Posted on Leave a comment

iPhone XS Max တစ္လံုး မီးေလာင္မႈ ျဖစ္ပြား

အေမရိကန္ ျပည္ေထာင္စု အိုဟိုင္းအိုး ျပည္နယ္ ၊ ကိုလံဘတ္စ္မွ လူတစ္ဦးက ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ သူ႔ေဘာင္းဘီ အိတ္ထဲမွ iPhone XS Max ဟာ မီးေလာင္သြားတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ ဖုန္းကို ၀ယ္ထားတာ တစ္လေတာင္ မရွိေသးပါဘူး။ သူ႔ရဲ႕ အမည္က Josh Hillard ျဖစ္ၿပီး အလုပ္မွာ ေန႔လည္စာ အတြက္ အနားေပးခ်ိန္မွာ သူ႔ေဘာင္းဘီရဲ႕အေနာက္ဘက္ အိတ္ကပ္ကေန ေညွာ္နံ႔ရခဲ့တယ္လို႔ iDrop News ကို ေျပာပါတယ္။ အဲဒီေနာက္မွာ မီးခိုးမ်ား ထြက္လာၿပီး သူ႔အေရျပားကို မီးေလာင္တာကို ခံစားခဲ့ရပါတယ္။

သူ႔ရဲ႕ iPhone XS Max မီးေလာင္တာကို သိလိုက္ၿပီးေနာက္ ေဘာင္းဘီကို ခြ်တ္ၿပီး မီးၿငိမ္းသတ္ခဲ့ရပါတယ္။ သူဟာ ဒီျဖစ္ရပ္အတြက္ Apple ကို ဆက္သြယ္ခဲ့ပါတယ္။ Apple Store ဆီကို သူ႔ဖုန္းအား ယူေဆာင္သြားေပမယ့္ ခ်က္ခ်င္း ေဆာင္ရြက္ မေပးဘဲ အခ်ိန္မ်ားစြာ ေစာင့္ဆိုင္းခဲ့ရတဲ့အတြက္ မေက်မနပ္ ျဖစ္ၿပီး အိမ္ျပန္သြားခဲ့တယ္လို႔ သိရပါတယ္။ သူဟာ အဲဒီေနာက္မွာ Apple Care ကို ဖုန္း ဆက္ခဲ့ၿပီး ေနာက္တစ္ေန႔မွာ သူ႔အား ဖုန္း အသစ္လဲလွယ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ စားသံုးသူရဲ႕ ျပႆနာကို ခ်က္ခ်င္း မေျဖရွင္းေပးခဲ့ျခင္းနဲ႔ မီးေလာင္သြားတဲ့ သူ႔ အ၀တ္အစားမ်ားအတြက္ Apple က အေရးတယူ မလုပ္ခဲ့တဲ့အတြက္ Apple အား တရားစြဲဖို႔ စဥ္းစားေနပါတယ္။ သူက iPhone XS Max ကို ၀ယ္ထားတာ သံုးပတ္ေလာက္ပဲ ရွိေသးတယ္လို႔ ေျပာပါတယ္။

ယခင္ႏွစ္ ႏို၀င္ဘာလမွာ iPhone X မီးေလာင္မႈ တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာလည္း Las Vegas မွ စတိုးတစ္ခုမွာ iPhone 6S မီးေလာင္သြားတာကို လံုျခံဳေရး ကင္မရာကေန ဗီဒီယို ရိုက္ကူးႏုိင္ခဲ့ပါတယ္။ ဖုန္းမ်ား မီးေလာင္တဲ့ ျဖစ္ရပ္မ်ား ျဖစ္ပြားခဲ့ေပမယ့္ မေျပာပေလာက္တဲ့ အေရအတြက္သာ ျဖစ္ၿပီး Samsung Galaxy Note 7 ေလာက္ ဆိုးရြားမႈ မရွိခဲ့ပါဘူး။

unicode

iPhone XS Max တစ်လုံး မီးလောင်မှု ဖြစ်ပွား

အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ် ၊ ကိုလံဘတ်စ်မှ လူတစ်ဦးက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ သူ့ဘောင်းဘီ အိတ်ထဲမှ iPhone XS Max ဟာ မီးလောင်သွားတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ဖုန်းကို ဝယ်ထားတာ တစ်လတောင် မရှိသေးပါဘူး။ သူ့ရဲ့ အမည်က Josh Hillard ဖြစ်ပြီး အလုပ်မှာ နေ့လည်စာ အတွက် အနားပေးချိန်မှာ သူ့ဘောင်းဘီရဲ့အနောက်ဘက် အိတ်ကပ်ကနေ ညှော်နံ့ရခဲ့တယ်လို့ iDrop News ကို ပြောပါတယ်။ အဲဒီနောက်မှာ မီးခိုးများ ထွက်လာပြီး သူ့အရေပြားကို မီးလောင်တာကို ခံစားခဲ့ရပါတယ်။

သူ့ရဲ့ iPhone XS Max မီးလောင်တာကို သိလိုက်ပြီးနောက် ဘောင်းဘီကို ချွတ်ပြီး မီးငြိမ်းသတ်ခဲ့ရပါတယ်။ သူဟာ ဒီဖြစ်ရပ်အတွက် Apple ကို ဆက်သွယ်ခဲ့ပါတယ်။ Apple Store ဆီကို သူ့ဖုန်းအား ယူဆောင်သွားပေမယ့် ချက်ချင်း ဆောင်ရွက် မပေးဘဲ အချိန်များစွာ စောင့်ဆိုင်းခဲ့ရတဲ့အတွက် မကျေမနပ် ဖြစ်ပြီး အိမ်ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ အဲဒီနောက်မှာ Apple Care ကို ဖုန်း ဆက်ခဲ့ပြီး နောက်တစ်နေ့မှာ သူ့အား ဖုန်း အသစ်လဲလှယ်ပေးခဲ့ပါတယ်။

ဒါပေမယ့် သူဟာ စားသုံးသူရဲ့ ပြဿနာကို ချက်ချင်း မဖြေရှင်းပေးခဲ့ခြင်းနဲ့ မီးလောင်သွားတဲ့ သူ့ အဝတ်အစားများအတွက် Apple က အရေးတယူ မလုပ်ခဲ့တဲ့အတွက် Apple အား တရားစွဲဖို့ စဉ်းစားနေပါတယ်။ သူက iPhone XS Max ကို ဝယ်ထားတာ သုံးပတ်လောက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

ယခင်နှစ် နိုဝင်ဘာလမှာ iPhone X မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ယခုနှစ် အစောပိုင်းမှာလည်း Las Vegas မှ စတိုးတစ်ခုမှာ iPhone 6S မီးလောင်သွားတာကို လုံခြုံရေး ကင်မရာကနေ ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဖုန်းများ မီးလောင်တဲ့ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပေမယ့် မပြောပလောက်တဲ့ အရေအတွက်သာ ဖြစ်ပြီး Samsung Galaxy Note 7 လောက် ဆိုးရွားမှု မရှိခဲ့ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.