Google Duo မွာ group calling နဲ႕ low light mode မ်ား ပါ၀င္လာႏုိင္ေခ်ရွိေန

0
378

Zawgyi Version

Google ဆီကေနထြက္ေပၚလာတဲ့သတင္းေတြအမ်ားၾကီးရွိေပမယ့္လည္း ၂၀၁၈အတြင္းမွာ စိတ္၀င္စားစရာအေကာင္းဆံုးထဲကတစ္ခုကိုျပပါဆိုရင္ messaging apps နဲ႕ platforms ေတြအတြက္ နည္းဗ်ဴဟာျပင္ဆင္လုိက္တဲ့သတင္းပါပဲ။

Apple က iMessage ရဲ႕ရိုးရွင္းမႈကိုပိုင္ဆုိင္ထားတယ္။ Facebook ကလည္း WhatsApp နဲ႕ Messenger တို႕လို ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ standalone app ေတြကို ပုိင္ဆုိင္ထားပါတယ္။ ဒါေၾကာင့္ Google ကလည္း သံုးစြဲသူေတြကို သူတို႕ဘက္ပါလာေအာင္ ဆြဲေခၚခ်င္ေနမွာ အေသအခ်ာပါပဲ။ ၂၀၁၈ကုန္ခါနီးလာေပမယ့္လည္း သူတို႕ရဲ႕ video chat app Google Duo ေလးကို ေအာင္ျမင္မႈတစ္ခုရေအာင္ ဖန္တီးေနခဲ့ပါတယ္။ အခုဆုိရင္ Play Store မွာ ေဒါင္းလုတ္ဆြဲသူေပါင္း ၁ဘီလ်ံအထိ ရွိေနခဲ့ျပီျဖစ္ပါတယ္။

ဒါ့အျပင္ Android Police ရဲ႕တင္ျပခ်က္အရ အသံုး၀င္တဲ့ feature အသစ္ေတြကိုလည္း စမ္းသပ္ေနျပီးေတာ့ app ထဲမွာ မၾကာခင္ထည့္သြင္းေပးေတာ့မွာပါ။ အဲဒါေတြကေတာ့ low-light mode နဲ႕ group calling တို႕ပဲ ျဖစ္ပါတယ္။

group calling feature အသစ္ကေတာ့ လူရွစ္ေယာက္အထိ ေထာက္ပံ့ေပးႏိုင္မွာျဖစ္ျပီးေတာ့ သံုးစြဲသူေတြကို ဘယ္သူ႕ကိုထပ္ထည့္မလဲဆိုတာမ်ိိဳး ေရြးခ်ယ္ခြင့္ေပးမွာျဖစ္ပါတယ္။ ေခၚဆိုမႈစတင္လုိက္တာနဲ႕ ေပၚလာမွာပါ။ ထပ္လုပ္စရာအဆင့္ေတြ မလုိအပ္ပါဘူး။

တစ္ခ်ိန္တည္းမွာပဲ low-light mode နဲ႕ပတ္သတ္တဲ့သတင္းေတြကိုလည္း ထပ္မံၾကားသိရပါတယ္။ အျခားေသာ app ေတြမွာအလုပ္လုပ္သလိုပဲ Google Duo မွာလည္း အလုပ္လုပ္မွာဆိုေတာ့ ရွင္းစရာေတာ့လိုမယ္မထင္ပါဘူး။ 9to5Google ရဲ႕တင္ျပခ်က္အရ Duo ဟာ အလင္းနည္းတဲ့ပတ္၀န္းက်င္မွာဆိုရင္ေတာ့ mode ကို ဖြင့္သံုးဖို႕အတြက္ မက္ေဆ့ခ်္ျပေပးမယ္လုိ႕ သိရပါတယ္။ ေနာက္ျပီး အျခားသူေတြေတြ႕ျမင္ႏုိင္ေအာင္ အလိုအေလ်ာက္ခ်ိန္ညွိေပးႏုိင္တဲ့အစြမ္းရွိေၾကာင္းလည္း သိထားပါတယ္။

Google Duo ကိုေတာ့ ၂၀၁၆ခုႏွစ္မွာ ပထမဆံုးအေနနဲ႕မိတ္ဆက္ခဲ့ျပီးေတာ့ အခုအခ်ိန္မွာလည္း အသစ္အဆန္းတစ္ခုအေနနဲ႕ ျဖစ္ေနတုန္းပါပဲ။ ခရစၥမတ္မတုိင္မွ ေဒါင္းလုတ္ဆြဲႏႈန္း ၁ဘီလ်ံျဖစ္သြားခဲ့တာပါ။ Google messaging တစ္ခုျဖစ္တဲ့ Allo ကေတာ့ သံုးစြဲသူေတြစိတ္၀င္စားမႈနည္းပါးတဲ့အတြက္ေၾကာင့္ လုပ္ေဆာင္မႈရပ္ထားတယ္လို႕လည္း သတင္းရထားပါတယ္။ စိတ္မေကာင္းစရာပါပဲ။

