရာသုံးလုံးထည့်သွင်းပေးထားပါတယ်။ 12 MP + 13 MP + 2 MP trio တော့ ဖြစ်သွားမှာပါ။ original Vivo NEX Dual Display Edition ကတော့ 12 MP + 2 MP + Time of Flight camera set နဲ့ ပွဲထွက်ခဲ့တာပါ။
အကြီးမားဆုံးခြားနားချက်ကတော့ အတွင်းထဲမှာ Snapdragon 710 ကို သုံးထားပြီး RAM က 8GB ဖြစ်သွားပါတယ်။ ဘတ်ထရီကတော့ 3,250 mAh သုံးထားပေးပါတယ်။ မေးစရာရှိတာကတော့ ဈေးဘယ်လောက်သက်သာမလဲ၊ ဘယ်တော့မြင်တွေ့ရနိုင်မလဲ။

Leave a Reply