Social Trending

ေသြးျပန္ေၾကာေတြရဲ႕အေနအထားကိုၾကည့္ျပီး အတည္ျပဳတဲ့ျဖစ္စဥ္ကို ဟက္ကာေတြေက်ာ္ျဖတ္ႏုိင္

Zawgyi Version

လံုျခံဳေရးသုေတသီေတြဟာ လက္တစ္ခုရဲ႕ပံုရိပ္ေပါင္း ၂၅၀၀ ကို အသံုုးျပဳျပီး ထပ္တူက်တဲ့ဖေယာင္းေမာ္ဒယ္လ္တစ္ခုကို ဖန္တီးႏုိင္ခဲ့ပါတယ္။

Biometric security က လက္ေဗြစနစ္တစ္ခုတည္းကို ဖန္တီးေပးခဲ့တာ၊ face recognition ကို ဖန္တီးေပးခဲ့ရံုတင္မကေတာ့ပါဘူး။ ေသြးျပန္ေၾကာကိုအေျချပဳထားတဲ့စနစ္တစ္ခုကိုလည္း ဖန္တီးႏုိင္ခဲ့ပါတယ္။ ကံမေကာင္းတာတစ္ခုကေတာ့ ဟက္ကာေတြက ဘယ္လိုမ်ိဳးေက်ာ္လႊားရမလဲဆိုတဲ့နည္းလမ္းကို ရွာေတြ႕သြားတာပါ။ ဂ်ာမနီႏုိင္ငံမွာက်င္းပတဲ့ Chaos Communication Congress hacking conference မွာ လံုျခံဳေရးသုေတသီေတြက လက္ရဲ႕ ဖေယာင္းေမာ္ဒယ္လ္ကို အတုလုပ္ျပီးေတာ့ vein authentication system ကို ေက်ာ္လႊားႏုိင္ခဲ့ေၾကာင္း ျပသခဲ့ၾကပါတယ္။

Vein authentication စနစ္ဆိုတာကေတာ့ ကြန္ပ်ဴတာစနစ္ကိုအသံုးျပဳျပီးေတာ့ လူတစ္ေယာက္ရဲ႕ ေသြးျပန္ေၾကာေတြရဲ႕ တည္ေနရာ၊ ပံုစံ၊ အရြယ္အစားေတြကို scan ဖတ္တဲ့လုပ္ငန္းစဥ္ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕လက္ကို scan ဖတ္ျပီးေတာ့ pattern ေတြကို မွတ္သားေပးတာျဖစ္ပါတယ္။ ဒါကိုေက်ာ္လႊားဖို႕အတြက္ သုေတသီေတြဟာ ပံုရိပ္ေပါင္း ၂၅၀၀ ကိုအသံုးျပဳျပီးေတာ့ လုပ္ေဆာင္ခဲ့တာပါ။ ပံုရိပ္ေတြကို ဖမ္းယူဖို႕အတြက္ ျပဳျပင္ထားတဲ့ SLR ကင္မရာ (အေရျပားေအာက္က ေသြးေၾကာေတြကို ရွင္းရွင္းလင္းလင္းျမင္ရေအာင္ အနီေအာက္ေရာင္ျခည္နဲ႕ ထိုးၾကည့္ေပးႏုိင္တဲ့ကင္မရာ)ကို အသံုးျပဳခဲ့ၾကပါတယ္။ အဲဒီေနာက္မွာေတာ့ တစ္ေထရာတည္းတူတဲ့ ဖေယာင္းလက္ကိုဖန္တီးပါတယ္။ အဲဒီဖေယာင္းလက္ဟာ vein authentication system ကို ေက်ာ္လႊားႏုိင္ခဲ့ပါတယ္။

ရွင္းေအာင္လည္း ေျပာျပခ်င္ပါေသးတယ္။ ဒီနည္းလမ္းကေတာ့ သာမန္လူတစ္ေယာက္ ကူးယူအသံုးျပဳႏုိင္တဲ့ နည္းလမ္းမဟုတ္ပါဘူး။ သုေတသီေတြရဲ႕ေျပာဆိုခ်က္အရ ပံုေတြဟာ ၁၆ေပအကြာမွ ရိုက္ကူးဖို႕လိုအပ္ပါတယ္။ ဒီေတာ့ ဘာလို႕လက္ကိုရုိက္ေနရတာလဲဆိုတဲ့ေမးခြန္းေတြေမးလာေအာင္အထိ အခ်ိန္ေပးျပီး ရိုက္ကူးရမွာပါ။ fingerprint ID ကေတာ့ လူတစ္ေယာက္ကိုင္ထားတဲ့ပစၥည္းကေန အလြယ္တကူရရွိတယ္ဆိုေတာ့ အတုလုပ္ရတာလြယ္ကူပါတယ္။ ျပီးေတာ့ အလြယ္တကူရႏုိ္င္တဲ့ပစၥည္းေတြကေန အတုလုပ္လို႕ရပါတယ္။ အခုေျပာသြားတဲ့ vein စနစ္ကေတာ့ အတုလုပ္ဖို႕ အေတာ္ေလးခက္ခဲမွာပါ။