Unicode Version

Google ဆီကနေထွက်ပေါ်လာတဲ့သတင်းတွေအများကြီးရှိပေမယ့်လည်း ၂၀၁၈အတွင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးထဲကတစ်ခုကိုပြပါဆိုရင် messaging apps နဲ့ platforms တွေအတွက် နည်းဗျူဟာပြင်ဆင်လိုက်တဲ့သတင်းပါပဲ။
Apple က iMessage ရဲ့ရိုးရှင်းမှုကိုပိုင်ဆိုင်ထားတယ်။ Facebook ကလည်း WhatsApp နဲ့ Messenger တို့လို အောင်မြင်ကျော်ကြားနေတဲ့ standalone app တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် Google ကလည်း သုံးစွဲသူတွေကို သူတို့ဘက်ပါလာအောင် ဆွဲခေါ်ချင်နေမှာ အသေအချာပါပဲ။ ၂၀၁၈ကုန်ခါနီးလာပေမယ့်လည်း သူတို့ရဲ့ video chat app Google Duo လေးကို အောင်မြင်မှုတစ်ခုရအောင် ဖန်တီးနေခဲ့ပါတယ်။ အခုဆိုရင် Play Store မှာ ဒေါင်းလုတ်ဆွဲသူပေါင်း ၁ဘီလျံအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် Android Police ရဲ့တင်ပြချက်အရ အသုံးဝင်တဲ့ feature အသစ်တွေကိုလည်း စမ်းသပ်နေပြီးတော့ app ထဲမှာ မကြာခင်ထည့်သွင်းပေးတော့မှာပါ။ အဲဒါတွေကတော့ low-light mode နဲ့ group calling တို့ပဲ ဖြစ်ပါတယ်။
group calling feature အသစ်ကတော့ လူရှစ်ယောက်အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီးတော့ သုံးစွဲသူတွေကို ဘယ်သူ့ကိုထပ်ထည့်မလဲဆိုတာမျိုး ရွေးချယ်ခွင့်ပေးမှာဖြစ်ပါတယ်။ ခေါ်ဆိုမှုစတင်လိုက်တာနဲ့ ပေါ်လာမှာပါ။ ထပ်လုပ်စရာအဆင့်တွေ မလိုအပ်ပါဘူး။
တစ်ချိန်တည်းမှာပဲ low-light mode နဲ့ပတ်သတ်တဲ့သတင်းတွေကိုလည်း ထပ်မံကြားသိရပါတယ်။ အခြားသော app တွေမှာအလုပ်လုပ်သလိုပဲ Google Duo မှာလည်း အလုပ်လုပ်မှာဆိုတော့ ရှင်းစရာတော့လိုမယ်မထင်ပါဘူး။ 9to5Google ရဲ့တင်ပြချက်အရ Duo ဟာ အလင်းနည်းတဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ mode ကို ဖွင့်သုံးဖို့အတွက် မက်ဆေ့ချ်ပြပေးမယ်လို့ သိရပါတယ်။ နောက်ပြီး အခြားသူတွေတွေ့မြင်နိုင်အောင် အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့အစွမ်းရှိကြောင်းလည်း သိထားပါတယ်။
Google Duo ကိုတော့ ၂၀၁၆ခုနှစ်မှာ ပထမဆုံးအနေနဲ့မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာလည်း အသစ်အဆန်းတစ်ခုအနေနဲ့ ဖြစ်နေတုန်းပါပဲ။ ခရစ္စမတ်မတိုင်မှ ဒေါင်းလုတ်ဆွဲနှုန်း ၁ဘီလျံဖြစ်သွားခဲ့တာပါ။ Google messaging တစ်ခုဖြစ်တဲ့ Allo ကတော့ သုံးစွဲသူတွေစိတ်ဝင်စားမှုနည်းပါးတဲ့အတွက်ကြောင့် လုပ်ဆောင်မှုရပ်ထားတယ်လို့လည်း သတင်းရထားပါတယ်။ စိတ်မကောင်းစရာပါပဲ။

Leave a Reply