Smartphone Trending

Kirin 710 နဲ႕ ေရစက္ပံု notch ပါ၀င္လာမယ့္ Huawei P Smart (2019)

Zawgyi Version

Huawei ကေတာ့ ၂၀၁၈ အကုန္ပိုင္းမွာ Huawei P Smart (2019) အေၾကာင္းေၾကညာျပီးေတာ့ လႈပ္လႈပ္ရြရြျဖစ္ေအာင္ လုပ္လိုက္ပါတယ္။ ဒီေန႕ေၾကညာခ်က္ကေတာ့ Huawei sub-brand Honor ရဲ႕ တရုတ္ႏုိင္ငံအတြက္ Honor View 20  ကို မိတ္ဆက္အျပီးမွာ ထြက္ေပၚလာတယ္လို႕ ဆိုရမွာပါ။

ေကာလာဟလေတြထြက္ေနတဲ့အတုိင္းပဲ P Smart (2019) ဟာ ေရစက္ပံု notch နဲ႕ ထြက္ေပၚလာတာပါ။ notch အေသးထည့္သြင္းထားတာမို႕ ၆.၂၁လက္မ display ၊ Full HD+ (2,340 x 1,080) resolution ေတြနဲ႕ အျမင္တင့္တယ္ေစပါတယ္။

ဒါ့အျပင္ P Smart (2019) ေလးမွာ 8- or 16MP selfie camera ၊ dual 13 နဲ႕ 2MP အေနာက္ကင္မရာ ၊ Huawei ရဲ႕ ကိုယ္ပုိင္ octa-core Kirin 710 processor ၊ 3GB RAM ၊ 64GB storage ၊ 3,400mAh ဘတ္ထရီ တို႕ကို တြဲဖက္အသံုးျပဳထားတာျဖစ္ပါတယ္။

P Smart (2019) ေလးမွာ Android 9 Pie ကို ျပဳျပင္ထားတဲ့ EMUI 9.0 ကို ထည့္သြင္းေပးထားပါတယ္။ Huawei ရဲ႕ EMUI 9 မွာ ျမန္ႏႈန္းတိုးတက္မႈေတြ၊ menu option နည္းပါးမႈ၊ gesture-based navigation စတဲ့အခ်က္ေတြကို ခံစားရမွာျဖစ္ပါတယ္။

P Smart (2019) ကေတာ့ အသံုးမ်ားေနတဲ့ USB Type-C အစား microUSB ကိုပဲ အသံုးျပဳထားပါတယ္။ ဒါေၾကာင့္ အားအျမန္သြင္းစနစ္တို႕ဘာတို႕ မေမွ်ာ္လင့္ပါနဲ႕။ ဒါေပမယ့္လည္း အရင္ေမာ္ဒယ္လ္ထက္ေတာ့ ၂၂ရာခိုင္ႏႈန္းပိုျမန္မယ္လို႕ ေမွ်ာ္လင့္ရတာပါပဲ။

အေရာင္ေတြအေနနဲ႕ Midnight Black, Sapphire Blue နဲ႕ Aurora Blue တိို႕ကို ထုတ္လုပ္ေပးထားပါတယ္။

တခ်ိဳ႕ဥေရာပေစ်းကြက္ေတြမွာ P Smart (2019) ကို ဇန္န၀ါရီလ ၂ရက္ေန႕မွ စတင္ျပီးေတာ့ ၀ယ္ယူရရွိႏုိင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ယူရို၂၅၀ (၂၈၆ေဒၚလာ) က်သင့္မွာပါ။ ယူေကမွာေတာ့ ၁၁ရက္ေလာက္မွ ရႏုိင္မွာျဖစ္ျပီး ၁၈၉ေဒၚလာေလာက္ ျဖစ္ပါလိမ့္မယ္။

Unicode Version

Huawei ကတော့ ၂၀၁၈ အကုန်ပိုင်းမှာ Huawei P Smart (2019) အကြောင်းကြေညာပြီးတော့ လှုပ်လှုပ်ရွရွဖြစ်အောင် လုပ်လိုက်ပါတယ်။ ဒီနေ့ကြေညာချက်ကတော့ Huawei sub-brand Honor ရဲ့ တရုတ်နိုင်ငံအတွက် Honor View 20 ကို မိတ်ဆက်အပြီးမှာ ထွက်ပေါ်လာတယ်လို့ ဆိုရမှာပါ။
ကောလာဟလတွေထွက်နေတဲ့အတိုင်းပဲ P Smart (2019) ဟာ ရေစက်ပုံ notch နဲ့ ထွက်ပေါ်လာတာပါ။ notch အသေးထည့်သွင်းထားတာမို့ ၆.၂၁လက်မ display ၊ Full HD+ (2,340 x 1,080) resolution တွေနဲ့ အမြင်တင့်တယ်စေပါတယ်။
ဒါ့အပြင် P Smart (2019) လေးမှာ 8- or 16MP selfie camera ၊ dual 13 နဲ့ 2MP အနောက်ကင်မရာ ၊ Huawei ရဲ့ ကိုယ်ပိုင် octa-core Kirin 710 processor ၊ 3GB RAM ၊ 64GB storage ၊ 3,400mAh ဘတ်ထရီ တို့ကို တွဲဖက်အသုံးပြုထားတာဖြစ်ပါတယ်။
P Smart (2019) လေးမှာ Android 9 Pie ကို ပြုပြင်ထားတဲ့ EMUI 9.0 ကို ထည့်သွင်းပေးထားပါတယ်။ Huawei ရဲ့ EMUI 9 မှာ မြန်နှုန်းတိုးတက်မှုတွေ၊ menu option နည်းပါးမှု၊ gesture-based navigation စတဲ့အချက်တွေကို ခံစားရမှာဖြစ်ပါတယ်။
P Smart (2019) ကတော့ အသုံးများနေတဲ့ USB Type-C အစား microUSB ကိုပဲ အသုံးပြုထားပါတယ်။ ဒါကြောင့် အားအမြန်သွင်းစနစ်တို့ဘာတို့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့်လည်း အရင်မော်ဒယ်လ်ထက်တော့ ၂၂ရာခိုင်နှုန်းပိုမြန်မယ်လို့ မျှော်လင့်ရတာပါပဲ။


အရောင်တွေအနေနဲ့ Midnight Black, Sapphire Blue နဲ့ Aurora Blue တို့ကို ထုတ်လုပ်ပေးထားပါတယ်။
တချို့ဥရောပဈေးကွက်တွေမှာ P Smart (2019) ကို ဇန်နဝါရီလ ၂ရက်နေ့မှ စတင်ပြီးတော့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို၂၅၀ (၂၈၆ဒေါ်လာ) ကျသင့်မှာပါ။ ယူကေမှာတော့ ၁၁ရက်လောက်မှ ရနိုင်မှာဖြစ်ပြီး ၁၈၉ဒေါ်လာလောက် ဖြစ်ပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.