Google Photos ရဲ့ facial recognition ရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှု ပယ်ချလိုက်ခြင်း

0
502
A collection of Google apps is seen on an Android portable device on February 5, 2018. (Photo by Jaap Arriens/NurPhoto via Getty Images)

Zawgyi Version





Unicode Version

တရားသူကြီးတွေအနေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့အထောက်အထားတွေကို မတွေ့ရသေးပါဘူး။
Google Photos သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ဝန်ဆောင်မှုမှာပါနေတဲ့ facial recognition ကြောင့် မပျော်နိုင်တော့ပါဘူး။ ချီကာကိုတရားသူကြီးကတော့ ဓါတ်ပုံထဲက biometric အချက်အလက်တွေကို ခွင့်မတောင်းဘဲ သုံးစွဲနေတဲ့အတွက်ကြောင့် Illinois’ Biometric Information Privacy ကို ချိုးဖောက်နေကြောင်း စွဲဆိုထားတဲ့အမှုကို ပယ်ချလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တရားစွဲသူတွေအနေနဲ့ facial recognition ကြောင့် ဘယ်လိုမျိုးထိခိုက်နစ်နာမှုတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ သက်သေမပြနိုင်ခဲ့သေးပါဘူး။
ဒီတရားစွဲဆိုမှုကိုတော့ ၂၀၁၆ မတ်လမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်အတွင်း နေထိုင်သူတွေအတွက် ဒေါ်လာ၅မီလျံတောင်းဆိုခဲ့ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းအတွက် ဒေါ်လာ၅၀၀၀ နဲ့ မရည်ရွယ်ဘဲချိုးဖောက်မှုအတွက် ဒေါ်လာ၁၀၀၀ ကို တောင်းဆိုခဲ့ကြတာပါ။
Google ကတော့ Photos မှာ အသုံးပြုထားတဲ့ facial recognition က ရင်းနှီးတဲ့သူတွေ၊ တိရိစ္ဆာန်လေးတွေကို ရှာဖွေနိုင်အောင် ကူညီပေးဖို့ပါ။ သင့်ကိုယ်သင် label တပ်ထားမှသာ သက်ဆိုင်ရာနာမည်တွေ ပေါ်မှာဖြစ်ပါတယ်။ Biometric Information Privacy Act ကတော့ အချက်အလက်တွေစုဆောင်းတဲ့နေရာမှာ အသိပေးရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဒီအချက်အလက်တွေက တကယ်ပဲ သတ်မှတ်နိုင်ရဲ့လားဆိုတာကတော့ မသေချာသေးပါဘူး။

Leave a Reply