အမေးအမြန်းမရှိဘဲ Facebook ကို ဒေတာတွေပို့နေတဲ့ အသုံးများသော app များ

0
1121
KRAKOW, POLAND - 2018/09/07: Facebook and Instagram logos are seen trough a magnifying glass on an android mobile phone. (Photo by Omar Marques/SOPA Images/LightRocket via Getty Images)

Zawgyi Version

MyFitnessPal, TripAdvisor နဲ့ အခြား app တွေက EU privacy law ကို ချိုးဖောက်နေပါတယ်။

ဒိတ်နဲ့ ကျန်းမာရေး app တွေပဲ privacy ကို ချိုးဖောက်ကာ Facebook ကို ဒေတာတွေပို့နေပါတယ်။ Privacy International ရဲ့ လေ့လာချက်တစ်ခုအရ လူသုံးများနေတဲ့ Android app ၃၄မှာ အနည်းဆုံး အခု၂၀လောက်က Facebook ကို အမေးအမြန်းမရှိဘဲ ဒေတာတွေပို့နေပါတယ်တဲ့။ အဲဒီအထဲမှာ Kayak, MyFitnessPal, Skyscanner နဲ့ TripAdvisor တို့လည်း ပါဝင်နေပါတယ်။ launch လုပ်လိုက်တဲ့အချိန်ကတည်းက စတင်ပြီးတော့ သင့်ရဲ့ unique Android ID ကို ပို့ပြီးတော့ နောက်ပိုင်းမှာ ဒေတာတွေကို ပို့ဆောင်ပါတယ်။

ဒေတာတွေက ချက်ချင်းကြီး သင်ဖြစ်တယ်ဆိုတဲ့အကြောင်း မသိစေနိုင်ပေမယ့်လည်း သီအိုရီတွေအရတော့ ဘယ်လို app တွေသွင်းထားလဲ၊ ဘယ်လိုလူတွေနဲ့ ခရီးသွားနေလဲဆိုတာကိုတော့ စုံစမ်းထောက်လှမ်းလို့ရနိုင်ပါတယ်။

အဓိကအချက်ကတော့ အဲဒီ app တွေဟာ ဒေတာတွေကို မျှဝေသုံးစွဲနေတဲ့အပြင် EU ရဲ့ GDPR privacy rule ကို ချိုးဖောက်နေပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ အသိမပေးဘဲ ဒေတာတွေကို စုဆောင်းထားတဲ့အပြင် သုံးစွဲသူတွေကို ဘယ်သူမှန်းသိစေနိုင်တဲ့အထိ လုပ်ဆောင်နေတာဖြစ်လို့ပါပဲ။ Facebook ဒါမှမဟုတ် developer တွေကို အပြစ်တင်လို့လည်း မရပြန်ပါဘူး။ Facebook ရဲ့ သက်ဆိုင်ရာ developer kit ကလည်း permission တောင်းဖို့အတွက် ရွေးချယ်စရာရှိနေပါတယ်။ Facebook ကတော့ fix လုပ်ပေးလိုက်ပေမယ့်လည်း အလုပ်ဖြစ်သလားဆိုတာ မရှင်းလင်းသေးပါဘူး။ app အတော်များများကတော့ developer kit ဗားရှင်းအဟောင်းကို သုံးစွဲနေတာဖြစ်လို့ သတင်းရထားပါတယ်။ ဒီတော့ permission မလိုဘဲ ဒေတာတွေ စီးဆင်းနေဦးမှာပါ။

Facebook ကတော့ ဘယ်လိုဒေတာတွေ ပေးနေလဲဆိုတဲ့အကြောင်းကို ရှင်းလင်းအောင်လုပ်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ Clear History လိုမျိုးလုပ်ဆောင်ချက်ကလည်း အထောက်အကူဖြစ်ပါလိမ့်မယ်။ ကဲ သင်သုံးနေတဲ့ ဘယ်လိုapp တွေကရော ဘယ်လောက်အထိ ဒေတာတွေပို့နေမလဲဆိုတာ စဉ်းစားစရာပါပဲ။

Unicode Version

Leave a Reply