Xiaomi Mi 9 နဲ႔ Mi Mix 4 မွာ အေနာက္ ကင္မရာ သံုးလံုး ပါမည္

0
656

ေရွာင္မီက ဒီႏွစ္ထဲမွာ စြမ္းရည္ျမင့္ Mi 8 Series မ်ားကို ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ လာမယ့္ႏွစ္မွာေတာ့ Mi 9 Series မ်ားကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ေဟာင္ေကာင္ အေျခစိုက္ GF Securities က ေဖာ္ျပလိုက္ပါတယ္။ Mi 9 ဟာ အေနာက္ကင္မရာ သံုးလံုး ပါတဲ့ ေရွာင္မီရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Mi Mix  4 မွာလည္း အေနာက္ကင္မရာ သံုးလံုး ပါလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Periscope Design ကို အသံုးျပဳထားမွာ ျဖစ္ပါတယ္။ GF Securities က အဲဒီ ဖုန္းမ်ားရဲ႕ မ်က္ႏွာျပင္ သတင္းအခ်က္အလက္မ်ားကို မသိရေသးဘူးလို႔ ေျပာပါတယ္။

Periscope Lens Design ဟာ Optical Zoom ကို ဖန္တီးရာမွာ ပိုမို ေကာင္းမြန္တဲ့ အတြက္ စမတ္ဖုန္း ကုမၸဏီမ်ားက ဒီနည္းပညာကို အသံုးျပဳလာၾကပါတယ္။ OPPO ကလည္း 10x Hybrid Optical Zoom ပါတဲ့ စမတ္ဖုန္းကို မၾကာခင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။

GF Securities က Mi 9 နဲ႔ Mi Mix 4 တို႔မွာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855 Chipset ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။ Mi Mix 4 မွာ Foldable Screen ထည့္သြင္းထားမယ္လို႔လညး္ သတင္းထြက္ေနပါတယ္။  ေရွာင္မီရဲ႕ ပထမဆံုး 5G Smartphone က Mi Mix 3 5G ျဖစ္လာမွာပါ။ Mi Mix 4 မွာေတာ့ 5G ကို ေထာက္ပံ့ၿပီးသား Snapdragon 855 SoC ပါလာမွာပါ။

Xiaomi Mi 9 နဲ့ Mi Mix 4 မှာ အနောက် ကင်မရာ သုံးလုံး ပါမည်

ရှောင်မီက ဒီနှစ်ထဲမှာ စွမ်းရည်မြင့် Mi 8 Series များကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ Mi 9 Series များကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ သတင်းအချက်အလက်များကို ဟောင်ကောင် အခြေစိုက် GF Securities က ဖော်ပြလိုက်ပါတယ်။ Mi 9 ဟာ အနောက်ကင်မရာ သုံးလုံး ပါတဲ့ ရှောင်မီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Mi Mix 4 မှာလည်း အနောက်ကင်မရာ သုံးလုံး ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Periscope Design ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ GF Securities က အဲဒီ ဖုန်းများရဲ့ မျက်နှာပြင် သတင်းအချက်အလက်များကို မသိရသေးဘူးလို့ ပြောပါတယ်။

Periscope Lens Design ဟာ Optical Zoom ကို ဖန်တီးရာမှာ ပိုမို ကောင်းမွန်တဲ့ အတွက် စမတ်ဖုန်း ကုမ္ပဏီများက ဒီနည်းပညာကို အသုံးပြုလာကြပါတယ်။ OPPO ကလည်း 10x Hybrid Optical Zoom ပါတဲ့ စမတ်ဖုန်းကို မကြာခင် ကြေညာမယ်လို့ ပြောထားပါတယ်။

GF Securities က Mi 9 နဲ့ Mi Mix 4 တို့မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ Mi Mix 4 မှာ Foldable Screen ထည့်သွင်းထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ရှောင်မီရဲ့ ပထမဆုံး 5G Smartphone က Mi Mix 3 5G ဖြစ်လာမှာပါ။ Mi Mix 4 မှာတော့ 5G ကို ထောက်ပံ့ပြီးသား Snapdragon 855 SoC ပါလာမှာပါ။

Leave a Reply