Unicode Version

လုံခြုံရေးသုတေသီတွေဟာ လက်တစ်ခုရဲ့ပုံရိပ်ပေါင်း ၂၅၀၀ ကို အသုံးပြုပြီး ထပ်တူကျတဲ့ဖယောင်းမော်ဒယ်လ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
Biometric security က လက်ဗွေစနစ်တစ်ခုတည်းကို ဖန်တီးပေးခဲ့တာ၊ face recognition ကို ဖန်တီးပေးခဲ့ရုံတင်မကတော့ပါဘူး။ သွေးပြန်ကြောကိုအခြေပြုထားတဲ့စနစ်တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကံမကောင်းတာတစ်ခုကတော့ ဟက်ကာတွေက ဘယ်လိုမျိုးကျော်လွှားရမလဲဆိုတဲ့နည်းလမ်းကို ရှာတွေ့သွားတာပါ။ ဂျာမနီနိုင်ငံမှာကျင်းပတဲ့ Chaos Communication Congress hacking conference မှာ လုံခြုံရေးသုတေသီတွေက လက်ရဲ့ ဖယောင်းမော်ဒယ်လ်ကို အတုလုပ်ပြီးတော့ vein authentication system ကို ကျော်လွှားနိုင်ခဲ့ကြောင်း ပြသခဲ့ကြပါတယ်။
Vein authentication စနစ်ဆိုတာကတော့ ကွန်ပျူတာစနစ်ကိုအသုံးပြုပြီးတော့ လူတစ်ယောက်ရဲ့ သွေးပြန်ကြောတွေရဲ့ တည်နေရာ၊ ပုံစံ၊ အရွယ်အစားတွေကို scan ဖတ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့လက်ကို scan ဖတ်ပြီးတော့ pattern တွေကို မှတ်သားပေးတာဖြစ်ပါတယ်။ ဒါကိုကျော်လွှားဖို့အတွက် သုတေသီတွေဟာ ပုံရိပ်ပေါင်း ၂၅၀၀ ကိုအသုံးပြုပြီးတော့ လုပ်ဆောင်ခဲ့တာပါ။ ပုံရိပ်တွေကို ဖမ်းယူဖို့အတွက် ပြုပြင်ထားတဲ့ SLR ကင်မရာ (အရေပြားအောက်က သွေးကြောတွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် အနီအောက်ရောင်ခြည်နဲ့ ထိုးကြည့်ပေးနိုင်တဲ့ကင်မရာ)ကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ တစ်ထေရာတည်းတူတဲ့ ဖယောင်းလက်ကိုဖန်တီးပါတယ်။ အဲဒီဖယောင်းလက်ဟာ vein authentication system ကို ကျော်လွှားနိုင်ခဲ့ပါတယ်။
ရှင်းအောင်လည်း ပြောပြချင်ပါသေးတယ်။ ဒီနည်းလမ်းကတော့ သာမန်လူတစ်ယောက် ကူးယူအသုံးပြုနိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ သုတေသီတွေရဲ့ပြောဆိုချက်အရ ပုံတွေဟာ ၁၆ပေအကွာမှ ရိုက်ကူးဖို့လိုအပ်ပါတယ်။ ဒီတော့ ဘာလို့လက်ကိုရိုက်နေရတာလဲဆိုတဲ့မေးခွန်းတွေမေးလာအောင်အထိ အချိန်ပေးပြီး ရိုက်ကူးရမှာပါ။ fingerprint ID ကတော့ လူတစ်ယောက်ကိုင်ထားတဲ့ပစ္စည်းကနေ အလွယ်တကူရရှိတယ်ဆိုတော့ အတုလုပ်ရတာလွယ်ကူပါတယ်။ ပြီးတော့ အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေကနေ အတုလုပ်လို့ရပါတယ်။ အခုပြောသွားတဲ့ vein စနစ်ကတော့ အတုလုပ်ဖို့ အတော်လေးခက်ခဲမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.