Posted on Leave a comment





unicode

Night Mode နဲ့ 960fps Slow Mo များပါတဲ့ MIUI 10.1.2.0 ကို ရသွားတဲ့ Xiaomi Mi 8

Xiaomi Mi 8 နဲ့ Mi 8 Explorer Edition များ ကိုင်ထားသူများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများအတွက် MIUI 10.1.2.0 ကို ရှောင်မီက ဖြန့်ချီပေးလိုက်ပါတယ်။ Software Update မှာ Super Night Scene နဲ့ 960fps Super Slow Motion Video Recording များကို ထည့်သွင်းပေးလိုက်ပါတယ်။

သူတို့ဟာ ကင်မရာ လုပ်ဆောင်ချက်များ ဖြစ်ပြီး အဲဒီလုပ်ဆောင်ချက်များကို Mi Mix 3 မှာ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Xiaomi Mi 8 Pro မှာလည်း Super Night Scene နဲ့ 960fps Super Slow Motion Video များကို မကြာခင် ရရှိတော့မယ်လို့ ရှောင်မီက ပြောပါတယ်။

Super Night Scene က ကွဲပြားတဲ့ Exposures များဖြင့် ဓါတ်ပုံ ၈ ခုကို ရိုက်ကူးပေးပြီး အကြည်လင် အပြတ်သားဆုံး ဓါတ်ပုံ တစ်ခုကို ဖန်တီးပေးပါတယ်။ သူဟာ Google Pixel Device များမှ Night Sight နဲ့ တူပါတယ်။ ယခင်ကတော့ Xiaomi Mi 8 ဟာ 240fps Slow Motion Video များကိုသာ ရိုက်ကူးနိုင်ပါတယ်။ အခုတော့ 960fps Super Slow Motion Video များကို ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။ Mi Mix 3 မှာ ဒီလုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.