Posted on Leave a comment

ေက်ာင္းတက္မွန္ေစဖို႔ GPS Chip ပါတဲ့ ေက်ာင္း၀တ္စံုမ်ားကို သံုးေနတဲ့ တရုတ္မွ ေက်ာင္းမ်ား

တရုတ္မွာ ေက်ာင္းေျပးဖို႔ မလြယ္ေတာ့ပါဘူး။ ေက်ာင္းသားမ်ား ေက်ာင္းတက္မွန္ေစဖို႔ ရည္ရြယ္ၿပီး သူတို႔ရဲ႕ တည္ေနရာကို ေျခရာခံႏိုင္မယ့္ GPS Chip ပါတဲ့ စမတ္ ယူနီေဖာင္းမ်ားကို တရုတ္မွ ေက်ာင္းမ်ားမွာ အသံုးျပဳေနပါတယ္။ ယူနီေဖာင္းရဲ႕ ပုခံုးမွာ Chip ၂ ခု ထည့္သြင္းထားၿပီး ေက်ာင္းသားမ်ား ေက်ာင္းတက္၊ ေက်ာင္းဆင္းခ်ိန္မ်ားကို ေစာင့္ၾကည့္ႏုိင္မွာ ျဖစ္ပါတယ္။

အဲဒီ ေက်ာင္း၀တ္စံုမ်ားကို တီထြင္ထားတာက Guizhou Guanyu Technology Company ျဖစ္ပါတယ္။ ကုမၸဏီက ေက်ာင္း၀တ္စံုမ်ားကို ေရျဖင့္ ေလွ်ာ္ဖြပ္ႏုိင္တယ္လို႔ ေျပာပါတယ္။ အႀကိမ္ေပါင္း ၅၀၀ အထိ ေလွ်ာ္ဖြပ္ႏုိင္ပါတယ္။ ယူနီေဖာင္းမ်ားဟာ ၁၅၀ ဒီဂရီ ဆဲလ္ဆီးယပ္အထိ အပူခ်ိန္ကို ခံႏုိင္ပါတယ္။

Chip မ်ားက ေက်ာင္းသားမ်ားရဲ႕ တည္ေနရာကိုသာ ေျခရာခံႏုိင္တာ မဟုတ္ဘဲ ေက်ာင္းခန္းထဲမွာ အိပ္ေနတာကိုလည္း သိပါတယ္။ Guizhou ျပည္နယ္မွာ စမတ္ေက်ာင္း၀တ္စံုကို ၂၀၁၆ ခုႏွစ္ကစၿပီး သံုးေနတဲ့ ေက်ာင္းေပါင္း ၁၀ ခု ရွိပါတယ္။ ေက်ာင္းမ်ားမွာ စမတ္ ေက်ာင္း၀တ္စံုမ်ား သာမက မ်က္ႏွာအာရံုခံ နည္းပညာမ်ား၊ လက္ေဗြရာ အာရံုခံ နည္းပညာမ်ားျဖင့္လည္း ေက်ာင္းသားမ်ား ေက်ာင္းတက္ခ်ိန္မ်ားကို စစ္ေဆးေနပါတယ္။

မိဘမ်ားကလည္း Mobile App ကေန သား၊ သမီးမ်ားရဲ႕ အေျခအေနမ်ားကို ေစာင့္ၾကည့္ေလ့လာႏုိင္ပါတယ္။ ေက်ာင္းေျပးတဲ့ အခါမွာ မိဘနဲ႔ ဆရာမ်ားထံ အသိေပးမယ့္စနစ္လည္း ထည့္သြင္းထားပါတယ္။

unicode

ကျောင်းတက်မှန်စေဖို့ GPS Chip ပါတဲ့ ကျောင်းဝတ်စုံများကို သုံးနေတဲ့ တရုတ်မှ ကျောင်းများ

တရုတ်မှာ ကျောင်းပြေးဖို့ မလွယ်တော့ပါဘူး။ ကျောင်းသားများ ကျောင်းတက်မှန်စေဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ တည်နေရာကို ခြေရာခံနိုင်မယ့် GPS Chip ပါတဲ့ စမတ် ယူနီဖောင်းများကို တရုတ်မှ ကျောင်းများမှာ အသုံးပြုနေပါတယ်။ ယူနီဖောင်းရဲ့ ပုခုံးမှာ Chip ၂ ခု ထည့်သွင်းထားပြီး ကျောင်းသားများ ကျောင်းတက်၊ ကျောင်းဆင်းချိန်များကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ကျောင်းဝတ်စုံများကို တီထွင်ထားတာက Guizhou Guanyu Technology Company ဖြစ်ပါတယ်။ ကုမ္ပဏီက ကျောင်းဝတ်စုံများကို ရေဖြင့် လျှော်ဖွပ်နိုင်တယ်လို့ ပြောပါတယ်။ အကြိမ်ပေါင်း ၅၀၀ အထိ လျှော်ဖွပ်နိုင်ပါတယ်။ ယူနီဖောင်းများဟာ ၁၅၀ ဒီဂရီ ဆဲလ်ဆီးယပ်အထိ အပူချိန်ကို ခံနိုင်ပါတယ်။

Chip များက ကျောင်းသားများရဲ့ တည်နေရာကိုသာ ခြေရာခံနိုင်တာ မဟုတ်ဘဲ ကျောင်းခန်းထဲမှာ အိပ်နေတာကိုလည်း သိပါတယ်။ Guizhou ပြည်နယ်မှာ စမတ်ကျောင်းဝတ်စုံကို ၂၀၁၆ ခုနှစ်ကစပြီး သုံးနေတဲ့ ကျောင်းပေါင်း ၁၀ ခု ရှိပါတယ်။ ကျောင်းများမှာ စမတ် ကျောင်းဝတ်စုံများ သာမက မျက်နှာအာရုံခံ နည်းပညာများ၊ လက်ဗွေရာ အာရုံခံ နည်းပညာများဖြင့်လည်း ကျောင်းသားများ ကျောင်းတက်ချိန်များကို စစ်ဆေးနေပါတယ်။

မိဘများကလည်း Mobile App ကနေ သား၊ သမီးများရဲ့ အခြေအနေများကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။ ကျောင်းပြေးတဲ့ အခါမှာ မိဘနဲ့ ဆရာများထံ အသိပေးမယ့်စနစ်လည်း ထည့်သွင်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.