Waterdrop Notch နဲ႔ Dual Camera မ်ားပါတဲ့ တန္ဖုိးနည္း Huawei Y7 Pro (2019)

0
465

Huawei က မၾကာခင္ကပဲ ဥေရာပမွာ P Smart (2019) ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္တဲ့ Huawei Y7 Pro (2019) ကို ဗီယက္နမ္မွာ ပြဲထုတ္လိုက္ပါၿပီ။ Y7 Pro (2019) ရဲ႕ ဒီဇိုင္းဟာ P Smart (2019) နဲ႔ အလြန္ တူပါတယ္။ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကေတာ့ ကြာျခားပါတယ္။

သူ႔မွာ ၆.၂၆ လက္မ LCD HD+ Display ထည့္သြင္းထားပါတယ္။ Waterdrop Notch ပါၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ Qualcomm Snapdragon 450 Chipset ေမာင္းႏွင္ထားပါတယ္။ 3GB RAM , 32GB Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။

အေနာက္ဘက္မွာ 13MP f/1.8 Camera နဲ႔ 2MP Depth Sensor ကို ပူးတြဲ တပ္ဆင္ထားပါတယ္။ Notch မွာ ပါတဲ့ ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ပါတယ္။ Android Oreo အေျချပဳ EMUI 8.2 ေမာင္းႏွင္ထားပါတယ္။ Bluetooth 4.2 , 2.4 GHz WiFi Standard မ်ားသာ ပါတာက အားနည္းခ်က္ပါ။ ဒါေပမယ့္ အရြယ္ႀကီး 4000mAh Battery ထည့္သြင္းထားပါတယ္။ လက္ေဗြရာ အာရံုခံကိရိယာ မပါဘဲ Face Unlock သာ ပါပါတယ္။

သူ႔ကို ဗီယက္နမ္ ေဒါင္ ၃ ၉၉၀ ၀၀၀ သတ္မွတ္ထားၿပီး ၁၇၀ ေဒၚလာ ၀န္းက်င္ က်သင့္ပါတယ္။ အျပာနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ ဇန္န၀ါရီလ ၅ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

Waterdrop Notch နဲ့ Dual Camera များပါတဲ့ တန်ဖိုးနည်း Huawei Y7 Pro (2019)

Huawei က မကြာခင်ကပဲ ဥရောပမှာ P Smart (2019) ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့တန်ဖိုးနည်း မော်ဒယ် ဖြစ်တဲ့ Huawei Y7 Pro (2019) ကို ဗီယက်နမ်မှာ ပွဲထုတ်လိုက်ပါပြီ။ Y7 Pro (2019) ရဲ့ ဒီဇိုင်းဟာ P Smart (2019) နဲ့ အလွန် တူပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းများကတော့ ကွာခြားပါတယ်။

သူ့မှာ ၆.၂၆ လက်မ LCD HD+ Display ထည့်သွင်းထားပါတယ်။ Waterdrop Notch ပါပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ Qualcomm Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM , 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 13MP f/1.8 Camera နဲ့ 2MP Depth Sensor ကို ပူးတွဲ တပ်ဆင်ထားပါတယ်။ Notch မှာ ပါတဲ့ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Android Oreo အခြေပြု EMUI 8.2 မောင်းနှင်ထားပါတယ်။ Bluetooth 4.2 , 2.4 GHz WiFi Standard များသာ ပါတာက အားနည်းချက်ပါ။ ဒါပေမယ့် အရွယ်ကြီး 4000mAh Battery ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာ မပါဘဲ Face Unlock သာ ပါပါတယ်။

သူ့ကို ဗီယက်နမ် ဒေါင် ၃ ၉၉၀ ၀၀၀ သတ်မှတ်ထားပြီး ၁၇၀ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply